Month: July 2024

၂၁ ရာစုမှာ တန်းမဆင်းတဲ့ မှတ်တမ်းကောင်းကို ဆေးလ်ဗားရဲ့ အကူအညီနဲ့ ဖလူမင်နန့်စ် ဆက်ထိန်းထားနိုင်မလား

ဘရာဇီးလ်ကလပ် ဖလူမင်နန့်စ်အသင်းဟာ (၂၁)ရာစုမှာ ဘရာဇီးလ်ပြည်တွင်းလိဂ်ရဲ့ အမြင့်ဆုံးအတန်းဖြစ်တဲ့ Campeonato Brazileiro Serie A မှာ အစဉ်အမြဲကစားနေတဲ့အသင်းဖြစ်ပါတယ်။ ဒီအသင်းက ဒီရာသီမှာတော့ အခြေအနေဆိုးနေပြီး အသင်း(၂၀)ရှိတဲ့ Campeonato Brazileiro Serie A မှာ...

ပရော်ဖက်ရှင်နယ် ကလပ်အသင်းဘဝကို စွန့်လွှတ်ခဲ့တဲ့ ဘော်ဒိုးအသင်း

ပြင်သစ်ကလပ် ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ပရော်ဖက်ရှင်ကလပ်အသင်းဘဝကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကို အသိပေးအကြောင်းကြားခဲ့ပါတယ်။ ကလပ်အသင်းကို ပရော်ဖက်ရှင်ကလပ်အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့အခြေအနေမရှိတော့တာကြောင့် ဘော်ဒိုးအသင်းတာဝန်ရှိသူတွေက အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဘော်ဒိုးအသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို မဖြေရှင်းနိုင်လို့ ပြင်သစ်လိဂ်တတိယတန်းကို တန်းဆင်းကစားဖို့ ပြစ်ဒဏ်ချခံထားရပါတယ်။ ဇူလိုင်လအစောပိုင်းက...

စီးရီးအေကလပ် ဂျီနိုအာထံ ဒီဟေးယား ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်

မန်ယူနိုက်တက်ဂိုးသမားဟောင်း ဒီဟေးယားဟာ စီးရီးအေကလပ် ဂျီနိုအာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ နာမည်ကျော်ဂျာနယ်လစ် ဒီမာဇီယိုက ဖော်ပြထားပါတယ်။ ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာခဲ့တဲ့ ပြီးခဲ့တဲ့နွေရာသီကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။ ဒီဟေးယားဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဘောလုံးဒါရိုက်တာဟောင်း ဂျွန်မာတော့တို့သာ ထွက်ခွာခဲ့ရင်...

လိုက်ပ်ဇစ်အသင်းထံက အော်လ်မိုကို ဘာစီလိုနာနဲ့ အပြိုင်ကမ်းလှမ်းခေါ်ယူဖို့ မန်စီးတီးအသင်းစီစဉ်

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုကို ဘာစီလိုနာအသင်းနဲ့ အပြိုင်ခေါ်ယူဖို့ လိုက်ပ်ဇစ်အသင်းထံ ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ယူရို-၂၀၂၄ မှာ စပိန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အော်လ်မိုကို ခေါ်ယူဖို့ ဥရောပထိပ်သီးအချို့က...

အီဂေါ်သီယာဂိုရဲ့ဒဏ်ရာကြောင့် ဘရန်ဖိုဒ့်မှာ အိုင်ဗန်တိုနေး ဆက်နေရဖွယ်ရှိ

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ထိပ်တန်းအသင်းကြီးတွေဆီပြောင်းရွှေ့ချင်နေတဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ ကလပ်အသင်းဖော် အီဂေါ်သီယာဂိုရဲ့ဒဏ်ရာကြောင့် ဘရန်ဖိုဒ့်အသင်းမှာ ဆက်နေရဖွယ်ရှိနေပါတယ်။ အီဂေါ်သီယာဂိုဟာ ဘရန်ဖိုဒ့်အသင်းက ဝင်ဘယ်လ်ဒန်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တာပါ။ အီဂေါ်သီယာဂိုဟာ ဒီပွဲစဉ်မှာ ဘရန်ဖိုဒ့်အသင်းအတွက် (၂)ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ...

နယူးဇီလန်-ကနေဒါ အမျိုးသမီးပွဲကြို ဒရုန်းထောက်လှမ်းရေး ဇာတ်လမ်း

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲဝင် နယူးဇီလန်အမျိုးသမီးဘောလုံးအသင်းရဲ့လေ့ကျင့်ရေးကွင်းအပေါ်မှာ ဇူလိုင်(၂၄)ရက် မနက်ပိုင်းက ဒရုန်းတစ်စင်း ပျံသန်းနေတာကို နယူးဇီလန်အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေ သတိထားမိခဲ့ပါတယ်။ ဒီအချိန်မှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး အစစအရာရာကို သတိထားနေရတဲ့အချိန်ဖြစ်တာကြောင့် တာဝန်ရှိသူတွေက အချိန်မဆိုင်းဘဲ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေက တစ်ဆင့် ပြင်သစ်ရဲတပ်ဖွဲ့ကို...

ရီးရဲလ်မက်ဒရစ်အင်္ကျီကို မြင်တွေ့မှ အယ်လ်အစ်တီဟတ် ပရိသတ်တွေကို ဘန်ဇီမာ နှုတ်ဆက်

ပြင်သစ်တိုက်စစ်မှူးဟောင်း ဘန်ဇီမာဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အင်္ကျီကိုမမြင်မချင်း အယ်လ်အစ်တီဟတ်အသင်းပရိသတ်တွေကို နှုတ်မဆက်ဘဲ လျစ်လျူရှုခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၂၃ အထိ (၁၄)နှစ်ကြာကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့သူပါ။...

အွန်နရီရဲ့ ပြင်သစ်အသင်းဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အိုလံပစ် အမျိုးသားဘောလုံးပြိုင်ပွဲ

၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲက ဇူလိုင်(၂၆)ရက်နေ့မှ စတင်မှာ ဖြစ်ပေမယ့် (အမျိုးသားဘောလုံး)ပြိုင်ပွဲက မနေ့ကစပြီး ကျင်းပနေပြီဖြစ်ပါတယ်။ အမျိုးသားဘောလုံးပြိုင်ပွဲမှာ ဘွတ်ကီဒိုင်တွေရဲ့ အလေးပေးချက်အရ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းက အိမ်ရှင်ပြင်သစ်အိုလံပစ်အသင်းဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးဟောင်း အွန်နရီကိုင်တွယ်နေတဲ့ ပြင်သစ်အိုလံပစ်အသင်းဟာ ဘွတ်ကီဒိုင်အများစုရဲ့အလေးပေးချက်မှာ (၉/၄)နဲ့ ထိပ်ဆုံးမှာ...

အမျိုးသမီး ကမ္ဘာ့ဖလားချန်ပီယံတွေ အိုလံပစ်မှာ ဆက်တိုက် ဗိုလ်မစွဲတဲ့ အစဉ်အလာကို စပိန်ရိုက်ချိုးနိုင်မလား

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၁ ခုနှစ်မှာမှ စတင်ကျင်းပခဲ့ပြီး ချန်ပီယံအသင်းအဖြစ် နော်ဝေ၊ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ စပိန်အစရှိတဲ့ (၅)သင်းသာထွက်ပေါ်ထားပါတယ်။ နွေရာသီအိုလံပစ်ပြိုင်ပွဲမှာလည်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၁၉၉၆ အတ္တလန်တာ အိုလံပစ်ပြိုင်ပွဲမှာ စတင်ထည့်သွင်းကျင်းပခဲ့ပြီး ဗိုလ်စွဲဖူးတဲ့အသင်းက(၄)သင်းသာရှိပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ...

၂၅.၇.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ဂယ်လက်ဂါကို ခေါ်ယူနိုင်ဖို့အလွန်ယုံကြည်မှုရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၅ ဇွန်မှာ စာချုပ်ကုန်ဆုံးမယ့် ဂယ်လက်ဂါကို ခေါ်ယူဖို့ အက်သလက်တီကိုမက်ဒရစ်အသင်းအပါအဝင် အသင်းအချို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ■ ဂျာမနီအသင်းနောက်ခံလူ ရူဒီဂါဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ကြီးမားတဲ့...