Month: October 2024

တန်ဟတ်လက်ထက်မှာ မန်ယူနိုက်တက်က တိုးတက်လာခြင်းမရှိဘူးလို့ ပေါလ်စခိုးလ် ယုံကြည်

မနေ့က ဖီနာဘာချီ(၁-၁)မန်ယူနိုက်တက် ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရဲ့ဆိုးရွားတဲ့ပုံစံကို ကြည့်ရှုပြီးနောက် ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်စခိုးလ်က မန်ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်လက်အောက်မှာ တိုးတက်လာခြင်းမရှိဘူးလို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဖီနာဘာချီအသင်းနဲ့ သရေကျခဲ့ပြီး ဒီရာသီ ယူရိုပါလိဂ်ပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၃)ပွဲစလုံးသရေကျကာ...

ကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာနဲ့ El Clasico ပွဲကို ကော်တိုအာ လွဲချော်ဖွယ်ရှိ

ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာဟာ ကြွက်သားဒဏ်ရာရရှိနေတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက ထုတ်ပြန်ထားတာကြောင့် လာမယ့် ဘာစီလိုနာအသင်းနဲ့ El Clasico ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တဲ့ ကော်တိုအာဟာ ဒဏ်ရာကြောင့် ဘာစီလိုနာအသင်းနဲ့ပွဲစဉ်အပြင်...

၂၄.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး ဟာလန်းရဲ့နေရာမှာ ရေရှည်အစားထိုးမှုအဖြစ် ဆွီဒင်တိုက်စစ်မှူး ဂျီယိုကီရက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိ ဂျီယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းအတွက် (၆၃)ပွဲကစားထားရာမှာ (၅၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ■ မန်ယူနိုက်တက်အသင်းဟာ နာပိုလီအသင်းတောင်ပံကစားသမား ကဗာရာရှက်ခလီယာနဲ့ ဗဟိုနောက်ခံလူ ဘွန်ဂျော်နိုတို့ကို ခေါ်ယူဖို့...

သွင်းဂိုးကြောင့် အကြီးအကျယ်အောင်ပွဲခံခဲ့ပေမယ့် လူကျွံဘောဖြစ်နေခဲ့လို့ ကာမာဒါ ကြေကွဲ

မနေ့က အေစီမီလန်(၃-၁)ကလပ်ဘရုဂေး ချန်ပီယံလိဂ်ပွဲစဉ်မှာ အေစီမီလန်အသင်းလူငယ်တိုက်စစ်မှူး ကာမာဒါဟာ ဂိုးသွင်းယူနိုင်ခဲ့လို့ အကြီးအကျယ်အောင်ပွဲခံခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ ကြေကွဲနေခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၅)မိနစ်မှာ မိုရာတာရဲ့နေရာ လူစားလဲဝင်ရောက်လာခဲ့တဲ့ ကာမာဒါဟာ ပွဲချိန်မိနစ်(၈၀)ကျော်မှာ ဂိုးသွင်းယူပြီးနောက် သူ့အင်္ကျီကို ချွတ်ကာ ကွင်းထဲလျှောထိုးပြီး အကြီးအကျယ်အောင်ပွဲခံခဲ့တာပါ။...

ရှက်တာဒိုးနက်နဲ့ ပွဲက ကာလာဖီအိုရီရဲ့ဒဏ်ရာကို မိမိ စိုးရိမ်မိတယ်လို့ အာတီတာ ဝန်ခံ

မနေ့က အာဆင်နယ်(၁-ဝ)ရှက်တာဒိုးနက် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ကာလာဖီအိုရီရဲ့ဒဏ်ရာကိုမိမိစိုးရိမ်မိတယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဝန်ခံခဲ့ပါတယ်။ ညာဖက်ဒူးဒဏ်ရာပြဿနာရှိခဲ့တဲ့ ကာလာဖီအိုရီကို အာဆင်နယ်အသင်းဟာ ပွဲချိန်(၇၂)မိနစ်မှာ လူစားလဲမှုပြုလုပ်ခဲ့ရတာပါ။ အာဆင်နယ်အသင်းဟာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းယှဉ်ပြိုင်ရဖို့ရှိနေချိန်မှာ ကာလာဖီအိုရီဒဏ်ရာရခဲ့တဲ့အပေါ်...

အနားယူတာနေ ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ ရိုးမားနဲ့ အီတလီဂန္ထဝင် တော့တီ အရိပ်အမြွက်ဆို

စီးရီးအေကလပ်အသင်းအချို့ရဲ့စိတ်ဝင်စားမှုခံနေရတဲ့ အသက်(၄၈)နှစ်အရွယ်ရှိ ရိုးမားနဲ့ အီတလီဂန္ထဝင် တော့တီဟာ အနားယူတာကနေ ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး ရိုးမားအသင်းတစ်သင်းတည်းမှာသာ သစ္စာရှိရှိကစားခဲ့တဲ့ တော့တီဟာ ၂၀၁၇ က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။ တော့တီဟာ ရိုးမားအသင်းအတွက် (၇၈၆)ပွဲကစားခဲ့ပြီး (၃၀၇)ဂိုးသွင်းယူကာ...

ဘိုလော့ဂ်နာနဲ့ပွဲမှာ လူစားလဲခံရပြီးနောက် အက်စတွန်ဗီလာတိုက်စစ်မှူး ဒူရန် ဒေါသပေါက်ကွဲ

မနေ့က အက်စတွန်ဗီလာ(၂-ဝ)ဘိုလော့ဂ်နာ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဒူရမ်ဟာ လူစားလဲခံရပြီးနောက် အရန်ခုံတန်းပေါ်မှာ ဒေါသပေါက်ကွဲနေခဲ့ပါတယ်။ ဒူရန်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၄)မိနစ်မှာ အက်စတွန်ဗီလာအသင်းရရှိတဲ့ ဒုတိယမြောက်ဂိုးကိုသွင်းယူကာ အောင်ပွဲခံမှုတွေပြုလုပ်ပြီးနောက် (၂)မိနစ်ကြာ(၆၆)မိနစ်မှာ တိုက်စစ်မှူး ဝက်ကင်စ်နဲ့ လူစားလဲမှုပြုလုပ်တာ ခံခဲ့ရတာပါ။ ကိုလံဘီယာတိုက်စစ်မှူး ဒူရန်ဟာ...

X ဆိုရှယ်မီဒီယာအကောင့် Hack ခံရပြီးနောက် အာဒါဂူလာကို ခေါ်ယူမှု ဂျူဗင်တပ်စ် ငြင်းဆန်

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ X ဆိုရှယ်မီဒီယာအကောင့် Hack ခံရပြီးနောက် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အာဒါဂူလာကို ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့မှုကို ငြင်းဆန်ခဲ့ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်ပိတ်သွားခဲ့ပြီဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းရဲ့ X ဆိုရှယ်မီဒီယာအကောင့်မှာ လေဆိပ်ရောက်ရှိနေတဲ့ အာဒါဂူလာရဲ့ပုံကို တင်ခဲ့တာကြောင့် ပရိသတ်တွေဟာ...

အာဆင်နယ်က ဘတ်စကတ်ဘောအသင်းနဲ့ တူတယ်လို့ ကွင်းလယ်လူ မယ်ရီနို ဆို

စပိန်ကွင်းလယ်လူ မယ်ရီနိုက အာဆင်နယ်အသင်းမှာ အရပ်(၆)ပေအထက်ကစားသမားတွေအများအပြားရှိတာကြောင့် ဘတ်စကတ်ဘောအသင်းနဲ့တူတယ်လို့ ဆိုခဲ့ပါတယ်။ အရပ်(၆ ပေ ၂ လက်မ)ရှိတဲ့ မယ်ရီနိုဟာ အာဆင်နယ်အသင်းမှာ အရပ်(၆)ပေအထက် ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသင်းဖော်တွေအနေနဲ့ တည်ကန်ဘောတွေမှာ သူတို့ရဲ့အားသာချက်တွေကို ဆက်ပြီးအသုံးပြုဖို့ အားပေးခဲ့တာပါ။...

ဒိုင်လူကြီးတွေအပေါ် ပြောခဲ့တဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ ဂယ်ရီအိုနေးလ်ကို FA ဆက်သွယ်

ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ အသင်းကြီးတွေအပေါ် သူတို့ရဲ့မသိစိတ်ကနေ ဘက်လိုက်မှုတွေရှိနေနိုင်တယ်ဆိုပြီး ပြောခဲ့တဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြမှုပြုလုပ်ဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ဆက်သွယ်ခြင်းကို ခံထားရပါတယ်။ ဂယ်ရီအိုနေးလ်ဟာ ဝုလ်ဗ်စ်အသင်းက မန်စီးတီးအသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တဲ့ မှတ်ချက်စကားတွေကြောင့်...