Month: October 2024

ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့ ကိုမိုနောက်ခံလူ ကာတို(၁၀)ပွဲပယ်ခံရ

ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့ ကိုမိုနောက်ခံလူ ကာတိုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က (၁၀)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ စီးရီးအေဒုတိတယန်းကလပ် ဆီစီနာအသင်းမှာ အငှားကစားနေတဲ့ ကာတိုဟာ ပြီးခဲ့တဲ့ ဇူလိုင်က မာဘယ်လာမှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဟွမ်ဟီချန်းအပေါ် လူမျိုးရေးခွဲခြားခဲ့ကြောင်း တွေ့ရှိခဲ့ရတာပါ။ ကာတိုဟာ...

ရီးရဲလ်မက်ဒရစ်အတွက် ကစားခဲ့ပြီး ပြင်သစ်လူစာရင်းက နုတ်ထွက်ခဲ့လို့ ဘာပေ ဝေဖန်ခံနေရ

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် UEFA Nations League ပွဲစဉ်တွေကစားမယ့် ပြင်သစ်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့တဲ့ အပေါ် ဝေဖန်မှုတွေခံနေရပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာခံစားခဲ့ရပေမယ့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ၊ ဗီလာရီးရဲလ်အသင်းနဲ့ စပိန်လာလီဂါပွဲတွေမှာ...

ပြင်သစ်လက်ရွေးစင်အသင်းကို အဆန်းပြားဆုံးဒီဇိုင်းနဲ့ ရောက်လာတဲ့ ကိုနာတေး

နိုင်ငံတကာရက်သတ္တပတ်ရောက်တိုင်း ပြင်သစ်လက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေးစခန်းကို ပြင်သစ်လက်ရွေးစင်ကစားသမားတွေ ဖက်ရှင်ပြပွဲတစ်ခုကိုလာသလို ထူးထူးခြားခြား ဝတ်စုံဒီဇိုင်းတွေဝတ်ဆင်လာတာက အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ပြင်သစ်နိုင်ငံ၊ ပါရီမြိုနဲ့ ကီလိုမီတာ(၅၀)အကွာက ကလာရင့်ဖောင်တိန်လေ့ကျင့်ရေးစခန်းအဝင်ဝမှာ ဓါတ်ပုံသတင်းထောက်တွေ ခြေချင်းလိမ်ပြီး ပြင်သစ်အသင်းနဲ့ လာရောက်ပူးပေါင်းတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားတွေကို အကယ်ဒမီပွဲတက်သူတွေလို ဓါတ်ပုံတွေရိုက်ကူးနေတာလည်း ပုံမှန်လိုဖြစ်နေပါပြီ။...

၁၉၇၂-၇၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံး သွင်းဂိုးမှတ်တမ်းကို ရရှိခဲ့တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ပွဲကစားပြီးချိန်မှာ (၅)ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒီဂိုးအရေအတွက်ဟာ နှစ်ပေါင်း(၅၂)နှစ်အတွင်း မန်ယူနိုက်တက်အသင်းအတွက် (အမှတ်ပေးပွဲ ၇ ပွဲကစားပြီးချိန်မှာ) အနည်းဆုံးသွင်းဂိုးအရေအတွက် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမတိုင်မီ အရင်အင်္ဂလန်ပထမတန်းပြိုင်ပွဲအဖြစ် ကျင်းပခဲ့ချိန်က မန်ယူနိုက်တက်အသင်းဟာ ၁၉၇၂-၇၃ ရာသီမှာ အမှတ်ပေးပွဲ(၇)ပွဲကစားအပြီး...

မာယော့ကာနဲ့ပွဲမှာ လေလွင့်ခွေးတွေနဲ့အတူ အက်စ်ပန်ညို ကစားသမားတွေ ကွင်းထဲဝင်ခဲ့

ဒီတစ်ပတ်ထဲကစားခဲ့တဲ့ အက်စ်ပန်ညို(၂-၁)မာယော့ကာ စပိန်လာလီဂါပွဲစဉ်မှာ အက်စပန်ညိုအသင်းကစားသမားတွေဟာ လာဘ်ကောင်တွေအစား ခွေးတွေနဲ့ ကွင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ အက်စ်ပန်ညိုကစားသမားတွေဟာ စွန့်ပစ်ထားတဲ့ ခွေးတွေကို အိမ်အသစ်တွေရှာဖွေရာမှာ ကူညီပေးတဲ့ ကမ်ပိန်းမှာ (၂)ရာသီဆက်တိုက်ပါဝင်တဲ့အနေနဲ့ ဒီလိုမျိုးပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းမှာ ခွေး(၁၁)ကောင်ကို...

ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ မတူညီတဲ့ကစားသမား(၃)ဦးရဲ့ပယ်နယ်တီကန်သွင်းမှုကို ဂိုးသမားဂါဇန်နီဂါ ကာကွယ်ခဲ့

မနေ့က ဂျီရိုနာ(၂-၁)ဘီလ်ဘာအို စပိန်လာလီဂါပွဲစဉ်မှာ ဂျီရိုနာအသင်းဂိုးသမား ဂါဇန်နီဂါဟာ ဘီလ်ဘာအိုအသင်းကစားသမား (၃)ဦးရဲ့ပယ်နယ်တီကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျီရိုနာအသင်းဟာ ဂါဇန်နီဂါရဲ့လက်စွမ်းပြသမှုနဲ့တိုက်စစ်မှူး စတူအာနီရဲ့မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ သွင်းယူတဲ့ ပယ်နယ်တီသွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၈)မိနစ်မှာ ဘီလ်ဘာအိုအသင်းပယ်နယ်တီရရှိခဲ့ပြီး ဘီရန်ဂါရဲ့ကန်သွင်းမှုကို ဂါဇန်နီဂါကာကွယ်သွားနိုင်ခဲ့ပါတယ်။...

ပယ်နယ်တီ(၂)လုံးကာကွယ်နိုင်ခဲ့တဲ့ ဒီဟေးယားက အိုနာနာထက်ပိုကောင်းတယ်လို့ မန်ယူနိုက်တက် ပရိသတ်တွေဆို

မနေ့က ဖီအိုရမ်တီးနား(၂-၁)အေစီမီလန် စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းရရှိတဲ့ ပယ်နယ်‌တီ(၂)လုံးကို ကာကွယ်ခဲ့တဲ့ ဂိုးသမားဟောင်း ဒီဟေးယားက လက်ရှိဂိုးသမား အိုနာနာထက် အဆ(၁၀၀)ပိုကောင်းတယ်လို့ မန်ယူနိုက်တက်အသင်းပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။ ဒီပွဲမှာ ဖီအိုရမ်တီးနားအသင်းဟာ ဒီဟေးယားရဲ့ပယ်နယ်တီကာကွယ်မှုတွေကြောင့် အဖိုးတန်(၃)မှတ်ရရှိခဲ့တာပါ။ ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့...

ဖောရက်စ်နောက်ခံလူ မိုရာတိုကို ဖြတ်ရိုက်ခဲ့လို့ ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန် ပွဲပယ်ခံရဖွယ်ရှိ

မနေ့က ချယ်လ်ဆီး(၁-၁)နော်တင်ဂမ်ဖောရက်စ် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း နှစ်သင်းကြား ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်ဟာ နော်တင်ဂမ်ဖောရက်စ်အသင်းနောက်ခံလူ မိုရာတိုကို ဖြတ်ရိုက်ခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်းကစားသမားတွေနဲ့ အရန်ကစားသမားအများအပြား ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ ဂျက်ဆန်ဟာ မိုရာတိုကို ဖြတ်ရိုက်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ...

၆.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားကို ခေါ်ယူဖို့ အယ်လ်နာဆာအသင်းကို တိုက်တွန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဘရိုင်းနားနဲ့ မန်စီးတီးအသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။ ■ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်ဟာ အိုင်းယက်စ်အသင်းမှာ ရုန်းကန်နေရတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပရီးမီးယားလိဂ်ထံ...

မန်စီးတီး-ဖူလ်ဟမ်ပွဲအပြီးကွင်းထဲမှာ ထရာအိုရေးကို ဂွါဒီယိုလာ နည်းပြခဲ့တဲ့ ရုပ်သံထွက်ပေါ်

မနေ့က မန်စီးတီး(၃-၂)ဖူလ်ဟမ် ပရီးမီးယားလိဂ်ပွဲအပြီးမှာ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ဖူလ်ဟမ်အသင်းတောင်ပံကစားသမား ထရာအိုရေးကို ကွင်းထဲမှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့တဲ့ ရုပ်သံ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီအသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ဦးဆောင်ဂိုးသွင်းယူခြင်းခံခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂)ပွဲဆက်နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့တာပါ။...