ချယ်လ်ဆီးကို ပြန်လာမယ့် အန်ဇိုဖာနန်ဒက်ဇ်ကို မိမိ ကြိုဆိုသွားမယ်လို့ မာရက်စ်ကာ ဆို
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ လာမယ့်တနင်္လာမှာ ကလပ်အသင်းနဲ့ ပူးပေါင်းတော့မယ့် အာဂျင်တီးနားအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို သူကြိုဆိုဖို့ အဆင်သင့်ပဲလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားအသင်းဖော်အချို့နဲ့ လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုမှုကြောင့် ဝေဖန်မှုတွေခံနေရသူပါ။...