Month: October 2024

ခိုးရိုက်ဗီဒီယိုတွေကြောင့် ထောင်(၄)နှစ်ကျခံရဖွယ်ရှိနေတဲ့ တောင်ကိုရီးယားတိုက်စစ်မှူးဟွမ်အီဂျိူ

နော်တင်ဂမ်ဖောရက်စ်၊ နော်ဝစ်ချ်စီးတီးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ တောင်ကိုရီးယားတိုက်စစ်မှူးဟွမ်အီဂျိုဟာ လွန်ခဲ့တဲ့(၂)နှစ်က အမျိုးသမီးတွေနဲ့ ချစ်တင်းနှောရာမှာ ဗီဒီယိုခိုးရိုက်ခဲ့တဲ့လုပ်ရပ်တွေအတွက် ထောင်ဒဏ်(၄)နှစ်အထိကျခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ တူရကီကလပ်အလန်ယာစပေါ်အသင်းမှာ ကစားနေတဲ့ ဟွမ်အီဂျိုဟာ တောင်ကိုရီးယားလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲပေါင်း(၆၂)ပွဲအထိ ကစားပေးထားသူပါ။ ဟွမ်အီဂျိုဟာ ၂၀၂၂...

မိမိရဲ့အာဂျင်တီးနားကစားသမားဘ၀ ကုန်ဆုံးဖို့ နီးစပ်လာပြီလို့ မက်ဆီ ဝန်ခံ

ဒီမနက်က အာဂျင်တီးနား(၆-ဝ)ဘိုလီးဗီးယား ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက သူ့ရဲ့အာဂျင်တီးနားကစားသမားဘ၀ ကုန်ဆုံးဖို့ နီးစပ်လာပြီလို့ နိုင်ငံတကာအနာဂတ်နဲ့ပတ်သက်ပြီး မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။ မက်ဆီဟာ ဒီပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဟက်ထရစ်သွင်းပြီး ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ခဲ့တာပါ။ မက်ဆီဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့...

အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် တူချယ်လ်ကို ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တဲ့ FA ကို ပရိသတ်တွေဝေဖန်

အင်္ဂလန်ပရိသတ်အချို့ဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်ကို အင်္ဂလန်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ဆုံးဖြတ်ချက်ကို သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ FA ဟာ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ တူချယ်လ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆွေးနွေးမှုတွေကို အလျင်အမြန်ပြုလုပ်ခဲ့ပြီး အခုအချိန်မှာ ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အင်္ဂလန်အသင်းဟာ...

ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးနဲ့ စီရော်နယ်ဒို ရင်ဆိုင်ခဲ့ရပြီး လုံခြုံရေးကို မာတီနက်ဇ်ဝေဖန်

မနေ့က စကော့တလန်(ဝ-ဝ)ပေါ်တူဂီ UEFA Nations League ပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြ ရောဘတ်တိုမာတီနက်ဇ်က လုံခြုံရေးအပေါ် ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ပရိသတ်တစ်ဦးဟာ ကြော်ငြာဆိုင်းဘုတ်တွေပေါ်ကနေ ကျော်တက်ကာ စီရော်နယ်ဒိုရှိတဲ့နေရာဆီကို ပြေးသွားခဲ့ပေမယ့်...

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆာနေးနဲ့ ဂေါ်ရက်စကာကို ခေါ်ယူဖို့ မန်ယူနိုက်တက် ပစ်မှတ်ထား

မန်ယူနိုက်တက်အသင်းဟာ လူစာရင်းကို ပိုပြီးအားကောင်းစေဖို့အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ဆာနေးနဲ့ ကွင်းလယ်လူ ဂေါ်ရက်စကာတို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက PSG အသင်းကွင်းလယ်လူ အူဂါတေးကို ပေါင်(၅၁)သန်းနဲ့ ခေါ်ယူပြီး အားဖြည့်ထားတာပါ။ ဒါပေမယ့်...

ဘယ်လ်ဂျီယံနဲ့ပွဲက ဆာလီဘာရဲ့ပြင်သစ်အတွက် အဆိုးရွားဆုံးပွဲလို့ ဝေဖန်မှုတွေပြုလုပ်

မနေ့က ဘယ်လ်ဂျီယံ(၁-၂)ပြင်သစ် UEFA Nations League ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာဟာ ပြင်သစ်အတွက် အဆိုးရွားဆုံးပွဲကစားခဲ့တယ်ဆိုပြီး ဝေဖန်မှုပြုလုပ်တာခံခဲ့ရပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းနောက်ခံလူ ကိုနာတေးနဲ့အတူ ပြင်သစ်အသင်းဗဟိုခံစစ်မှာ ပွဲထွက်လာခဲ့တဲ့ ဆာလီဘာဟာ ပွဲချိန်မိနစ်(၂၀)မှာ လိုက်ပ်ဇစ်အသင်းတိုက်စစ်ကစားသမား အိုပန်ဒါကို...

စကော့တလန်နဲ့ပွဲမှာ စီရော်နယ်ဒိုကို အနားပေးမယ်ဆိုတဲ့ ထင်ကြေးသတင်းတွေကို မာတီနက်ဇ် ငြင်းပယ်

ဒီနေ့ကစားမယ့် စကော့တလန်-ပေါ်တူဂီ UEFA Nations League ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကို အနားပေးမယ်ဆိုပြီး ထင်ကြေး‌သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် နည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပယ်ချခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ပိုလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ...

မာတင်နယ်လီရဲ့ဒဏ်ရာကို MRI ရိုက်ခဲ့ရပြီး အာဆင်နယ်ရဲ့ဒဏ်ရာပြဿနာ ပိုဆိုးလာခဲ့

ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီဟာ MRI စကန်ရိုက်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် အာဆင်နယ်အသင်းရဲ့ဒဏ်ရာ ပြဿနာဟာ ပိုပြီးဆိုးလာခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က မာတင်နယ်လီဟာ ညာဘက်ခြေသလုံးရောင်ရမ်းနေပြီး ကုသမှုခံယူနေရတယ်လို့ အတည်ပြုထားတာပါ။ မာတင်နယ်လီဟာ ဘရာဇီးလ်အသင်းက ချီလီအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆...

ပြင်သစ်ပွဲနေ့မှာ ဆွီဒင်ရှိ ကလပ်ရောက်နေခဲ့တဲ့ ဘာပေကို ပြင်သစ်အသင်းဖော်တွေ ကာကွယ်

ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘာပေဟာ ပြင်သစ်အသင်းက အစ္စရေးအသင်းကို အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲနေ့မှာ ဆွီဒင်ရှိနိုက်ကလပ်ရောက်နေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ပြင်သစ်အသင်းဖော်တွေက သူ့ကို ကာကွယ်မှုပြုလုပ်ခဲ့ကြပါတယ်။ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲတွေမှာ ပါဝင်ကစားခဲ့ပေမယ့် ပြင်သစ်လူစာရင်းကနေ နုတ်ထွက်ခဲ့တာကြောင့်...

အရာအားလုံးဖြစ်နိုင်တယ် ပြောပြီး အင်္ဂလန်နည်းပြ ဖြစ်လာနိုင်ခြေကို ဂွါဒီယိုလာ ငြင်းဆန်ခြင်းမရှိ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ Che Tempo Che Fa နဲ့ ပြုလုပ်ခဲ့တဲ့ Show အစီအစဉ်မှာ အရာအားလုံးဖြစ်နိုင်တယ်လို့ပြောပြီး အင်္ဂလန်အသင်းနည်းပြရာထူးကို ငြင်းဆန်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီရာသီကုန်ရင် မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့...