Month: September 2024

(၁)လနီးပါး ပွဲတွေနဲ့ဝေးကွာနေတဲ့ ဖိုဒန် မန်စီးတီးရဲ့လေ့ကျင့်ခန်းမှာ ပြန်ပါလာ

အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်ဟာ ဖျားနာမှုကြောင့် (၁)လနီးပါးကြာပွဲတွေနဲ့ ဝေးကွာပြီးနောက် မန်စီးတီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဖိုဒန်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာသာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ပြီး အစ်ဝှစ်ချ်၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ပွဲတွေကို လွဲချော်ခဲ့တာပါ။ အသက်(၂၄)နှစ်အရွယ်ရှိ ဖိုဒန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့...

PSG နဲ့ ယူရို(၅၅)သန်း ပေးချေမှုအငြင်းပွားမှုမှာ ကြားဝင်ဖျန်ဖြေပေးမှုကို ဘာပေ ငြင်းပယ်

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ လစာ၊အပိုဆုကြေးတွေနဲ့ ပတ်သက်ပြီး အသင်းဟောင်း PSG အသင်းကနေ ရရှိမယ့် ယူရို(၅၅)သန်းအငြင်းပွားမှုအပေါ် ပြင်သစ်ဘောလုံးလိဂ်တရားရေးကော်မရှင်ရဲ့ကြားဝင်ဖျန်ဖြေမှုပြုလုပ်ဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဘာပေဟာ ဒီအဖြစ်အပျက်မှာ ကော်မရှင်ကို ပါဝင်ပေးဖို့တောင်းဆိုခဲ့ပြီးနောက် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ PSG အသင်းတာဝန်ရှိသူတွေနဲ့ ပါရီမှာ...

နည်းပြ အဲရစ်တန်ဟတ်အပေါ် စီရော်နယ်ဒို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ပို့စ်ကို ဂါနာချို Like ပေးခဲ့

မန်ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုဟာ သူ့ရဲ့Idol ဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ဒတ်ချ်လူမျိုးအဲရစ်တန်ဟတ်အပေါ် ဝေဖန်မှုပြုလုပ်ခဲ့တာကို တင်ထားခဲ့တဲ့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုရဲ့ပို့စ်ကို Like ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂါနာချိုဟာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့ဒေါသနဲ့ ရင်ဆိုင်လာရဖွယ်ရှိနေတာပါ။ စီရော်နယ်ဒိုဟာ မကြာသေးခင်က...

ဇင်ဘာဘွေ-ကင်မရွန်းပွဲအပြီး ကွင်းထဲက အိုနာနာထွက်ချိန်မှာ ယူဂန်ဒါပရိသတ်တွေ ဝိုင်းရံ

မနေ့က ဇင်ဘာဘွေ(ဝ-ဝ)ကင်မရွန်း Africa Cup of Nations ခြေစစ်ပွဲမှာ ကင်မရွန်းအသင်းနဲ့ သီးခြားကွင်းထဲက ထွက်ခွာခဲ့တဲ့ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ ယူဂန်ဒါပရိသတ်ရာနဲ့ချီ ဝိုင်းရံခြင်းခံခဲ့ရပါတယ်။ ယူဂန်ဒါနိုင်ငံမှာ မန်ယူနိုက်တက်အသင်းကို အားပေးတဲ့ ပရိသတ်တွေအများအပြားရှိပြီး နိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေအတွက်...

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပေးဂိုးလုံးဝမရှိဘဲ Clean Sheet (၈)ပွဲဆက်ရယူခဲ့တဲ့ ဂျပန်

ဂျပန်လက်ရွေးစင်အသင်းဟာ ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)မှာ ပေးဂိုးလုံးဝမရှိဘဲ ပွဲတိုင်းကို Clean Sheet တွေနဲ့ အနိုင်ယူခဲ့တဲ့ သူတို့ရဲ့မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ ဂျပန်အသင်းဟာ ခြေစစ်ပွဲ(ဒုတိယအဆင့်)မှာ (၆)ပွဲကစား (၂၄)ဂိုးသွင်းပြီး ပေးဂိုးမရှိခဲ့သလို၊ အခု ခြေစစ်ပွဲ(တတိယအဆင့်)မှာလည်း (၂)ပွဲကစား (၁၂)ဂိုးသွင်းပြီး ပေးဂိုးလုံးဝမရှိခဲ့တာပါ။...

လာလီဂါတစ်လတာအကောင်းဆုံးနည်းပြဆုရခဲ့တဲ့ ပထမဆုံး ဂျာမန်လူမျိုး နည်းပြဟန်ဆီဖလစ်

၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ပထမဆုံးလဖြစ်တဲ့ သြဂုတ်လအတွက် လာလီဂါတစ်လတာအကောင်းဆုံးနည်းပြဆုကို ဘာစီလိုနာအသင်းရဲ့ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်က ဆွတ်ခူးရရှိခဲ့ပါတယ်။ ဟန်ဆီဖလစ်ဟာ လာလီဂါရောက် ဂျာမန်လူမျိုးနည်းပြတွေထဲမှာ ဒီဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။ ဟန်ဆီဖလစ်ရဲ့ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေရှိပေမယ့် ပြီးခဲ့တဲ့သြဂုတ်လအတွင်းကစားခဲ့တဲ့ လာလီဂါ(၄)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒီရာသီလာလီဂါမှာ ဘာစီလိုနာအသင်းဟာ...

ပါရာဂွေးကို အရေးနိမ့်ပြီးနောက် ဘရာဇီးလ်ပရိသတ်တွေကို ဗင်နီစီယပ်စ် တောင်းပန်

ဒီမနက်က ပါရာဂွေး(၁-ဝ)ဘရာဇီးလ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်က ဘရာဇီးလ်အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ခြေစစ်ပွဲ(၈)ပွဲကစားအပြီးမှာ (၁၀)မှတ်သာရယူထားနိုင်ကာ အာဂျင်တီးနား၊ကိုလံဘီယာ၊ဥရုဂွေး၊အီကွေဒေါအသင်းတို့ရဲ့အနောက်အဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အဆင့်(၆)နေရာက ဗင်နီဇွဲလားအသင်းနဲ့ ရမှတ်တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ...

ကလပ်အသင်းမှာရော၊ လက်ရွေးစင်မှာပါ ၂၀၂၄ အတွင်း ပွဲတိုင်းဂိုးသွင်းထားတဲ့ စီရော်နယ်ဒို

ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်နာဆာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဒီရာသီမှာ ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့ပွဲတိုင်းမှာ ဂိုးသွင်းထားပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီ ကလပ်အသင်းဖြစ်တဲ့ အယ်လ်နာဆာအသင်းမှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်(၂)ပွဲကစားထားပြီး ပွဲစဉ်(၁) အယ်လ်နာဆာ(၁-၁) အယ်လ်အာရက်ဒ်ပွဲမှာ တစ်ဂိုး၊ ပွဲစဉ်(၂) အယ်လ်ဖေဟာ(၁-၄)အယ်လ်နာဆာပွဲမှာ တစ်ဂိုးသွင်းခဲ့ပါတယ်။ ဒါ့အပြင်သြဂုတ်လအတွင်းကစားခဲ့တဲ့ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်...

အမေရိကန် လက်ရွေးစင်အသင်းနည်းပြအဖြစ် ပိုချက်တီနို ခန့်အပ်ခံရ

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရကြောင်းသိရပါတယ်။ ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့လတွေကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အခုမှ တရားဝင်အတည်ပြုနိုင်ခဲ့တာပါ။ ပိုချက်တီနိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုကနေထွက်ခွာခဲ့ရတာကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဘာဟယ်တာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး အမေရိကန်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။...

နယ်သာလန်-ဂျာမနီပွဲမှာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ဒီလစ် လူစားလဲခံရ

မနေ့က နယ်သာလန်(၂-၂)ဂျာမနီ UEFA Nations League ပွဲစဉ်မှာ နယ်သာလန်နောက်ခံလူ ဒီလစ်ဟာ လက်ခံနိုင်စရာမရှိတဲ့ အမှားအယွင်းပြုလုပ်ခဲ့လို့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရပြီး ပရိသတ်တွေက သူ့ရဲ့စွမ်းဆောင်ရည်အပေါ် သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ မန်ယူနိုက်တက်အသင်းနောက်ခံလူ ဒီလစ်ဟာ ပြီးခဲ့တဲ့ ဘော့စနီးယာအသင်းနဲ့ပွဲမှာ...