Month: October 2024

ဟောင်းဝပ်ဝက်ဘ်က ဆာလီဘာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့အပေါ် Sky Sport ပယ်ချ

မနေ့က ဘုန်းမောက်(၂-ဝ)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ အင်္ဂလန်ပရော်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)ရဲ့အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်ပါဝင်ခဲ့တယ်ဆိုတဲ့ ပရိသတ်တချို့ရဲ့‌ဝေဖန် ပြောဆိုမှုတွေကို Sky Sports က ပယ်ချခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ ဘုန်းမောက်တိုက်စစ်မှူး အီဗာနယ်လ်ဆန်ကို...

မန်ယူနိုက်တက်(၂-၁)ဘရန့်ဖို့ဒ်ပွဲ Highlight Video

■ Video - မနေ့က ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူနိုက်တက်(၂-၁)ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းအတွက် နောက်ခံလူပင်နော့ခ် ခေါင်းတိုက်သွင်းတဲ့ဂိုး(၄၅+၅ မိနစ်)၊ မန်ယူနိုက်တက်အသင်းအတွက် ဂါနာချိုရဲ့ချေပဂိုး (၄၇ မိနစ်)နဲ့ ဟွိုင်လန်းရဲ့အနိုင်ဂိုး(၆၂ မိနစ်)

လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ တတိယဂိုးသွင်းအများဆုံး ဆွန်ဟောင်မင်

ဒီနေ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါး(၄-၁)ဝက်စ်ဟမ်းပွဲမှာ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် စပါးအသင်းခေါင်းဆောင်ဆွန်ဟောင်မင်ဟာ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သွင်းယူတဲ့ဂိုး(၂၇)ဂိုးအထိရှိလာပါတယ်။ ဆွန်ဟောင်မင်အနေနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းယူသူတွေထဲမှာ ဂန္ထဝင်တိုက်စစ်မှူး တက်ဒီရှရင်ဂမ်ကိုကျော်ပြီး တတိယဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အရင်က ဆွန်ဟောင်မင်ဟာ လန်ဒန်ဒါဘီ...

မန်ယူနိုက်တက် ကစားသမားတွေကို စိတ်ပျက်လာစေတဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ စရိတ်လျှော့ချရေး အစီအစဉ်

မန်ယူနိုက်တက်အသင်းမှာ အသုံးစရိတ်အရပ်ရပ်ကို လျှော့ချဖို့ ကြိုးစားနေတဲ့ အသင်းရှယ်ယာရှင်ဆာဂျင်ရက်ကလစ်ဖ်နဲ့ သူ့ရဲ့ INEOS အဖွဲ့ရဲ့စီမံခန့်ခွဲမှုတွေက မန်ယူနိုက်တက်ကစားသမားတွေကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့တယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြကြပါတယ်။ မကြာသေးမီက အသင်းစရိတ်လျှော့ချဖို့ အကြောင်းပြချက်နဲ့ မန်ယူနိုက်တက်အသင်းနည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန်ကို အသင်းသံတမန်ရာထူးက ထုတ်ပယ်ခဲ့တဲ့ ကလပ်အသင်းစီမံခန့်ခွဲမှုအဖွဲ့ဟာ...

ယာမားလ်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ PSG ရဲ့ ကမ်းလှမ်းမှုကိုပယ်ချခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းရဲ့ စပိန်လူငယ်တောင်ပံကစားသမားလာမင်းယာမားလ်အနေနဲ့ အသက်(၁၇)နှစ်အရွယ်မှာပဲ ကမ္ဘာ့ကြေးအကြီးဆုံးကစားသမားဖြစ်လာမယ့် အခွင့်အရေးရှိခဲ့တာကို ဘာစီလိုနာအသင်းက သူ့ကို လက်မလွှတ်လိုတာကြောင့် ဒီအခွင့်အရေးကို လောလောဆယ် မပိုင်ဆိုင်သေးဘဲ ရှိခဲ့ပါတယ်။ ပြင်သစ်ကလပ် PSG အသင်းက လာမားလ်ကို ခေါ်ယူဖို့ ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ကမ်းလှမ်းခဲ့တာကို ဘာစီလိုနာအသင်းက...

အင်္ဂလန်လက်ရွေးစင် မဖြစ်ခဲ့ရပေမယ့် တစ်နေ့နေ့ အင်္ဂလန်အသင်းနည်းပြဖြစ်ဖို့ ဆန္ဒရှိနေတဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြအာတီတာက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဖြစ်လာဖို့ သူ့မှာ ရည်မှန်းချက်ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အာတီတာဟာ ကစားသမားဘဝက အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်လာဖို့ ကြိုးစားခဲ့ဖူးပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ပိတ်ပင်တားဆီးမှုကြောင့်သာ အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်ခွင့်မရခဲ့သူပါ။ အာတီတာဟာ စပိန်လက်ရွေးစင်အသင်းကြီးမှာ မကစားခဲ့ဖူးဘဲ သက်တမ်းအလိုက်အသင်းတွေဖြစ်တဲ့ စပိန်ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၈၊...

တစ်နစ်တာဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းမှာ မက်ဆီရဲ့(၂)ဆ ဝင်ငွေနဲ့ ဦးဆောင်တဲ့ စီရော်နယ်ဒို

ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားတွေနဲ့ သူတို့ရဲ့ဝင်ငွေကို တွက်ချက်ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် အသက်(၄၀)ပြည်ဖို့ (၄)လတောင်မလိုတော့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက အပြတ်အသတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။ စီရော်နယ်ဒိုအနေနဲ့ သူနဲ့ ခေတ်ပြိုင်ကစားသမားဖြစ်တဲ့ မက်ဆီကို ဝင်ငွေ(၂)ဆလောက် အသာရပြီး ဒီစာရင်းမှာ...

ဆော်ဒီမှာကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲမှာ ပရိသတ်အချို့ရဲ့လှောင်ပြောင်မှုကို နေမာ ကြုံတွေ့ခဲ့ရ

ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ကြာသပတေးနေ့ညက ဆော်ဒီနိုင်ငံမှာကျင်းပတဲ့ '6 Kings Slam' တင်းနစ်သရုပ်ပြပြိုင်ပွဲမှာ ပရိသတ်အချို့ရဲ့လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နေမာဟာ ပြိုင်ပွဲကျင်းပမယ့် ကွင်းထဲကို ရောက်ရှိလာချိန်မှာ ကွင်းအတွင်းစုဝေးနေကြတဲ့ ပရိသတ်အချို့ရဲ့ကျယ်လောင်စွာလှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပြီး "ရော်နယ်ဒို၊ရော်နယ်ဒို"ဆိုတဲ့ အော်သံတွေကိုလည်း ကြားခဲ့ရတာပါ။ နေမာဟာ...

ဟူဂိုဗီယာနာကို ခန့်အပ်မှုက မိမိ မန်စီးတီးထံသွားမယ်လို့ မဆိုလိုကြောင်း အာမိုရင် တုံ့ပြန်

စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်က သူတို့ရဲ့အားကစားအကြီးအကဲ ဟူဂိုဗီယာနာကို မန်စီးတီးအသင်းခန့်အပ်မှုက မန်စီးတီးအသင်းထံ သူသွားမယ်လို့မဆိုလိုကြောင်း Cabine Desportiva နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တုံ့ပြန်ထားပါတယ်။ အာမိုရင်ဟာ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီး မန်စီးတီးအသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့သူအဖြစ် နာမည်ကြီးနေတဲ့သူပါ။ မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ...

၂၀၂၄ တောင်အာဖရိက ​အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် (၃)ဦး

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က ၂၀၂၄ခုနှစ် အာဖရိကအကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ကစားသမား(၃)ဦးစာရင်းကို ကြေညာခဲ့ပါတယ်။ စီးရီးအေကလပ်အတ္တလန်တာအသင်းမှာ ကစားနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးလွတ်ခ်မန်း၊ ဘွန်ဒစ်လီဂါကလပ်လေဗာကူဆင်အသင်းမှာ ကစားနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးဘော်နီဖေ့စ်နဲ့ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေတဲ့မော်ရိုကိုကွင်းလယ်လူ ဘရာဟင်ဒီယက်ဇ်တို့ကို CAF ကဆန်ခါတင်ရွေးချယ်ထားတာဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူး(၂)ဦးပါဝင်နေလို့ ဒီဆုကို နိုင်ဂျီးရီးယားကစားသမားတွေပဲ (၂)နှစ်ဆက် ဆွတ်ခူးဦးမလားဆိုတာ...