Month: July 2024

Idol စီရော်နယ်ဒိုရဲ့ပြိုင်ဘက်အယ်လ်အစ်တီဟတ်ဂျာစီ ဝတ်ဆင်ပြီး ဂါနာချို လေ့ကျင့်မှု ပြုလုပ်

မန်ယူနိုက်တက်ကြယ်ပွင့် ဂါနာချိုဟာ အားလပ်ရက်အတွင်း လေ့ကျင့်မှုတွေပြုလုပ်ရာမှာ သူ့ရဲ့Idol ကစားသမားဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ဆော်ဒီပရိုလိဂ်ပြိုင်ဘက်ကလပ် အယ်လ်အစ်တီဟတ်ဂျာစီဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဂါနာချိုဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ မပူးပေါင်းသေးဘဲ အားလပ်ရက်ကို ပျော်ပျော်ရွှင်ဖြတ်သန်းနေတာပါ။ မန်ယူနိုက်တက်အသင်းရဲ့အမေရိကန်ရာသီကြိုခရီးစဉ်ကို မလိုက်ပါခဲ့တဲ့ ဂါနာချိုဟာ...

မန်ယူနိုက်တက်အသင်းမှာလေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တဲ့ လင်ဒီလော့ဖ်

မန်ယူနိုက်တက်အသင်းမှာ ဒဏ်ရာကြောင့်ကာလရှည်အနားယူနေရတဲ့ ဆွီဒင်လက်ရွေးစင်နောက်ခံလူ လင်ဒီလော့ဖ်ဟာ အသင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်း သိရပါတယ်။ လင်ဒီလော့ဖ်ဟာ ဒီနွေရာသီ မန်ယူနိုက်တက်အသင်းရဲ့ခြေစမ်းပွဲတွေမှာ တစ်ပွဲမှ မပါဝင်ရသေးပေမယ့် အခု အသင်းနဲ့အတူ အပြည့်အ၀ လေ့ကျင့်နေပြီဖြစ်လို့ လာမယ့်ခြေစမ်းပွဲတွေနဲ့ ရာသီအစပွဲတွေမှာ ပြန်လည်ပါဝင်ကစားနိုင်မှာပါ။ အမေရိကန်ခြေစမ်းခရီးကို...

ဒီနွေရာသီမှာ ကစားသမားတစ်ဦးမှ မခေါ်ယူရသေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်း လီဗာပူးလ်

ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ယနေ့အထိ (ဇူလိုင် ၃၀)ရက်နေ့အထိ ကစားသမားတစ်ဦးတစ်ယောက်မှ မခေါ်ယူရသေးတဲ့အသင်းက တစ်သင်းတည်းသာကျန်ရှိပြီး လီဗာပူးလ်အသင်းဖြစ်ပါတယ်။ လာမယ့် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြမယ့် ကျန်ပရီးမီးယားလိဂ်(၁၉)သင်းအနေနဲ့ ဒီနွေရာသီကာလအတွင်း ကစားသမားသစ်တွေကို အသီးသီးခေါ်ယူထားကြပြီးဖြစ်ပေမယ့် ဒတ်ချ်လူမျိုးနည်းပြအာနီဆလော့ကိုင်တွယ်နေတဲ့ လီဗာပူးလ်အသင်းကတော့ ကစားသမားတစ်ဦးတစ်ယောက်တောင်...

မန်စီးတီးရဲ့ပွဲကြီးပွဲကောင်းတွေမှာ မိမိပါဝင်ခွင့်မရတဲ့အတွက် မပျော်ရွှင်ဘူးလို့ အယ်လ်ဗာရက်ဇ် ဝန်ခံ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က မန်စီးတီးအသင်းရဲ့ပွဲကြီးပွဲကောင်းတွေမှာ သူပါဝင်ခွင့်မရတာကြောင့် မပျော်ရွှင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အယ်လ်ဗာရက်ဇ်ဟာ ပါရီအိုလံပစ်ပြိုင်ပွဲအပြီးမှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ DSports Radio နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ...

ချယ်လ်ဆီး၊စပါးတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ ချီယေဆားရဲ့အေးဂျင့် လန်ဒန်ကို ထွက်ခွာ

အီတလီလက်ရွေးစင်တောင်ပံကစားသမား ချီယေဆားဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဖာလီရာမာဒါနီဟာ ချယ်လ်ဆီး၊စပါးအသင်းတို့နဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ လန်ဒန်ကို ထွက်ခွာခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ၂၀၂၅ ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ချီယေဆားကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချချင်နေတာပါ။...

ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေလို BMWဆီက ကားသစ်တစ်စီးလက်ဆောင်ရမယ့် ဘာပေ

ရီးရဲလ်မက်ဒရစ်ကစားသမားသစ်ဖြစ်လာတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဘာပေဟာ ဂျာမန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ BMW ကနေကားသစ်တစ်စီးလက်ဆောင်ရရှိမှာဖြစ်ပါတယ်။ BMW ကုမ္ပဏီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ (၃)နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ်ချုပ်ဆိုထားပြီး ဒီစပွန်ဆာစာချုပ်အရ ရီးရဲလ်မက်ဒရစ်အသင်းက ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေဟာ BMW ကားသစ်တစ်စီးစီ လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ BMW က...

မန်ယူနိုက်တက်ပရိသတ်တွေကို လီဗာပူးလ်အသင်း လှည့်စားခဲ့စဉ်က ..

(The inside story of football) ၂၀၂၁ မေလ(၂၅)ရက်နေ့မှာ မန်ချက်စတာမြို့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လီဗာပူးလ်အသင်းက ၂၀၂၀-၂၁ ရာသီပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကစားဖို့ လာရောက်ခဲ့ပါတယ်။ အင်္ဂလန်အနောက်မြောက်ဒါဘီပြိုင်ဘက်အသင်းနှစ်သင်းရဲ့ပွဲဖြစ်တာကြောင့် ပွဲမတိုင်မီကတည်းက နှစ်ဖက်ပရိသတ်တွေ ဆိုရှယ်မီဒီယာမှာ အပြန်အလှန်ပွဲဖြစ်နေပြီး လီဗာပူးလ်အသင်းဘတ်စ်ကားကို အနှောင့်အယှက်ပေးဖို့...

မန်စီးတီး-အေစီမီလန်ပွဲက ဗီဒီယိုတစ်ခုကြောင့် ကယ်လ်ဗင်ဖီးလစ်ကို ပရိသတ်တွေ လှောင်ပြောင်

အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ မန်စီးတီးအသင်းက အေစီမီလန်အသင်းကို (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲက ဗီဒီယိုတစ်ခုကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံနေရပါတယ်။ ကယ်လ်ဗင်ဖီးလစ်ဟာ ဝက်စ်ဟမ်းအသင်းမှာ စိတ်ပျက်စရာကောင်းတဲ ရာသီဝက်ကို ဖြတ်သန်းအပြီးမှာ မန်စီးတီးအသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ကယ်လ်ဗင်ဖီးလစ်ဟာ အေစီမီလန်အသင်းနဲ့ပွဲစဉ်မှာ...

မက်ဆီဖုန်းသုံးနေတာကို ဇနီးဖြစ်သူ အန်တိုနယ် ချောင်းကြည့်နေတဲ့ ရုပ်ပုံဆိုရှယ်မီဒီယာမှာ လူကြိုက်များနေ

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ပွဲကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်နေချိန် ဖုန်းအသုံးပြုနေတာကို ဇနီးဖြစ်သူ အန်တိုနယ်လာကြည့်နေတဲ့ ရုပ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များနေပါတယ်။ မက်ဆီဟာ ဒဏ်ရာကြောင့် ဒီပွဲကိုမပါဝင်နိုင်ပေမယ့် အင်တာမိုင်ယာမီအသင်းက မက္ကဆီကိုကလပ် Puebla အသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့...

ဒီဟေးယားရဲ့ လစာတောင်းဆိုမှုကြောင့် ဂျီနိုအာထံ အပြောင်းအရွှေ့ပျက်ပြယ်

မန်ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဟေးယားရဲ့စီးရီးအေကလပ် ဂျီနိုအာအသင်းထံ အပြောင်းအရွှေ့ဟာ သူ့ရဲ့လက်တွေ့မကျတဲ့လစာငွေ တောင်းဆိုမှုကြောင့် ပျက်ပြယ်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျီနိုအာအသင်းဟာ နောက်ထပ်ဂိုးသမားပစ်မှတ်တွေကို ရှာဖွေသွားမယ်လို့ Sky Sports က ဖော်ပြထားတာပါ။ မန်ယူနိုက်တက်အသင်းအတွက် (၁၂)နှစ်ကြာ ပွဲပေါင်း(၅၄၅)ပွဲကစားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ ဒီဟေးယားဟာ...