Month: October 2024

ထာဝရအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး Marca ရဲ့ ဆုချီးမြှင့်မှုကိုခံခဲ့ရတဲ့ မက်ဆီ

စပိန်နိုင်ငံရဲ့နာမည်အကြီးဆုံးအားကစားသတင်းစာ Marca က အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီကို MARCA America Award လို့ အမည်ပေးထားတဲ့ဆုကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ မက်ဆီက ဒီဆုကို ပထမဆုံးရရှိတဲ့သူဖြစ်ပြီး သူ့ကိုဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးဘောလုံးသမား(Greatest Soccer Player of All Time)အဖြစ်...

နော်ဝစ်ချ်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ ဝီလ်ရှိုင်းယား သဘောတူညီမှုရရှိ

အာဆင်နယ်ယူ-၁၈ အသင်းနည်းပြ ဝီလ်ရှိုင်းယားဟာ ချန်ပီယံရှစ်ကလပ် နော်ဝစ်ချ်အသင်းမှာ ပထမအသင်းနည်းပြရာထူးရယူကာ နည်းပြအဖွဲ့ဝင်အဖြစ်ပူးပေါင်းဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းကြယ်ပွင့်ဟောင်း ဝီလ်ရှိုင်းယားဟာ အသက်(၃၀)နှစ်အရွယ် ၂၀၂၂ မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် အာဆင်နယ်ယူ-၁၈ အသင်းကို နည်းပြအဖြစ်တာဝန်ယူနေသူပါ။ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၁၉၇)ပွဲပါဝင်ကစားခဲ့တဲ့...

ဒဏ်ရာကြောင့် (၁၈)လနီးပါး အနားယူပြီးနောက် မန်ယူနိုက်တက်အတွက် မာလာစီယာ ပြန်ကစားနိုင်ဖို့ နီးစပ်

နယ်သာလန်ဘယ်နောက်ခံလူ မာလာစီယာဟာ ဒဏ်ရာကြောင့် (၁၈)လနီးပါးကြာအနားယူခဲ့ရပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မာလာစီယာဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ရဲ့မန်ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းအတွက် ၂၀၂၃ မေက နောက်ဆုံးပါဝင်ကစားထားတာပါ။ မာလာစီယာဟာ...

၁၇.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ကွင်းလယ်လူတွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ ကက်စီမီရိုတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့နေရာမှာ အစားထိုးဖို့ ကွင်းလယ်ကစားသမားအချို့ကိုပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ■ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရာသီအစဆိုးရွားတဲ့ရလဒ်တွေကြောင့် နည်းပြ ဂလက်စ်နာရဲ့နေရာမှာ ဝက်စ်ဟမ်းအသင်းနည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို အစားထိုးဖို့...

ခရိုအေရှားလက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပွဲအရေအတွက် တစ်ဝက်ကျော်ကစားထားတဲ့ မိုဒရစ်

ခရိုအေးရှားလက်ရွေးစင်အသင်းရဲ့ကွင်းလယ်လူ လူကာမိုဒရစ်ဟာ ဒီတစ်ပတ် UEFA Nations League ပွဲစဉ် ပိုလန်(၃-၃)ခရိုအေးရှားပွဲမှာ ပါဝင်ကစားပြီးနောက် ခရိုအေးရှားအသင်းအတွက် ကစားတဲ့ နိုင်ငံတကာပွဲအရေအတွက်ဟာ (၁၈၂)ပွဲအထိ ရောက်ရှိလာခဲ့ပါတယ်။ မိုဒရစ်အနေနဲ့ ခရိုအေးရှားဘောလုံးအသင်းသမိုင်းတစ်လျှောက်နိုင်ငံတကာပွဲအရေအတွက်ရဲ့ထက်ဝက်ကျော်တဲ့ပွဲအရေအတွက်ကို ကစားထားတာဖြစ်ပါတယ်။ ခရိုအေးရှားနိုင်ငံသစ် စတင်ပေါ်ထွက်လာချိန်ကစပြီး အခုအချိန်အထိ...

(၁၃)နှစ်ကြာသံယောဇဉ်ကြိုးကိုဖြတ်‌တောက်ပြီး (၁၃)နှစ်ကွာတဲ့ သံယောဇဉ်အသစ်ကို မွေးမြူခဲ့တဲ့ တူချယ်လ်

(Inside Story) ၂၀၂၁ မေလ (၂၉)ရက်နေ့။ ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့က Estadio do Dragao ကွင်းအတွင်း မန်စီးတီးအသင်းကို ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲတော့ ချယ်လ်ဆီးနည်းပြတူချယ်လ်ကို သူ့ရဲ့ချစ်ဇနီးဆစ်စီက ပြေးခုန်ဖက်ပြီး...

အာနိုးလ်ကို ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်အဖြစ် ရီးရဲလ်မက်ဒရစ် သတ်မှတ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် လီဗာပူးလ်အသင်းညာနောက်ခံလူ အာနိုးလ်ကို ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဓိကညာနောက်ခံလူ ကာဗာဟယ်လ်ကို ACL ဒဏ်ရာကြောင့် ဒီရာသီအကုန်ထိ အနားပေးရမှာဖြစ်လို့ ဈေးကွက်ထဲမှာ ညာနောက်ခံလူတစ်ဦးကို ရှာဖွေမှုပြုလုပ်နေတာပါ။ The Athletic က ရီးရဲလ်မက်ဒရစ်အသင်းဟာ...

မန်ယူနိုက်တက်ကနေ စောစောစီးစီးထွက်ဖို့ ကြိုးစားခဲ့ဖူးပြီး ပိတ်ပင်ခံခဲ့ရတယ်လို့ ပေါ့ဘာ ဖွင့်ဟဝန်ခံ

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ၂၀၂၂ နွေရာသီမှာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းထံ အလွတ်နဲ့ ပြန်မပြောင်းရွှေ့ခင်မှာ မန်ယူနိုက်တက်အသင်းကနေ သူထွက်ခွာချင်ခဲ့တာကြာပြီလို့ ဝန်ခံခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းအကယ်ဒမီထွက် ပေါ့ဘာဟာ ၂၀၁၂ က ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် (၄)နှစ်အကြာ ၂၀၁၆ မှာ...

အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဟာရီကိန်း ဆက်ရှိမလားဆိုတာ အတည်ပြုဖို့ တူချယ်လ် ငြင်းဆန်

အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းဆက်ရှိမလားဆိုတာကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ တူချယ်လ်ဟာ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းမှာ ဟာရီကိန်းနဲ့ အတူလက်တွဲခဲ့ပေမယ့် အင်္ဂလန်အသင်းနည်းပြအဖြစ် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံမှုမှာ အင်္ဂလန်အသင်းခေါင်းဆောင်ရာထူးအတွက် ဟာရီကိန်းကို အာမခံပေးခြင်းမရှိခဲ့တာပါ။ အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ...

ဂီတပြီးရင် ဘောလုံးကို အရုးသွပ်ဆုံးဖြစ်ခဲ့တဲ့ လီယမ်ပိန်း

မနေ့က ညနေပိုင်းမှာ ဟိုတယ်ဝရန်တာကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ One Direction တေးဂီတအဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ ဂီတပြီးရင် ဘောလုံးအားကစားကို အရူးသွပ်ဆုံးသူတစ်ဦးလို့ ပြောလို့ရပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိသာ ရှိသေးတဲ့ အင်္ဂလိပ်လူမျိုးအဆိုတော် လီယမ်ပိန်းဟာ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့အနီး ပါလာမိုမှာရှိတဲ့ Casa...