Month: October 2024

အမ်းမရိတ်စ်ထံ ပြန်လာချိန် အာဆင်နယ်ပရိသတ်တွေရဲ့နွေးထွေးတဲ့ ကြိုဆိုမှုကြောင့် ရမ်စဒေးလ် မျက်ရည်ကျ

မနေ့က အာဆင်နယ်(၃-၁)ဆောက်သမ်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းဂိုးသမား ရမ်စဒေးလ်ဟာ အသင်းဟောင်း အာဆင်နယ်အသင်းပရိသတ်တွေရဲ့နွေးထွေးစွာကြိုဆိုမှုကြောင့် မျက်ရည်ကျခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၈၉)ပွဲပါဝင်ကစားခဲ့တဲ့ ရမ်စဒေးလ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဆောက်သမ်တန်အသင်းထံ ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန် အာဆင်နယ်အသင်းပရိသတ်တွေရဲ့ကြိုဆိုမှုကြောင့် မျက်ရည်ကျခဲ့တဲ့ ရမ်စဒေးလ်ဟာ ဒီပွဲမှာ...

ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ရီးရဲလ်နောက်ခံလူ ကာဗာဟယ်လ် ငိုကြွေးပြီး ကွင်းထဲကနေ ထွက်ခွာ

မနေ့က ရီးရဲလ်မက်ဒရစ်(၂-ဝ)ဗီလာရီးရဲလ် လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ကာဗာဟယ်လ်ဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ငိုကြွေးပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းပြီးခါနီးမှာ ကာဗာဟယ်လ်ဟာ ဗီလာရီးရဲလ်အသင်းကစားသမား ပီနိုဆီကနေ ဘောလုံးကို ရှင်းထုတ်ဖို့ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ညာခြေထောက်ဟာ ပီနိုရဲ့ခြေထောက်ကြားထဲကို ရောက်ရှိသွားပြီး ပြင်းထန်တဲ့ ဒူးဒဏ်ရာကို...

လာမယ့်ရာသီအစပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ မန်စီးတီးရဲ့တောင်းဆိုမှုကို ပရီးမီးယားလိဂ်ပယ်ချ

မန်စီးတီးအသင်းဟာ နွေရာသီမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် လာမယ့်ရာသီအစပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ ပရီးမီးယားလိဂ်ထံတောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ နည်းပြ ဂွါဒီယိုလာက ဆိုခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဒီပြိုင်ပွဲပြီးတာနဲ့ ရာသီသစ် ပြန်စတင်မယ့်အချိန်ဟာ (၄)ပတ်ကျော်သာ ခြားတာပါ။...

အဆိုးရွားဆုံး အမှားထဲက တစ်ခုပြုလုပ်ပြီး ဆန်းဒါးလန်းရဲ့သွင်းဂိုးကို မက်စ်လီရာ ခွင့်ပြုခဲ့

မနေ့က ဆန်းဒါးလန်း(၂-၂)လိဒ်စ် ချန်ပီယံရှစ်ပွဲစဉ်မှာ လိဒ်စ်အသင်းဂိုးသမား မက်စ်လီရာဟာ မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ အဆိုးရွားဆုံးအမှားတွေထဲက တစ်ခုပြုလုပ်ပြီး ဆန်းဒါးလန်းအသင်းကို ချေပဂိုးခွင့်ပြုခဲ့ပါတယ်။ လိဒ်စ်အသင်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၉၀+၆)မိနစ်အထိ ဆန်းဒါးလန်းအသင်းကို (၂-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မက်စ်လီရာရဲ့အမှားကြောင့် ပွဲချိန်(၉၀+၇)မိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပြီး (၁)မှတ်စီခွဲယူခဲ့ရတာပါ။...

တန်ဟတ်ရဲ့မန်ယူနိုက်တက်အနာဂတ်ကို မိမိ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ဆာဂျင်ရက်ကလစ်ဖ် ဆို

မန်ယူနိုက်တက်အသင်းရဲ့ရာသီအစဆိုးရွားတဲ့ ရလဒ်တွေကြောင့် ဖိအားအများအပြားခံစားနေရတဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့အနာဂတ်ကို သူဆုံးဖြတ်မှာမဟုတ်ဘူးလို့ ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပေါ်တိုအသင်းနဲ့ (၃-၃)ဂိုးစီ သရေကျခဲ့တာအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးနေခဲ့တာကြောင့် အဲရစ်တန်ဟတ်ရဲ့နည်းပြရာထူးဟာ မရေမရာဖြစ်နေတာပါ။ အဲ့ဒါကြောင့်...

အိုဝင်ဘက်ကို ကိုက်ခဲ့တဲ့ အိုစမာယစ်ကို (၈)ပွဲပယ်နဲ့ ဒဏ်ကြေးငွေ FA ချမှတ်

ပြီးခဲ့တဲ့လက ပရက်စတန်(ဝ-ဝ)ဘလက်ဘန်း ချန်ပီယံရှစ်ပွဲစဉ်မှာ ဘလက်ဘန်းအသင်းနောက်ခံလူ အိုဝင်ဘက်ကို ကိုက်ခဲ့တဲ့ ပရက်စတန်အသင်းတိုက်စစ်မှူး အိုစမာယစ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က (၈)ပွဲပယ်နဲ့ ဒဏ်ကြေးငွေချမှတ်ခဲ့ပါတယ်။ အိုစမာယစ်ဟာ ဒီပွဲမှာ အိုဝင်ဘက်ကို သူကိုက်ခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက မြင်တွေ့ခဲ့ခြင်းမရှိလို့ အနီကတ်ကို ရှောင်နိုင်ခဲ့ပေမယ့်...

အင်္ဂလန်လူစာရင်းမှာ ဆန်ချိုကို မရွေးချယ်ခဲ့လို့ ချယ်လ်ဆီးပရိသတ်တွေ စိတ်ပျက်

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေဟာ အောက်တိုဘာထဲကစားမယ့် UEFA Nations League ပွဲတွေအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာမှာ တောင်ပံကစားသမား ဆန်ချိုကို မရွေးချယ်ခဲ့တဲ့အပေါ် ချယ်လ်ဆီးအသင်းပရိသတ်တွေက စိတ်ပျက်ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ ဆန်ချိုဟာ နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက်...

မန်ယူနိုက်တက်ရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို မကြည့်ဘဲ ရိန်းဂျားစ်ပွဲကိုသာ ဖာဂူဆန် ကြည့်ရှုအားပေး

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ပေါ်တိုအသင်းတို့ (၃-၃)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို မကြည့်ဘဲ ရိန်းဂျားစ်အသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ ရွေးချယ်ခဲ့ပါတယ်။ ရိန်းဂျားစ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရတဲ့ ဒီပွဲစဉ်မှာ လိုင်ယွန်အသင်းကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းရဲ့ပွဲတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ ဖာဂူဆန်ဟာ ကလပ်အသင်းဟောင်းရဲ့ပွဲကို...

ရပ်ရှ်ဖိုဒ့်ကို ပထမပိုင်းအပြီး လူစားလဲတာက ဗီလာနဲ့ပွဲမှာ လန်းဆန်းနေစေဖို့လို့ တန်ဟတ် ဆို

မနေ့က ပေါ်တို(၃-၃)မန်ယူနိုက်တက် ယူရိုပါလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာက ဒဏ်ရာကြောင့်မဟုတ်ဘဲ လာမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လန်းဆန်းနေစေဖို့လို့ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဆိုခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို အသင်းဖော်တိုက်စစ်မှူး...

၃.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ စပါးအသင်းတိုက်စစ်မှူး ဆိုလန်ကီဟာ (၇)နှစ်အကြာမှ ပထမဆုံးအကြိမ် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အောက်တိုဘာထဲယှဉ်ပြိုင်မယ့် UEFA Nations League ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ မက်ဂွဲယားနဲ့ အီဇီတို့ချန်လှပ်ခံခဲ့ရပြီး ဝေါလ်ကာနဲ့ ဘယ်လင်ဂမ်တို့ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ■ နာပိုလီအသင်းကို စီးရီးအေပြိုင်ပွဲမှာ...