Month: September 2024

အိုင်ယာလန်ကို ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ ဒက်ကလန်ရိုက်စ်ဆို

မနေ့က အိုင်ယာလန်(ဝ-၂)အင်္ဂလန် UEFA Nations League ပွဲမှာ အိုင်ယာလန်အသင်းဘက်ကို ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပွဲအပြီး beIN SPORTS နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ အိုင်ယာလန်ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေခံခဲ့ရတဲ့...

ပြိုင်ပွဲဝင်အသင်း(၃၂)သင်းမှာ (၃၀)သင်း ထွက်ပေါ်ထားတဲ့ ၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလား

ကမ္ဘာတစ်ဝှမ်းက ကလပ်အသင်းပေါင်း(၃၂)သင်း ပါဝင်ယှဉ်ပြိုင်မယ့် အသွင်သစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ရှေ့လာမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်(၁၅)ရက်နေ့ကနေ ဇူလိုင်(၁၃)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၂၀၂၄-၂၅ ရာသီအပြီး ရက်ပိုင်းအတွင်းကျင်းပသွားမယ့် ဒီပြိုင်ပွဲကို ကစားသမားတွေ၊ နည်းပြတွေက ဝေဖန်မှုအမျိုးမျိုးရှိနေပြီး...

အိုင်ယာလန်အသင်းကို ဂိုးပြန်သွင်းတဲ့ မြွေနှစ်ကောင် ဂရီးလစ်ရှ်နဲ့ ဒက်ကလန်ရိုက်စ်

မနေ့က ကစားခဲ့တဲ့ UEFA Nations League အဖွင့်ပွဲစဉ် အိုင်ယာလန်(ဝ-၂)အင်္ဂလန်ပွဲမှာ အိုင်ယာလန်ပရိသတ်တွေက အင်္ဂလန်အသင်းရဲ့ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ ဒက်ကလန်ရိုက်စ်နဲ့ ဂရီးလစ်ရှ်တို့ကို လှောင်ပြောင်ရှုတ်ချခဲ့ကြပါတယ်။ ဒီကစားသမား(၂)ဦးစလုံးက အိုင်ယာလန်နိုင်ငံကိုယ်စားပြုဘောလုံးအသင်းတွေအတွက် လူငယ်ကစားသမားဘဝက ကစားခဲ့ဖူးကြဖူးပြီး အင်္ဂလန်လက်ရွေးစင်အဖြစ်ကို ကူးပြောင်းခဲ့ကြသူတွေပါ။ ဒါကြောင့် အိုင်ယာလန်ကစားသမားဘဝကနေ...

လူဝကြီးရွန်နီ ဖရီးကစ်သွင်းပြီး ဆဲလ်တစ်ဂန္ထဝင်အသင်းကို မန်ယူနိုက်တက်ဂန္ထဝင်အသင်းရှုံးခဲ့တဲ့ ရန်ပုံငွေပွဲ

မန်ယူနိုက်တက်ဂန္ထဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္ထဝင် အသင်းတို့ရဲ့ရန်ပုံငွေ ခြေစမ်းပွဲကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဒီနေ့ကျင်းပခဲ့ရာမှာ ဆဲလ်တစ်ဂန္ထဝင် အသင်းက ပယ်နယ်တီအဆုံးအဖြတ်မှာ (၅-၄)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနှစ်သင်းက ပုံမှန်ပွဲချိန်အတွင်းမှာ (၄-၄)ဂိုးနဲ့ သရေကျခဲ့ကြတာပါ။ မန်ယူနိုက်တက်ဂန္ထဝင်အသင်းမှာ နည်းပြကြီးဖာဂူဆန်ရဲ့လက်အောက်မှာ ကစားခဲ့တဲ့ နာမည်ကျော်ကစားသမားများစွာပါဝင်ကစားခဲ့ပြီး ရွန်နီ၊...

ဂိုးပေါက်ပျောက် ဘာပေနဲ့ ဂိုးမိုးခေါင်လာတဲ့ ပြင်သစ်အသင်း

ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဒီနောက်ပိုင်းပွဲတွေမှာ အဓိကတိုက်စစ်မှူးဘာပေက ဂိုးပေါက်ပျောက်တဲ့ပွဲတွေများလာပြီး နောက်ဆုံးကစားခဲ့တဲ့(၁၂)ပွဲမှာ ပယ်နယ်တီ(၁)ဂိုးအပါအဝင် (၂)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဘာပေတင် ဂိုးပေါက်ပျောက်တာမဟုတ်ဘဲ ပြင်သစ်အသင်းက တခြားရှေ့တန်းတိုက်စစ်မှူးတွေလည်း ဂိုးသွင်းနှုန်း သိသိသာသာ ကျဆင်းလာတာ အသင်းရဲ့ရလဒ်တွေက သက်သေခံနေပါတယ်။ ပြင်သစ်လက်ရွေးစင်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲ(၈)ပွဲမှာ...

ဂရင်းဝုဒ်ကို အင်္ဂလန်အတွက် ရွေးချယ်ဖို့ မိမိ မစဉ်းစားဘူးလို့ လီကာစလေ အတည်ပြု

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက မာဆေးလ်အသင်းမှာ ပုံစံကောင်းတွေပြသနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ဖို့ သူမစဉ်းစားဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းထံ ပေါင်(၂၇)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ပြီး နည်းပြ ဒီဇာဘီလက်အောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနေတဲ့သူပါ။...

ကွင်းထဲကို ဂါနာပရိသတ်တွေ ကျူးကျော်ဝင်ရောက်လာမှုကြောင့် ကစားသမားတွေ ထွက်ပြေးခဲ့ရ

မနေ့က ဂါနာ(ဝ-၁)အန်ဂိုလာ Africa Cup of Nations ခြေစစ်ပွဲမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်(၆)ဦးအပါအဝင် ကစားသမားတွေဟာ ဂါနာပရိသတ်တွေကွင်းအတွင်းကျူးကျော်ဝင်ရောက်လာမှုကြောင့် ဘေးကင်းရာကို ထွက်ပြေးခဲ့ရပါတယ်။မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ အန်ဂိုလာအသင်းကို ပေးခဲ့ရတဲ့ ဂိုးကြောင့် ဂါနာအသင်းဟာ Africa Cup of...

ပြင်သစ်-အီတလီပွဲမှာ ကာလာဖီအိုရီ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းစိုးရိမ်စရာဖြစ်နေ

မနေ့က ပြင်သစ်(၁-၃)အီတလီ Nations League ပွဲမှာ အီတလီနောက်ခံလူ ကာလာဖီအိုရီ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလက ဘိုလော့ဂ်နာအသင်းကနေ ပေါင်(၄၂)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကာလာဖီအိုရီဟာ ဒီပွဲစဉ်မှာ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီနဲ့ ထိခိုက်မိပြီး...

လီကာစလေ၊ ဂရီးလစ်ရှ်၊ ဒက်ကလန်ရိုက်စ် ဆက်စပ်မှုနဲ့ အိုင်ယာလန်-အင်္ဂလန်ပွဲ စိတ်ဝင်စားစရာအချက်များ

ဒီနေ့ မြန်မာစံတော်ချိန် ည(၁၀း၃၀)နာရီမှာ ကစားမယ့် အိုင်ယာလန်-အင်္ဂလန်ပွဲက ဒီနှစ်သင်းကြား ဆက်စပ်မှုတွေ၊ ထူးခြားအချက်အလက်တွေကြောင့် စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဒီပွဲက ၂၀၁၅ နောက်ပိုင်း (၉)နှစ်အတွင်း အိုင်ယာလန်မြေမှာ ကပထမဆုံးပြန်ကစားမယ့် ဗြိတိန်ကျွန်းစုပြိုင်ဘက် နှစ်သင်းရဲ့ပွဲပါ။ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဘလင်မြို့အတွင်း ၂၀၁၅...

အိုင်ယာလန်အသင်းနဲ့ ပွဲမတိုင်ခင် နိုင်ငံတော်သီချင်း သီဆိုမှာမဟုတ်ဘူးဆိုတဲ့ လီကာစလေ

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ယာယီနည်းပြ လီကာစလေက ဒီညကစားရမယ့် UEFA Nations League ပွဲစဉ် အိုင်ယာလန်-အင်္ဂလန်ပွဲမတိုင်ခင် နှစ်ဘက်အသင်း နိုင်ငံတော်သီချင်း သီဆိုချိန်မှာ မိမိလိုက်ဆိုမှာ မဟုတ်ဘူးလို့ အတည်ပြုပြောဆိုလိုက်ပါတယ်။ ဗြိတိန်မီဒီယာတချို့ကတော့ လီကာစလေအနေနဲ့ ဒီလို နိုင်ငံတော်သီချင်းကို လိုက်မသီဆိုရင် အင်္ဂလန်ပရိသတ်တွေဆီက...