Month: October 2024

ဖီယင်နုနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် (၂)နှစ်ကျော်အကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို ဗန်ဒယ်ဘိခ် အဆုံးသတ်ခဲ့

မနေ့က ဂျီရိုနာ(၂-၃)ဖီယင်နု ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျီရိုနာအသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ဟာ (၂)နှစ်ကျော်အကြာမှ သူ့အတွက် ပထမဆုံးသွင်းဂိုးကို ရရှိသွားခဲ့ပါတယ်။ ဗန်ဒယ်ဘိခ်ဟာ မန်ယူနိုက်တက်အသင်းမှာ ဆိုးရွားတဲ့ကစားသမားဘဝကို ဖြတ်သန်းပြီးနောက် နွေရာသီအပြောင်းအရွှေ့ကာလက ထွက်ခွာကာ ဂျီရိုနာအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဗန်ဒယ်ဘိခ်ဟာ အိုင်းယက်စ်အသင်းမှာ...

မိမိတို့ရဲ့ပထမဆုံးရည်မှန်းချက် ပြီးမြောက်ခဲ့ပြီလို့ Supporters’ Shield ရယူပြီးနောက် မက်ဆီဆို

အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၄ မေဂျာလိဂ်ရာသီအတွက် Supporters’ Shield ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် မက်ဆီက ဒါဟာ သူတို့အတွက် ပထမဆုံးရည်မှန်းချက်ပြီးမြောက်ခဲ့ပြီလို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ Supporters’ Shield ကို ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ရယူနိုင်ခဲ့တာပါ။ အင်တာမိုင်ယာမီအသင်းဟာ...

ပရီးမီးယားလိဂ်ဖလားနဲ့ လွဲချော်မှုကို ဒီနှစ်မှာ မိမိတို့ အဆုံးသတ်မယ်လို့ ဆာကာ ကြုံးဝါး

အာဆင်နယ်အတောင်ပံကစားသမား ဆာကာက ပရီးမီးယားလိဂ်ဖလားမရယူနိုင်မှုကို ဒီနှစ်မှာ သူတို့အဆုံးသတ်မယ်လို့ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီချန်ပီယံလိဂ်ပွဲစဉ်(၂)မှာ PSG အသင်းကို အနိုင်ရခဲ့ပြီးနောက် ဒီရာသီကစားထားတဲ့ ပြိုင်ပွဲစုံ(၉)ပွဲစလုံး ရှုံးပွဲမရှိ ရလဒ်ကောင်းတွေရယူထားနိုင်တာပါ။ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၁)မှတ်သာ...

အက်စတွန်ဗီလာနဲ့ ပွဲက ဟာရီကိန်းရဲ့စွမ်းဆောင်ရည်ကို ဂျာမန်သတင်းစာ BILD ဝေဖန်

မနေ့က အက်စတွန်ဗီလာ(၁-၀)ဘိုင်ယန်မြူးနစ်ပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခြင်းမရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းကို ဂျာမန်သတင်းစာ BILD က ဝေဖန်ခဲ့ပါတယ်။ ဟာရီကိန်းဟာ ဂျာမန်မီဒီယာတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး မကြာသေးခင်ရက်ပိုင်းကလည်း BILD ဟာ လေဗာကူဆင်အသင်းနဲ့ ပွဲက ဟာရီကိန်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်မှုပြုလုပ်ခဲ့တာပါ။ ဟာရီကိန်းဟာ ဒီပွဲမှာ...

ရာသီအစဆိုးရွားနေပေမယ့် မိမိ ရာထူးအတွက် ထိတ်လန့်စရာမရှိဘူးလို့ တန်ဟတ် ဆို

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းရာသီအစရလဒ်တွေဆိုးရွားနေပေမယ့် သူ့အတွက် ထိတ်လန့်စရာမရှိဘူးလို့ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံရမယ့် ဖိအားတွေအောက်ကို ရောက်ရှိနေပေမယ့် သူကတော့ အနာဂတ်နဲ့ပတ်သက်ပြီး စိတ်အေးလက်အေးဖြစ်နေတာပါ။...

ဘောလုံးသမားဘဝက အနားယူပြီးနောက် (၃၆)ရက်အကြာမှာ ဘာစီလိုနာထံ ဆက်ဇနီ ပြောင်းရွှေ့

ပိုလန်ဂိုးသမားဟောင်း ဆက်ဇနီဟာ ပြီးခဲ့တဲ့သြဂုတ်ကုန်ပိုင်းကမှ ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပေမယ့် (၃၆)ရက်အကြာမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ပြီး ဘာစီလိုနာအသင်းထံ ရာသီအကုန်ထိစာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ အာဆင်နယ်အသင်းဂိုးသမားဟောင်း ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ကိုဖျက်သိမ်းပြီးနောက် ဘောလုံးသမားဘဝကနေ အနားယူခဲ့သူပါ။...

ချန်ပီယံလိဂ်ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ဆိုရှယ်မီဒီယာမှာ ဆဲလ်တစ်အသင်း လှောင်ပြောင်ခံရ

မနေ့က ဒေါ့မွန်(၇-၁)ဆဲလ်တစ် ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဆဲလ်တစ်အသင်းဟာ စကော့တလန်အတွက် ရှက်ဖို့ကောင်းတယ်ဆိုတဲ့ ရေးသားမှုအပါအဝင် ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်မှုအများအပြားခံခဲ့ရပါတယ်။ ဆဲလ်တစ်အသင်းဟာ ဒေါ့မွန်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီရှုံးပွဲမရှိ ရလဒ်ကောင်းတွေရရှိနေတဲ့ မှတ်တမ်းကောင်းရပ်တန့်သွားခဲ့ရတာပါ။ ဆဲလ်တစ်အသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာကတည်းက ဒေါ့မွန်အသင်းကို (၁-၅)ဂိုးနဲ့ အရေးနိမ့်နေခဲ့ပြီး...

နစ္စတယ်ရွိုင်းက တန်ဟတ်ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ မာတင်ကီအွန် စွပ်စွဲ

အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီအွန်က သူ့ရဲ့ပြိုင်ဘက်ဟောင်း နစ္စတယ်ရွိုင်းဟာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့စောင့်ဆိုင်းနေတယ်လို့စွပ်စွဲခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ခံစားနေရပြီး သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ နစ္စတယ်ရွိုင်းဟာ မန်ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။ ဒတ်ချ်တိုက်စစ်မှူးဟောင်း...

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းရဲ့ ဖရီးကစ်ဂိုးခမ်းခြောက်မှု အဆုံးသတ်စေခဲ့တဲ့ ဆာကာ

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ် အာဆင်နယ်(၂-ဝ) PSG ပွဲမှာ အာဆင်နယ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဆာကာသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးဟာနှစ်ပေါင်း(၂၂)နှစ်အတွင်း အာဆင်နယ်အသင်းရဲ့ ပထမဆုံးချန်ပီယံလိဂ် ဖရီးကစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ၂၀၀၂-၀၃ ရာသီက ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အာဆင်နယ်-ရိုးမားပွဲမှာ တိုက်စစ်မှူးအွန်နရီသွင်းယူခဲ့တဲ့ ဖရီးကစ်နောက်ပိုင်း ဆာကာက အာဆင်နယ်အသင်းအတွက်ချန်ပီယံလိဂ်ဖရီးကစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။...

မိမိအတွက် ကွင်းထဲမှာ အချိန်အများကြီး မကျန်တော့ဘူးဆိုတာသိတယ်လို့ စီရော်နယ်ဒို ဆို

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းက အယ်လ်ရေယန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ သူ့အတွက်ကွင်းထဲမှာ အချိန်အများကြီးမကျန်တော့ဘူးဆိုတာ သိတယ်လို့ ဆိုခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဒီပွဲမှာ အယ်လ်နာဆာအသင်းအတွက်(၁)ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ကစားသမားဘဝမှာသွင်းဂိုးအရေအတွက် (၉၀၄)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်တာပါ။ စပို့တင်းလစ္စဘွန်း၊မန်ယူနိုက်တက်၊ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ ကစားခဲ့တဲ့...