Month: July 2024

လာမင်းယာမားလ်ကို လစာချက်ချင်းတိုးပေးဖို့ ဘာစီလိုနာကို ဂျော့ချ်မန်ဒက်စ် တောင်းဆို

စူပါအေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ့ရဲ့ကစားသမားဖြစ်သူ စပိန်ကြယ်ပွင့် လာမင်းယာမားလ်ကို လစာချက်ချင်းတိုးပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုခဲ့ပါတယ်။ စပိန်အသင်းကို ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက်(၁၇)နှစ်အရွယ်ရှိ လာမင်းယာမားလ်ဟာ ဥရောပရဲ့အကျော်ကြားဆုံး ဆယ်ကျော်သက်တွေထဲက တစ်ဦးဖြစ်ခဲ့သူပါ။ လာမင်းယာမားလ်ဟာ ပြင်သစ်အသင်းကို...

ပြင်သစ်တို့ကို တောင်းပန်ဖို့ မက်ဆီကို တိုက်တွန်းခဲ့တဲ့ အာဂျင်တီးနား အားကစားဒုဝန်ကြီး အလုပ်ထုတ်ခံရ

အာဂျင်တီးနားကစားသမားအချို့က ပြင်သစ်အသင်းကို လူမျိုးရေးခွဲခြားတဲ့ သီဆိုမှုနဲ့ ပတ်သက်ပြီး အသင်းခေါင်းဆောင် မက်ဆီကို တောင်းပန်ဖို့ ပြောခဲ့တဲ့ အာဂျင်တီးနားအားကစားဒုဝန်ကြီး ဂျူလီယိုဂါရိုဟာ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာပေါ်ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုထဲမှာ အာဂျင်တီးနားကစားသမားတွေဟာ လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေအသုံးပြုခဲ့တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကစွပ်စွဲခဲ့တာပါ။ အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ...

ဂရင်းဝုဒ်ကို ခေါ်ယူခဲ့ခြင်းအတွက် မာဆေးလ် ပရိသတ်တွေ ဒေါသထွက်ခဲ့ပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်

မန်ယူနိုက်တက်အသင်းတိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို အခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူခဲ့ခြင်းအတွက် မာဆေးလ်ပရိသတ်တွေဟာ မာဆေးလ်အသင်းကို ဒေါသထွက်နေကြပြီး ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုခဲ့ကြပါတယ်။ မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ပေါင်(၂၇)သန်း၊ Add-ons ကြေးပေါင်(၃.၂)သန်းနဲ့ ခေါ်ယူပြီး ၂၀၂၉ ဇွန်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီက...

၁၈.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဒေါ့မွန်အသင်းဟာ စတုဂတ်အသင်းတိုက်စစ်မှူး ဂူရာဆေးကို ယူရို(၁၇.၅)သန်းနဲ့ ၂၀၂၈ ဇွန်အထိစာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပါတယ်။ ဂူရာဆေးဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒစ်လီဂါပြိုင်ပွဲမှာအဆင့်(၂)နေရာရပ်တည်ခဲ့တဲ့ စတုဂတ်အသင်းအတွက် လိဂ်ပြိုင်ပွဲမှာ (၂၈)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ■ မာဆေးလ်အသင်းတိုက်စစ်မှူး အူဘာမီယန်းဟာ ဆော်ဒီပရိုလိဂ်ကလပ် Al Qadsiah...

အာဂျင်တီးနားထိပ်ဆုံးမှာ ဆက်ရှိနေပြီး ယူရိုချန်ပီယံ အဆင့်(၅)ဆင့်တက်လာတဲ့ ဖီဖာကမ္ဘာ့အဆင့်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ရာမှာ ယူရို-၂၀၂၄ ချန်ပီယံစပိန်အသင်းက အဆင့်(၅)ဆင့်အထိ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိကမ္ဘာ့ဖလားချန်ပီယံနဲ့ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းက အရင်အတိုင်း ထိပ်ဆုံးနံပါတ်(၁)နေရာမှာ ဆက်လက်ဦးဆောင်ခဲ့ပြီး (၂)နှစ်(၃)လကြာ ထိပ်ဆုံးနေရာကို ဆုပ်ကိုင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းအနေနဲ့ ၂၀၂၃ ခုနှစ်ဧပြီလကတည်းက...

ချယ်လ်ဆီးအသင်းအတွင်းမှာ တောက်လောင်နေတဲ့ မီးနဲ့ ဂျက်ဆန်ရဲ့ စစ်ပြေငြိမ်းရေး ကြိုးပမ်းမှု

ချယ်လ်ဆီးအသင်းရဲ့ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆင်က လူမျိုးရေးခွဲခြားမှုကြောင့် ဖိအားဒဏ်တွေခံနေရတဲ့ အသင်းဖော်ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ဖိအားတချို့လျော့ပါးစေဖို့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့Instagram မှာ ဗီဒီယိုဖိုင်လေးတစ်ခုတင်ခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ချယ်လ်ဆီးအသင်းရဲ့ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းမှာ ဖာနန်ဒက်ဇ်နဲ့ လူမည်းကလေးငယ်လေးတစ်ဦးတို့ အပြန်အလှန်စကားပြောဆိုနေတဲ့ မြင်ကွင်းပါဝင်ခဲ့ပါတယ်။ သဘောကတော့ ဖာနန်ဒက်ဇ်အနေနဲ့...

ရီးးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေပြီး ဆုဖလားအများဆုံးရ ကစားသမားအဖြစ် စံချိန်တွေဆက်တင်နေမယ့် မိုဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်ကို လာမယ့်ရာသီ အသင်းမှာ ဆက်ကစားစေဖို့အတွက် တစ်နှသက်တမ်းရှီ သက်တမ်းတိုးစာချုပ် တစ်ရပ်ချုပ်ဆိုလိုက်ပါတယ်။ မူလက မိုဒရစ်အနေနဲ့ ယူရိုပြိုင်ပွဲမှာ ခရိုအေးရှားအသင်းနဲ့အတူ စောစောစီးစီးပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် အသင်းဖော်ဂျာမန်ကွင်းလယ်လူ တိုနီကရူးစ်လိုမျိုး ယူရိုပြိုင်ပွဲအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းကို စွန့်ခွာသွားမလားလို့...

လစာကြွေးကျန်အတွက် PSG ကို ဘာပေ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင် ဖွင့်ဟ

ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဘာပေဟာ အသင်းဟောင်း PSG အသင်းဆီကနေ သူရဖို့ရှိတဲ့ လစာကြွေးကျန်တွေ မရရှိဘူးဆိုရင် တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ မိခင်ဖြစ်သူ ဖေဇာလာမာရီက Le Parisien နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ပြင်သစ်လီဂူး-၁ လက်ရှိချန်ပီယံ...

အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ ဂျာမန် နည်းပြဟောင်း ယိုအာကင်လုဗ် ဆန္ဒရှိနေ

ဂျာမနီအသင်းနည်းပြဟောင်း ယိုအာကင်လုဗ်ဟာ လစ်လပ်နေတဲ့ အင်္ဂလန်အသင်းနည်းပြရာထူးကို တာဝန်ယူချင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ယိုအာကင်လုဗ်ဟာ နည်းပြသစ်ရှာဖွေမှုပြုလုပ်နေတဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကိုချဉ်းကပ်လာမယ်ဆိုရင် ကြိုဆိုသွားမယ်လို့ The Sun သတင်းစာက ဖော်ပြထားတာပါ။ အသက်(၆၄)နှစ်အရွယ်ရှိ ယိုအာကင်လုဗ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲ...

မက်ဂွဲယားကို အသင်းခေါင်းဆောင်ပြန်ခန့်ဖို့ မန်ယူနိုက်တက် ပရိသတ်တွေ တောင်းဆို

မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်မှုပြုလုပ်နေတဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာပြီးနောက် မန်ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ နောက်ခံလူ မက်ဂွဲယားကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားတောင်းဆိုခဲ့ပါတယ်။ ၂၀၁၉ က လက်စတာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မက်ဂွဲယားကို နည်းပြဟောင်း ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမစတင်ခင်မှာ...