Month: October 2024

တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံမှာ နည်းပြကို ထုတ်ပယ်ကြောင်း မောင့်ပယ်လီယာဥက္ကဋ္ဌ ကြေညာ

မောင့်ပယ်လီယာအသင်းဥက္ကဋ္ဌ လောရင့်နီကိုလင်ဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံမှာ နည်းပြ ဇာခါရီယန်ကို ထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး ပြင်သစ်ဘောလုံးပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ မောင့်ပယ်လီယာအသင်းဟာ မနေ့က ကစားခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ မာဆေးလ်အသင်းကို (ဝ-၅)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဒီရာသီကစားထားတဲ့...

ဘာစီလိုနာအတွက် ပြန်ကစားနိုင်ချိန်မှာ ပရိသတ်တွေရဲ့ကြိုဆိုမှုနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဂါဗီဝတ်ဆင်ခဲ့ရ

မနေ့က ဘာစီလိုနာ(၅-၁)ဆီဗီလာ စပိန်လာလီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် (၁)နှစ်ကြာအနားယူခဲ့ရတဲ့ စပိန်ကြယ်ပွင့် ဂါဗီဟာ ဘာစီလိုနာအသင်းအတွက် ပြန်ကစားပေးဖို့ ကွင်းထဲဝင်ရောက်ချိန်မှာ ပရိသတ်တွေရဲ့မတ်တပ်ရပ်ပြီး လက်ခုပ်တီးကြိုဆိုမှုနဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခဲ့ရပါတယ်။ ဂါဗီဟာ ဂျော်ဂျီယာအသင်းနဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားရင်း...

ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့ပေမယ့် ဘိုနီဖေ့စ် ကြီးကြီးမားမား ဒဏ်ရာရခဲ့ခြင်းမရှိ

လေဗာကူဆင်အသင်းတိုက်စစ်မှူး ဘိုနီဖေ့စ်ဟာ စနေနေ့က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့ပြီးနောက် ကြီးကြီးမားမားဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီအဖြစ်အပျက်မတိုင်ခင်မှာ ဘိုနီဖေ့စ်ဟာ လေဗာကူဆင်အသင်းက ဖရန့်ဖတ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ လေဗာကူဆင်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ဘိုနီဖေ့စ်ဟာ...

စာချုပ်သစ်ချုပ်ပြီး လီဗာပူးလ်မှာ ဆာလာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ကာရေဂါ ဆို

ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ နောက်ခံလူဟောင်း ကာရေဂါက တိုက်စစ်ကစားသမား ဆာလာကို စာချုပ်သစ်ချုပ်ပြီး လီဗာပူးလ်အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လီဗာပူးလ်(၂-၁)ချယ်လ်ဆီးပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းယူခဲ့တဲ့ ဆာလာဟာ လီဗာပူးလ်အသင်းအတွက်ကစားထားတဲ့ ပွဲပေါင်း(၃၆၀)မှာ (၂၁၈)ဂိုးသွင်းယူထားပြီး လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်တစ်ဦးအဖြစ် သက်သေပြထားသူပါ။...

စံချိန်တွေ တစ်ပွေ့တစ်ပိုက်နဲ့ မေဂျာလိဂ်ရာသီကို အဆုံးသတ်ခဲ့တဲ့ အင်တာမိုင်ယာမီနဲ့ မက်ဆီ

မေဂျာလိဂ်ပုံမှန်ရာသီ(Regular Season) နောက်ဆုံးပွဲစဉ် အင်တာမိုင်ယာမီ(၆-၂)နယူးအင်္ဂလန်ပွဲမှာ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက ဟက်ထရစ်သွင်းယူပြီး စံချိန်တစ်ပွေ့တစ်ပိုက်နဲ့ ရာသီကို အဆုံးသတ်ခဲ့ပါတယ်။ ဒီပွဲဟာ မေဂျာလိဂ်ပုံမှန်ရာသီရဲ့နောက်ဆုံး(၃၄)ပွဲမြောက်ပွဲဖြစ်ပြီး အင်တာမိုင်ယာမီအသင်းက ရမှတ်(၇၄)မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ ဒီလို မေဂျာလိဂ်ပုံမှန်ရာသီမှာ (၃၄)ပွဲကစားပြီး ရမှတ်(၇၄)မှတ်ရတာက...

၂၀.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ မန်စီးတီးအသင်းဟာ အသင်းခေါင်းဆောင် ဝေါလ်ကာကို ပေါင်(၁၅)သန်းနဲ့ လာမယ့်နွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ အင်္ဂလန်နောက်ခံလူ ဝေါလ်ကာကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ■ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ အယ်လ်အိန်းအသင်းနဲ့ ကစားမယ့် အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ လူစာရင်းထဲပါဝင်မယ်လို့...

မန်ယူနိုက်တက်ပွဲကို မကြည့်ဘဲ အသင်းဟောင်း အဘာဒင်းရဲ့ပွဲကို ဖာဂူဆန် တက်ရောက်ကြည့်ရှု

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းက ဘရန်ဖိုဒ့်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို မကြည့်ဘဲ Celtic Park ကိုလာရောက်ကာ ဆဲလ်တစ်နဲ့ အဘာဒင်းအသင်းတို့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ စကော့တလန်ပရီးမီးယားရှစ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီပွဲရဲ့ပထမပိုင်းမှာ အဘာဒင်းအသင်းဟာ ဆဲလ်တစ်အသင်းရဲ့(၂-ဝ)ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့်...

နယူးကာဆယ်နဲ့ပွဲမှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တဲ့ ဝဲလ်ဘတ် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရ

မနေ့က နယူးကာဆယ်(ဝ-၁)ဘရိုက်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းတိုက်စစ်မှူး ဝဲလ်ဘတ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တာကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပါတယ်။ ဝဲလ်ဘတ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၇)မိနစ်မှာ နယူးကာဆယ်အသင်းနောက်ခံလူ ဖာဘီယန်ရှားနဲ့ တိုက်မိပြီးကွင်းထဲကို လဲကျသွားခဲ့တာကြောင့် ဆေးအဖွဲ့ကို ကွင်းထဲအမြန်ဆုံးဝင်ရောက်လာဖို့ ခေါ်ခဲ့ရတာပါ။ ဝဲလ်ဘတ်ဟာ...

မြေးဖြစ်သူရုတ်တရက်ကွယ်လွန်ခဲ့လို့ ဘန်စလေနဲ့ပွဲမှာ ဘလက်ပူးလ်ကို စတိဗ်ဘရုစ် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့

ဘလက်ပူးလ်အသင်းနည်းပြ စတိဗ်ဘရုစ်ဟာ သူ့ရဲ့မြေးဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မနေ့က ကစားခဲ့တဲ့ဘလက်ပူးလ် (၁-၂) ဘန်စလေ လိဂ်ဝမ်းပွဲစဉ်ကို ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ စတိဗ်ဘရုစ်ရဲ့မြေးဖြစ်သူ (၄)လသားအရွယ်သာရှိသေးတဲ့ မက်ဒီဆင်ဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ ဘလက်ပူးလ်အသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ မက်ဒီဆင်ဟာ စတိဗ်ဘရုစ်ရဲ့သမီးဖြစ်သူနဲ့ ဖူလ်ဟမ်၊...

ကစားသမားဘဝ ပထမဆုံးအနီကတ်နဲ့ ဆာလီဘာအတွက် ကံမကောင်းတဲ့ ရက်သတ္တပတ်

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဘုန်းမောက်(၂-ဝ)အာဆင်နယ်ပွဲမှာ တိုက်ရိုက်အနီကတ်အပြခံခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူဆာလီဘာဟာ ကစားသမားဘဝမှာ ပထမဆုံးအနီကတ်ပြခံရခြင်းဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်နောက်ခံလူဆာလီဘာဟာ ဘုန်းမောက်တိုက်စစ်မှူးအီဗာနယ်လ်ဆင်ကို ဆွဲလှဲခဲ့တဲ့အတွက် Last Defender Rule အရ ပွဲချိန်မိနစ်(၃၀)မှာပဲ တိုက်ရိုက်အနီကတ်ပြခံရတာပါ။ ဒီပွဲရဲ့ဒိုင်လူကြီး ရောဘတ်ဂျူံးစ်က ဆာလီဘာကို...