Month: October 2024

အင်္ဂလန်အသင်းနည်းပြရာထူးအတွက် တူချယ်လ် ဆွေးနွေးညှိနှိုင်းနေတယ်လို့ သတင်းထွက်ပေါ်

ချယ်လ်ဆီးအသင်းနည်းပြဟောင်း တူချယ်လ်ဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဂရိအသင်းကို Nations League ပွဲစဉ်မှာ (၁-၂)ဂိုးနဲ့အရေးနိမ့်ပြီး (၁)ရက်သာရှိသေးတဲ့အချိန်မှာ တူချယ်လ်နဲ့ အင်္ဂလန်အသင်းနည်းပြရာထူး သတင်းထွက်ပေါ်လာခဲ့တာပါ။ Bild ဂျာနယ်လစ် ခရစ္စတီယန်ဖော့ခ်က တူချယ်လ်ဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက်...

အသင်းကြီးတစ်သင်းနဲ့ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေလို့ ဒိန်းမတ်နည်းပြရာထူးကို ဆိုးလ်ရှား ငြင်းပယ်

မန်ယူနိုက်တက်အသင်းနည်းပြဟောင်း ဆိုးလ်ရှားဟာ အသင်းကြီးတစ်သင်းနဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေတာကြောင့် ဒိန်းမတ်အသင်းကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ၂၀၂၁ နိုဝင်ဘာကတည်းက ဘယ်အသင်းကိုမှ နည်းပြအဖြစ်ကိုင်တွယ်ရခြင်းမရှိသေးတာပါ။ ဆိုးလ်ရှားဟာ ကလပ်အသင်းတွေနဲ့ နိုင်ငံအသင်းနည်းပြရာထူးတွေအတွက် ချိတ်ဆက်မှုအများအပြားရရှိခဲ့ပေမယ့် သူကတော့ မှန်ကန်တဲ့အလုပ်ကို...

၂၀၂၄ စက်တင်ဘာလရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးကာကွယ်မှု

(Save of the Month) ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးကာကွယ်မှု(Premier League Save of the Month)အဖြစ် မန်ယူနိုက်တက်ဂိုးသမားအိုနာနာရဲ့ ဂိုးကာကွယ်မှုက ရွေးချယ်ခံရပါတယ်။ စက်တင်ဘာလ (၂၁)ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ခရစ္စတယ်ပဲလေ့စ်(ဝ-၀)မန်ယူနိုက်တက်ပွဲမှာ...

၂၀၂၄ စက်တင်ဘာလရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး

(Goal of the Month) ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး(Premier League Goal of the Month)အဖြစ် ဗီလာတိုက်စစ်မှူး ဒူရန်သွင်းယူခဲ့တဲ့ဂိုးက ရွေးချယ်ခံရပါတယ်။ စက်တင်ဘာ(၁၄)ရက်နေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ဗီလာ(၃-၂)အဲဗာတန်ပွဲမှာ ဒူရန်က ပွဲချိန်(၇၆)မိနစ်မှာ...

၂၀၂၄ စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြ မာရက်စကာ

ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆု(Premier League Manager of the Month)ကို ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာက ဆွတ်ခူးခဲ့ပါတယ်။ ဒီနွေရာသီမှ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ အီတလီလူမျိုးနည်းပြမာရက်စကာဟာ စက်တင်ဘာလထဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲအနက်...

၂၀၂၄ စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား ကိုးလ်ပါမား

ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမားကိုးလ်ပါမားဟာ ၂၀၂၄ စက်တင်ဘာလအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု(Premier League Player of the Month)ကို ဆွတ်ခူးခဲ့ပါတယ်။ ကိုးလ်ပါမားဟာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို ဒုတိယအကြိမ်ဆွတ်ခူးရရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ၂၀၂၄ ဧပြီလအတွက် ချီးမြှင့်တဲ့ဆုကို...

အဝတ်လဲခန်းထဲမှာ မန်ယူနိုက်တက်ကစားသမားတချို့ ယုံကြည်မှုပျောက်ဆုံးမှုကိုခံနေရတဲ့ တန်ဟတ်

မန်ယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟတ်ဟာ အသင်း အဝတ်လဲခန်းထဲမှာ အဓိကတိုက်စစ်မှူးရပ်ရှ်ဖို့ဒ်အပါအဝင် ကစားသမားအတော်များများရဲ့ယုံကြည်မှုပျောက်ဆုံးမှုကို ခံနေရကြောင်း ဗြိတိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ အသင်းရဲ့ပွဲစဉ်တချို့မှာ တန်ဟတ်ရဲ့ဆုံးဖြတ်ချက်တွေအပေါ် ကစားသမားတချို့က သဘောမတွေ့ဖြစ်နေကြကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ယူရိုပါလိဂ်ပွဲစဉ်ပေါ်တို(၃-၃)မန်ယူနိုက်တက်ပွဲမှာ ခြေစွမ်းပြဂိုးသွင်းပေးနေတဲ့...

တွမ်မီနေးကို ရောင်းချခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကို ဒီကာနီယို ဝေဖန်

ပရီးမီးယားလိဂ်ဂန္ထဝင်တစ်ဦးဖြစ်တဲ့ အီတလီတိုက်စစ်မှူးဟောင်း ဒီကာနီယိုက စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကို ရောင်းချခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် တွမ်မီနေးကို ပေါင်(၂၅)သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက နာပိုလီအသင်းထံ ရောင်းချခဲ့တာပါ။ တွမ်မီနေးကို ရောင်းချလို့ရရှိတဲ့ ပြောင်းရွှေ့ကြေးကို မန်ယူနိုက်တက်အသင်းဟာ PSG...

အင်္ဂလန်ယူ-၂၁ ထံ ပြန်သွားဖို့ မျှော်လင့်တယ်လို့ ဂရိကို အရေးနိမ့်တဲ့ပွဲအပြီး လီကာစလေ ဆို

မနေ့က အင်္ဂလန်(၁-၂)ဂရိ UEFA Nations League ပွဲအပြီးမှာ အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ လီကာစလေက ဒီပြိုင်ပွဲရဲ့လက်ကျန်ပွဲတွေအပြီးမှာ အင်္ဂလန်ယူ-၂၁ အသင်းထံ ပြန်သွားဖို့ မျှော်လင့်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ လီကာစလေဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကို...

နော်ဝေရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်ပြီးနောက် ဖခင်ဖြစ်တော့မယ်လို့ အသိပေးပြီး ဟာလန်း အောင်ပွဲခံ

မနေ့က နော်ဝေ(၃-ဝ)ဆလိုဗေးနီးယား UEFA Nations League ပွဲစဉ်မှာ (၂)ဂိုးသွင်းပြီး နော်ဝေအသင်းရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာတဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ဖခင်ဖြစ်လာတော့မယ်လို့ အသိပေးတဲ့အောင်ပွဲခံမှုကို ပြုလုပ်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ (၂)ဂိုးကြောင့် နော်ဝေအသင်းအတွက် သွင်းယူတဲ့ဂိုးက (၃၄)ဂိုးအထိ ရှိလာခဲ့တာပါ။...