Month: July 2024

ရီးရဲလ်မက်ဒရစ်မှာ လစာငွေအများဆုံးရပေမယ့် လာလီဂါမှာ တတိယနေရာသာ ရပ်တည်နိုင်တဲ့ ဘာပေ

ပြင်သစ်ကလပ် PSG အသင်းကနေ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာတဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ လစာငွေအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ တစ်နှစ်လစာ ပေါင် (၂၆.၃) သန်းရရှိမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ အသင်းမှာ ရှိပြီးဖြစ်တဲ့ တိုက်စစ်မှူးဗင်နီစီယပ်စ်၊...

ဂရင်းဝုဒ်ကို မာဆေးလ်ထံ ရောင်းချရာမှာ ပြန်လည်ဝယ်ယူခွင့် အချက်ကို မန်ယူနိုက်တက် ထည့်သွင်း

မန်ယူနိုက်တက်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချခဲ့ရာမှာ ပြန်လည်ဝယ်ယူခွင့်(buy-back clause)အချက်ကို ထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့အပတ်က ပေါင်သန်း(၃၀)နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ မုဒိမ်းမှုအပါအဝင် စွဲချက်အမျိုးမျိုးကြောင့်...

အယ်လ်အစ်တီဟတ်နဲ့ သတင်းထွက်နေတဲ့ ဒီဘရိုင်းနား မန်စီးတီးမှာ ဆက်ရှိမယ်လို့ ဂွါဒီယိုလာ ဆို

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဒီရာသီကလပ်အသင်းမှာ ဆက်ရှိမယ်လို့ ဆိုခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ဖော်ပြထားတာပါ။ ဒီဘရိုင်းနားဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆော်ဒီပရိုလိဂ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်နေပြီး အယ်လ်အစ်တီဟတ်အသင်းဟာ သူ့ကို...

ဒီဘာလား၊ ချီယေးဆား၊ ကိုင်ဟားဗက်ဇ်တို့ ချစ်သူနဲ့ ရွှေလက်တွဲခွင့်ရခဲ့ကြတဲ့ မမေ့နိုင်တဲ့ နွေရာသီ

ပြီးခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းက ချန်ပီယံအဖြစ်ဗိုလ်စွဲခဲ့တယ်။ ရိုးမားအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး ဒီဘာလားက နည်းပြစကာလိုနီ အသင်းကနေ ချန်လှပ်သွားလို့ ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်ခွင့်မရဘဲ ချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ဆုံးရှုံးခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းက လက်ရှိချန်ပီယံအဖြစ် ယှဉ်ပြိုင်ခဲ့တယ်။ Round...

ဂရင်းဝုဒ်အတွက် ရရှိတဲ့ပြောင်းရွှေ့ကြေးငွေကို လှူဒါန်းပစ်ဖို့ ဖိအားပေးခံနေရတဲ့ မန်ယူနိုက်တက်

အင်္ဂလန်တိုက်စစ်မှူးမေဆန်ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံရောင်းချပြီးနောက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးငွေတွေကို အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီ ပေးပို့လှူဒါန်းဖို့ မန်ယူနိုက်တက်အသင်းဟာ ဖိအားပေးခံနေရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းထံအငှားချခဲ့ပြီးနောက် ဒီနွေရာသီမှာ မာဆေးလ်အသင်းထံ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ အပြီးအပြတ်ရောင်းချခဲ့တာပါ။ ဂရင်းဝုဒ်(၂၂ နှစ်)ဟာ...

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာရှိတဲ့ မဒမ်တူးဆော့(Madame Tussauds)ဖယောင်းရုပ်တုပြတိုက်မှာ ပုံတူဖယောင်းရုပ်ဟန်ဆောင်ပြီး ပြတိုက်လာရောက်သူတွေကို အံအားသင့်ဝမ်းမြောက်အောင် စပရိုက်တိုက်ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးဗင်နီစီယပ်စ်

အာဂျင်တီးနား Vs ပြင်သစ် ပဋိပကမီးကို ပိုတောက်လောင်အောင်လုပ်နေတဲ့ ဖာနန်ဒက်စ်

ဿနာမီး အရှိန်မသေသေးဘဲ တောက်လောင်လျက်ရှိနေစဉ်မှာပဲ ဒီမီးကို စ,မွှေးခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူအန်ဇိုဖာနန်ဒက်စ်က မီးရှိန်ကောင်းအောင် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိကစားထားရတာကြောင့် ဖာနန်ဒက်ဇ်ဟာ လောလောဆယ် ချယ်လ်ဆီးအသင်းကို မပြန်ရသေးဘဲ အာဂျင်တီးနားနိုင်ငံမှာပဲ အားလပ်ရက်ကို ဖြတ်သန်းလျက်ရှိနေပါတယ်။ သူက သူ့အသင်းဟောင်းဖြစ်တဲ့ ရေးဗားပလိတ်အသင်းရဲ့အင်္ကျီကိုဝတ်ကာ...

ဒီလစ်အတွက် မန်ယူနိုက်တက်ရဲ့ကနဦးကမ်းလှမ်းမှုကို ဘိုင်ယန်မြူးနစ် ပယ်ချ

ဘိုင်ယန်မြူးနစ်အသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်အတွက် မန်ယူနိုက်တက်အသင်းရဲ့အဖွင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ လိုင်လီအသင်းနောက်ခံလူ ယိုရိုကို ခေါ်ယူထားပေမယ့် ဒီလစ်ကိုခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဗဟိုနောက်ခံလူတစ်ဦးဖြစ်တဲ့ ဗာရန်းကို အလွတ်နဲ့...

မန်ယူနိုက်တက်ကို ပြန်ရောက်လာတဲ့ ဆန်ချို PSG ကို ပြောင်းဖို့ နီးစပ်ကြောင်း သတင်းထွက်

မန်ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ PSG အသင်းထံ ပြောင်းရွှေ့ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ဒုတိယရာသီဝက်မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ အငှားနဲ့သွားရောက်ကစားခဲ့တဲ့ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး လေ့ကျင့်မှုတွေပြုလုပ်နေသူပါ။ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းအတွက် တစ်နှစ်နီးပါးအတွင်း ပထမဆုံးပွဲစဉ်အဖြစ်...

ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ ကစားပုံကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ကွန်ပနီ ရပ်တန့်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ ဂျာမန်ကွင်းလယ်လူ ဂေါ်ရက်စကာရဲ့ဆိုးရွားတဲ့ဘောလုံးပေးပို့မှုကြောင့် လေ့ကျင့်ခန်းအစီအစဉ်ကို ရပ်တန့်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ မြင့်မားတဲ့ စံနှုန်းတွေထားရှိနေတာကို ဒီရုပ်သံဖိုင်မှာ ပရိသတ်တွေ မြင်တွေ့ခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဂေါ်ရက်စကာဟာ ခံစစ်ကနေ ဘောလုံးကို...