Month: September 2024

ပေါင်(၄၅၀၀၀) အတွက် ထောင်ဒဏ်ကျခံရတော့မယ့် မန်ယူနိုက်တက်ကွင်းလယ်လူဟောင်း အန်ဒါဆန်

မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ကြိမ်တိုင်ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူဟောင်း အန်ဒါဆန်ဟာ ဘရာဇီးလ်နိုင်ငံမှာ ပေါင်(၄၅၀၀၀)အတွက် ထောင်ဒဏ်ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ တကယ်တော့ ဒီငွေပမာဏဆိုတာ မန်ယူနိုက်တက်အသင်းမှာ သူကစားခဲ့စဉ်က တစ်ပတ်ဝင်ငွေပမာဏပဲ ရှိပါတယ်။မန်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၄)ကြိမ်တိုင်ဆွတ်ခူးခဲ့ဖူးတဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူဟောင်း အန်ဒါဆန်ဟာ ဘရာဇီးလ်နိုင်ငံမှာ...

မိသားစုမိတ်ဆွေတစ်ဦး သေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့်ပွဲကို ဟာလန်း လွဲချော်ဖွယ်ရှိ

နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ရင်းနှီးတဲ့မိသားစုမိတ်ဆွေတစ်ဦးသေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဟာလန်းသာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲကို မပါဝင်ချင်ဘူးဆိုရင် မန်စီးတီးအသင်းက သူ့ကို မပါဝင်ဖို့ခွင့်ပြုထားတယ်လို့သိရတာပါ။ အိုင်ဗာအက်ဂ်ဂျီယာဆိုသူ သေဆုံးပြီးနောက် ဟာလန်းဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖွယ်ရှိ၊မရှိနဲ့ ပတ်သက်ပြီး အတည်ပြုခြင်းမရှိသေးတာဖြစ်ပါတယ်။ ဟာလန်းဟာ ကြာသပတေးနေ့က...

လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကိုကျော်ပြီး မန်စီးတီးအသင်း ရေပန်းအစားဆုံးချန်ပီယံလိဂ်

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံရေပန်းစားမှုစာရင်းမှာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက ဦးဆောင်နေပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ကြိမ်သာ ဗိုလ်စွဲဖူးပေမယ့် ချန်ပီယံဆု (၁၅)ကြိမ်ရ ချန်ပီယံရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရေပန်းစားနေတာပါ။ Opta ရဲ့စူပါကွန်ပြူတာတွက်ချက်မှုအရ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်း(၂၄.၉%)နဲ့ ရေပန်းစားမှုကို...

ပရီးမီးယားလိဂ်အသင်းသစ်တွေမှာ ကစားသမားသစ်တွေပွဲဦးထွက်ကစားကြမယ့် ရက်သတ္တပတ်

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံတကာရက်သတ္တပတ်ဝင်လာခဲ့တာကြောင့် ကလပ်အသင်းတချို့အနေနဲ့ အပြောင်းအရွှေ့ကာလ Deadline ရက်မတိုင်မီ သူတို့ ခေါ်ယူထားတဲ့ကစားသမားတွေကို အသင်းမှာ အသုံးပြုဖို့ အခက်အခဲရှိခဲ့ပါတယ်။ နိုင်ငံတကာရက်သတ္တပတ်အပြီး ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)မှာ ပရိသတ်တွေအနေနဲ့ အသင်းသစ်တွေမှာ အသီးသီးကစားကြမယ့်...

အင်္ဂလန်လက်ရွေးစင်အတွက် ပွဲရာပြည့်တဲ့ (၁၀)ဦးမြောက် ကစားသမား ဟာရီကိန်း

မနေ့ညက ကစားခဲ့တဲ့ UEFA Nations League ပွဲစဉ် အင်္ဂလန်(၂-ဝ)ဖင်လန်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲ(၁၀၀)ပြည့်ကစားတဲ့ (၁၀)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟာရီကိန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး လက်ရွေးစင်ကစားသမားဘဝ(၉)နှစ်ပြည့်ချိန်မှာ ရာပြည့်မှတ်တမ်းကို...

ဘာပေထံ ယူရို(၅၅)သန်းပေးချေဖို့ ပြင်သစ်လိဂ်ရဲ့အမိန့်ပေးမှုကို PSG ငြင်းဆန်

ပြင်သစ်လိဂ်တရားရေးကော်မရှင်(LFP)ဟာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေရဖို့ရှိနေတဲ့ လုပ်ခလစာယူရို(၅၅)သန်းကို ပေးချေဖို့ အမိန့်ထုတ်ခဲ့ပေမယ့် သူ့ရဲ့အသင်းဟောင်း PSG အသင်းက ပေးချေဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ PSG အသင်းဟာ ဘာပေကို နောက်ဆုံးလုပ်ခလစာ(၃)လစာနဲ့ သစ္စာရှိကြေးပေးချေဖို့ ကျန်ရှိနေပေမယ့် ပြင်သစ်လိဂ်တရားရေးကော်မရှင်ရဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ဆောင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တာပါ။ ပြင်သစ်အသင်းခေါင်းဆောင်...

စီရော်နယ်ဒိုရဲ့ဝေဖန်မှုကို မိမိဂရုစိုက်နေမှာမဟုတ်ဘူးလို့ တန်ဟတ် တုံ့ပြန်

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုရဲ့ဝေဖန်မှုကို သူဂရုစိုက်နေမှာမဟုတ်ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ တုံ့ပြန်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ YouTube တွေ့ဆုံခန်းမှာ ဒတ်ခ်ျလူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ ရည်မှန်းချက်မရှိတဲ့သူလို့ ပြောဆိုခဲ့တာပါ။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းမှာ ဒုတိယအကြိမ်ကစားချိန်က...

ပြိုင်ဘက်တွေနဲ့ အပြတ်အသတ် ကွာဟနေပြီး အနုတ်လက္ခဏာထွက်နေတဲ့ တန်ဟတ်ရဲ့ မန်ယူ

မန်ယူနိုက်တက်အသင်းဟာ လက်ရှိနည်းပြတန်ဟတ်လက်ထက်မှာ တိုက်စစ်စွမ်းဆောင်ရည်ကျဆင်းနေသလို၊ ခံစစ်ကလည်း နောက်ဆုံးပွဲပြီးခါနီးအချိန်အထိ စိတ်မချရဘဲ ပြိုင်ဘက်အသင်းတွေကို ဂိုးတွေပေးနေရတာ မနည်းမနောပါပဲ။ ဒါကြောင့် ပရီးမီးယားလိဂ်မှာ အဓိကပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ရင် ရဂိုး/ပေးဂိုး စွမ်းဆောင်ရည်မှာ များစွာကျဆင်းနေပြီး ဂိုးကွာခြားမှုမှာလည်း ပြတ်ပြတ်သတ်သတ်ကွာဟနေတာကို မှတ်တမ်းတွေက ဖော်ပြနေပါတယ်။...

အာဆင်နယ်အသင်း ပွဲကျပ်ချိန်နဲ့ အော်ဒီဂါ ပါခြင်း၊မပါခြင်း ပုစ္ဆာ

အာဆင်နယ်အသင်းအနေနဲ့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၄)မှာ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲကို ကစားရမှာဖြစ်ပြီး နောက်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ ပရီးမီးယားလိဂ်(၄)ကြိမ်ဆက် ချန်ပီယံမန်စီးတီးနဲ့ ကစားရမှာပါ။ ဒီ(၂)ပွဲလုံးကို တော့တင်ဟမ်ဟော့စပါးကွင်းနဲ့ အီတီဟတ်ဒ်ကွင်းတွေမှာ အဝေးကွင်းပွဲတွေ အဖြစ် ကစားရမှာဖြစ်ပါတယ်။ ဒီအခြေအနေမှာ အာဆင်နယ်အသင်းအနေနဲ့...

၁၂.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာဟာ စပါးအသင်းဖော် ဆွန်ဟောင်မင်ကို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းအသုံးပြုခဲ့လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့စွဲချက်တင်ခြင်းခံထားရပါတယ်။ ဘန်တန်ကာဟာ ဒီအပြုအမူအတွက် ဆွန်ဟောင်မင်ကို တောင်းပန်ခဲ့ပေမယ့် FA ရဲ့စွဲချက်တင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ■ ပြီးခဲ့တဲ့ Nations Laegue ပွဲစဉ်မှာ...