Month: July 2024

ယူရို-၂၀၂၄ ဗိုလ်လုပွဲရောက် စပိန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေ ရာခိုင်နှုန်း

ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်တွေ ထုတ်ပြန်ပေးနေတဲ့ Opta ဝက်ဘ်ဆိုက်က ယူရို-၂၀၂၄ ဗိုလ်လုပွဲ ရောက်အသင်း(၂)သင်းဖြစ်တဲ့ စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းကို တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။ Opta ရဲ့ထုတ်ပြန်ချက်အရ စပိန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၆၀.၃၈%)အထိရှိနေပြီး အင်္ဂလန်အသင်းက ချန်ပီယံဖြစ်နိုင်ခြေ (၃၉.၆၂%)သတ်မှတ်ခံထားရပါတယ်။...

အင်္ဂလန်နည်းပြဆောက်ဂိတ်နဲ့ ရုပ်ချင်းဆင်နေလို့ ပရိသတ်တွေ ဩဘာပေးခံလိုက်ရတဲ့ ဂျာမန်ရဲ

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် အင်္ဂလန်-နယ်သာလန်ပွဲမကစားမီ ဒီပွဲကစားမယ့် ဒေါ့မွန်မြို့ကို ရောက်ရှိနေတဲ့ အင်္ဂလန်ပရိသတ်တွေဟာ Venue BVB Stadion Dortmund ကွင်းအနီးမှာ လုံခြုံရေးတာဝန်ယူထားတဲ့ ဂျာမန်ရဲ အနားမှာ ဝန်းရံခဲ့ကြပါတယ်။ အကြောင်းကတော့ ဒီရဲက အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်နဲ့ အမွှာညီအစ်ကိုလို့...

၁၁.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ အမေရိကန်အသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီးနောက် နည်းပြဖြစ်သူ ဘာဟယ်တာကို ရာထူးက ထုတ်ပယ်လိုက်ပါတယ်။ အမေရိကန်အသင်းဟာ ဘာဟယ်တာရဲ့နေရာမှာအစားထိုးဖို့အတွက် လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ကို ကနဦးဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ■ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို...

အသင်းသမိုင်းတစ်လျှောက် ပွဲဆက်တိုက်အများဆုံးရှုံးပွဲမရှိစံချိန်သစ်ကို ရယူနိုင်ခဲ့တဲ့ ကိုလံဘီယာ

ကိုလံဘီယာအသင်းဟာ ၂၀၂၂ ၊ဖေဖော်ဝါရီလက အာဂျင်တီးနားအသင်းကို (ဝ-၁) ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲအပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ အခုအချိန်အထိ ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ မနက်က ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဥရုဂွေးအသင်းကို(၁-ဝ)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ကိုလံဘီယာအသင်း...

ပယ်လ်ဟင်ညာကို ၂၀၂၈ အထိစာချုပ်ချုပ်ဆိုကာ ခေါ်ယူကြောင်း ဘိုင်ယန်မြူးနစ် ကြေညာ

ဘိုင်ယန်မြူးနစ်အသင်းဟာ ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူ ပယ်လ်ဟင်ညာကို ပေါင်(၄၂.၃)သန်း၊add-ons ပေါင်(၄.၂)သန်းနဲ့ ၂၀၂၈ ဇွန်အထိ စာချုပ်ချုပ်ဆိုကာ ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။ ပယ်လ်ဟင်ညာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းကဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီအပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပေမယ့် ပယ်ဟင်ညာကို ခေါ်ယူနိုင်ဖို့...

နူနက်ဇ် ဦးဆောင်တဲ့ ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာ ပရိတ်သတ်တွေ ပွဲကြည့်စင်ပေါ်မှာ ရန်ဖြစ်

ဒီမနက်ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ် ဥရုဂွေး(ဝ-၁)ကိုလံဘီယာပွဲအပြီးမှာ လီဗာပူးလ်တိုက်စစ်မှူးဒါဝင်နူနက်ဇ်ဦးဆောင်တဲ့ ဥရုဂွေးကစားသမားတွေနဲ့ ကိုလံဘီယာအသင်းပရိသတ်တွေဟာ ပွဲကြည့်စင်ပေါ်မှာ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ဥရုဂွေးအသင်းဟာ ဒီပွဲမှာ ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ဦးအသာနဲ့ ကစားခဲ့ရသလို ဂိုးရနိုင်မယ့် အခွင့်အရေးတွေလည်း ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။...

ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ရပြီးနောက် ဒိုင်လူကြီးဖီးလစ်ဇွာယာကို ဗန်ဒိုက် ပြစ်တင်ဝေဖန်

မနေ့က ယူရို-၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉနယ်သာလန်(၁-၂)အင်္ဂလန် ပွဲအပြီးမှာ နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က ဒီပွဲစဉ်ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို ပွဲအပြီးအင်တာဗျူးမှာ ပြင်းထန်စွာဝေဖန်သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ နယ်သာလန်အသင်းဟာ ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဟာရီကိန်းရဲ့ချေပဂိုး၊ဝက်ကင်စ်ရဲ့အနိုင်ဂိုးကြောင့် အင်္ဂလန်အသင်းကို အရေးနိမ့်ကာ ယူရို-၂၀၂၄...

၂၀၂၄ ကိုပါအမေရိကဆီမီးဖိုင်နယ် ဥရုဂွေး(ဝ-၁)ကိုလံဘီယာပွဲ Highlight Video

■ Video - ၂၀၂၄ ကိုပါအမေရိကဆီမီးဖိုင်နယ် ဥရုဂွေး(ဝ-၁)ကိုလံဘီယာပွဲမှာ ကိုလံဘီယာအသင်းအတွက် ကွင်းလယ်လူလာမာ သွင်းယူခဲ့တဲ့ခေါင်းတိုက်ဂိုး (၃၉ မိနစ်)၊ ဥရုဂွေး ဝါရင့်တိုက်စစ်မှူုးလူးဝစ်ဆွာရက်ဇ် တိုင်ထိထွက်ခဲ့တဲ့ ဂိုးကန်ချက် (၇၃ မိနစ်)

ဆီီမးဖိုင်နယ်မှာ ဥရုဂွေးကို အနိုင်ယူပြီး ကိုပါအမေရိက ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ တွေ့မယ့် ကိုလံဘီယာ

ဥရုဂွေး(ဝ-၁)ကိုလံဘီယာ (၂၀၂၄ ကိုပါအမေရိက ဆီမီးဖိုင်နယ်) ဒီမနက်ကစားခဲ့တဲ့ ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒီပြိုင်ပွဲရဲ့ တတိယရေပန်းအစားဆုံး ဥရုဂွေးအသင်းကို ကိုလံဘီယာအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ နောက်ဆုံး(၂)နှစ်ခွဲကျော်ကာလအတွင်း ရှုံးပွဲမရှိတဲ့ ကိုလံဘီယာအသင်းအနေနဲ့ ဥရုဂွေးကို ဘောလုံးပေးကိုင်ကစားပြီး...

ယူရို-၂၀၂၄ ဆီမီးဖိုင်နယ် နယ်သာလန်(၁-၂)အင်္ဂလန်ပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ ဆီမီးဖိုင်နယ် နယ်သာလန်(၁-၂)အင်္ဂလန်ပွဲမှာ နယ်သာလန်အသင်းအတွက် ဇာဗီဆိုင်မွန်ကန်သွင်းခဲ့တဲ့ ဦးဆောင်ဂိုး(၇ မိနစ်)၊ အင်္ဂလန်အသင်းအတွက် ဟာရီကိန်းသွင်းယူခဲ့တဲ့ ပယ်နယ်တီဂိုး(၁၈ မိနစ်)၊ မေနူးပေးတဲ့ဘောလုံးကို ဖိုဒန်သွင်းယူခဲ့ပေမယ့် ဂိုးစည်းပေါ်က ဖျက်ထုတ်ခံရမှု၊ နယ်သာလန်ကွင်းလယ်လူဗယ်မန်းရဲ့ဂိုးကန်ချက်ကို အင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ကာကွယ်မှု၊...