Month: July 2024

အာဆင်နယ် ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်တဲ့ ဘုန်းမောက်နဲ့ ခြေစမ်းပွဲမှာ စမစ်ရိုး ပါဝင်ခွင့်မရ

ဒီမနက်ကစားခဲ့တဲ့ အာဆင်နယ်(၁-၁)ဘုန်းမောက် (ပယ်နယ်တီ ၅-၄ အာဆင်နယ်နိုင်) ရာသီကြိုခြေစမ်းပွဲမှာ အင်္ဂလန်ကွင်းလယ်လူ စမစ်ရိုးဟာ သူ့ရဲ့အာဆင်နယ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်ခုံပေါ်မှာပဲ ရှိနေခဲ့ရပါတယ်။ ဖူလ်ဟမ်အသင်းဟာ စမစ်ရိုးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုရရှိထားတာပါ။...

ချယ်လ်ဆီး-ရက်စ်ဟမ်း ခြေစမ်းပွဲမှာ ကိုဝဲလ်နဲ့ မက်ကလင်းတို့ ထိပ်တိုက်တွေ့ဆုံ ရန်ပွဲဖြစ်ပွားခဲ့

ဒီမနက်က ချယ်လ်ဆီး(၂-၂)ရက်စ်ဟမ်း ရာသီကြိုခြေစမ်းပွဲမှာ ချယ်လ်ဆီးနောက်ခံလူ ကိုဝဲလ်နဲ့ ရက်စ်ဟမ်းတိုက်စစ်မှူးမက်ကလင်းတို့ထိပ်တိုက်တွေ့ဆုံပြီး ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။ ပွဲကစားချိန်(၂)မိနစ်သာ ရှိသေးချိန်မှာ ကိုဝဲလ်ဟာ သူ့ကိုဝင်ရောက်ပုံကြမ်းတမ်းခဲ့တဲ့ မက်ကလင်းကို ဒေါသထွက်ပြီး တွန်းထိုးကာ တစ်ဦးနဲ့တစ်ဦး အင်္ကျီကိုဆုပ်ကိုင်ထားကြပြီး အခြေအနေတင်းမာခဲ့ကြတာပါ။ အဲ့ဒါကြောင့် (၂)သင်းစလုံးမှာရှိတဲ့ ကစားသမားတွေဟာ...

အာဂျင်တီးနား-မော်ရိုကိုပွဲက ဖြစ်ရပ်အတွက် မယုံနိုင်အောင်ဖြစ်ရတယ်လို့ မက်ဆီ မှတ်ချက်ပြု

မနေ့က ကစားခဲ့တဲ့ အိုလံပစ်(အမျိုးသားဘောလုံးပြိုင်ပွဲ)အုပ်စုအဖွင့်ပွဲစဉ် အာဂျင်တီးနား(၁-၂)မော်ရိုကိုပွဲက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ မှတ်ချက်ရေးသားခဲ့ပါတယ်။ ဒီပွဲရဲ့မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပို(၁၆)မိနစ်မှာ အာဂျင်တီးနားအသင်းဟာ (၂)ဂိုးစီသရေဖြစ်စေမယ့် ချေပဂိုးသွင်းယူခဲ့ပေမယ့် မော်ရိုကိုပရိသတ်အချို့ကွင်းထဲဝင်ရောက်လာခဲ့တာကြောင့် (၂)သင်းစလုံးက ကစားသမားတွေကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။ ဒီပွဲကို (၂)နာရီနီးပါးကြာ...

နာမည်ကြီး အာဂျင်တီးနား ရှုံးပွဲနဲ့ စတင် တာထွက်ခဲ့ရတဲ့ ပါရီအိုလံပစ် (အမျိုးသားဘောလုံး) အုပ်စုအဖွင့်

မနေ့ညက ပါရီအိုလံပစ်ပြိုင်ပွဲရဲ့(အမျိုးသားဘောလုံး) အုပ်စုအဖွင့်ပွဲစဉ်တွေ စတင်ကျင်းပခဲ့ရာမှာ နာမည်ကြီးအာဂျင်တီးနားအသင်းက မော်ရိုကိုအသင်းကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အရှုံးနဲ့ တာထွက်ခဲ့ရပါတယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းက ကမ္ဘာ့ဖလား၊ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ချန်ပီယံအဖြစ်အောင်ပွဲခံထားချိန်မှာ အာဂျင်တီးနားအိုလံပစ်အသင်းကတော့ ရှုံးပွဲနဲ့ စတင်ခဲ့တာကြောင့် ၂၀၀၈ ဘေဂျင်းအိုလံပစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်...

အယ်လ်ဗာရက်စ် လိုအပ်နေတဲ့ အိုလံပစ်ချန်ပီယံ အောင်မြင်မှု

အာဂျင်တီးနားအိုလံပစ်အသင်းမှာ ပါဝင်ကစားနေတဲ့ မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ဟာ အသက်(၂၄)နှစ်သာရှိသေးပေမယ့် သူ့ကစားသမားဘဝမှာ ဆုဖလား(၁၄)လုံးအထိ ရယူထားသူဖြစ်ပါတယ်။ ဒီဖလားတွေထဲမှာ ကမ္ဘာ့ဖလား၊ ကိုပါအမေရိကဖလား၊ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလား၊ FA ဖလား၊ ဥရောပစူပါဖလား၊ ဖီဖာကလပ် ကမ္ဘာ့ဖလားအစရှိတဲ့ အဓိကဆုဖလားတွေ ပါဝင်ပါတယ်။...

မပြီးဆုံးနိုင်သေးတဲ့ အာဂျင်တီးနား vs ပြင်သစ်တိုက်ပွဲနဲ့ လှောင်ပြောင်ခံခဲ့ရတဲ့ အာဂျင်တီးနားအိုလံပစ်အသင်း

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးမှာ ဖြစ်ပွားခဲ့တဲ့ အာဂျင်တီးနား-ပြင်သစ် အပြန်အလှန် ထိပါးစော်ကားမှု ပြဿနာက အခုအချိန်အထိ မပြီးဆုံးနိုင်သေးဘဲ မီးညွှန့်မီးတောက်တွေ ပိုမိုကြီးမားတောက်လောင်လာခဲ့ပါတယ်။ ဒီနေ့ စတင်ကစားခဲ့တဲ့ ပါရီအိုလံပစ်ဘောလုံးပြိုင်ပွဲက ပြင်သစ်တို့ရဲ့လှောင်ပြောင်စော်ကားမှုနဲ့အတူ မီးတောက်တစ်ခုထပ်ပြီး တောက်လောင်လာခဲ့ပါတယ်။ ပါရီအိုလံပစ်(အမျိုးသား)ဘောလုံးပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်အဖြစ် အာဂျင်တီးနား...

တစ်ရာသီအတွင်း ဝင်ငွေ တစ်ဘီလီယံကျော်ရှိတဲ့ ပထမဆုံးကလပ်အသင်း ရီးရဲလ်မက်ဒရစ်

စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပကလပ်အသင်းတွေထဲမှာ တစ်ရာသီအတွင်း ဝင်ငွေ ယူရို(၁)ဘီလီယံကျော်လွန်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီဘဏ္ဍာရေးနှစ်ချုပ်ကို ထုတ်ပြန်ခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဝင်ငွေဟာ ယူရို(၁)ဘီလီယံ(ယူရို သန်း ၁၀၀၀)အထက်ကို ကျော်လွန်ခဲ့ပြီး ယူရို(၁.၀၇၃)ဘီလီယံရှိခဲ့ကြောင်း သိရပါတယ်။...

အရေအတွက် (၂၅၀)အထိ လျှော့ချမှာကြောင့် ပူပန်နေရတဲ့ အိုးထရက်ဖို့ဒ်ဝန်ထမ်းတွေရဲ့ သောက

မန်ယူနိုက်တက်အသင်းရဲ့အဓိကရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INOES Management အဖွဲ့ဟာ အသင်းက ဝန်ထမ်းအရေအတွက်ကို လျှော့ချဖို့ ပြင်ဆင်နေလို့ အိုးလ်ထရက်ဖို့ဒ်က ဝန်ထမ်းအတော်များများအနေနဲ့ စိုးရိမ်ပူပန်သောကရောက်နေရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အခြားကလပ်အသင်းတွေနဲ့ နှိုင်းယှဉ်ရင် ဝန်ထမ်းအရေအတွက် ဖောင်းပွနေပြီး စုစုပေါင်း ဝန်ထမ်းအရေအတွက် (၁၁၀၀)လောက်ရှိနေတာပါ။...

ဘောလုံးနဲ့ထိတိုင်း လှောင်ပြောင်ခံရတဲ့ ဂရီးလစ်ရှ်နဲ့ အရှုံးနဲ့ တာထွက်ခဲ့ရတဲ့ မန်စီးတီးရဲ့ နွေရာသီ

ဒီမနက်က အမေရိကန်နိုင်ငံ၊ မြောက်ကာရိုလိုင်းနားမှာ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းက စကော့တလန်လိဂ်ချန်ပီယံဆဲလ်တစ်အသင်းကို (၃-၄)ကိုနဲ့ ရှုံးနိမ့်ပြီး ဒီနွေရာသီကို အရှုံးနဲ့ စတင်တာထွက်ခဲ့ရပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ဘောလုံးထိတဲ့အချိန်တိုင်း ပြိုင်ဘက်ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄...

၂၀၂၄ နွေရာသီအပြောင်းအရွေ့ ငွေကြေးသုံးစွဲမှုမှာ အများဆုံးအဖြစ် ဦးဆောင်နေတဲ့ အက်စတွန်ဗီလာ

ဥရောပကလပ်အသင်းတွေထဲမှာ လက်ရှိ(ဇူလိုင် ၂၃ ရက်နေ့အထိ) ငွေကြေးအများဆုံးသုံးစွဲတဲ့အသင်းအဖြစ် ဗီလာအသင်းက ဦးဆောင်နေပါတယ်။ ဗီလာအသင်းဟာ ဒီနွေရာသီမှာ မတ်ဆန် (ယူရို ၄၄.၃ သန်း)၊ အမာဒူအိုနာနာ(ယူရို ၅၉ သန်း)၊ ဆမ်မြူရယ်အီလင်းဂျူနီယာ(ယူရို ၁၄ သန်း)အစရှိတဲ့ကစားသမားတွေအပါအဝင် ကစားသမား(၁၁)ယောက်ခေါ်ယူထားခြင်းအတွက်...