Main Story

Editor's Picks

Posts Grid

(၁)လနီးပါး ပွဲတွေနဲ့ဝေးကွာနေတဲ့ ဖိုဒန် မန်စီးတီးရဲ့လေ့ကျင့်ခန်းမှာ ပြန်ပါလာ

အင်္ဂလန်ကွင်းလယ်လူ ဖိုဒန်ဟာ ဖျားနာမှုကြောင့် (၁)လနီးပါးကြာပွဲတွေနဲ့ ဝေးကွာပြီးနောက် မန်စီးတီးအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဖိုဒန်ဟာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာသာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ပြီး အစ်ဝှစ်ချ်၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ပွဲတွေကို လွဲချော်ခဲ့တာပါ။ အသက်(၂၄)နှစ်အရွယ်ရှိ ဖိုဒန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့ အိုင်ဒါပေမယ့် ဖိုဒန်ဟာတို့နဲ့ ပွဲတွေအတွက် အင်္ဂလန်အသင်းရဲ့Nations League...

PSG နဲ့ ယူရို(၅၅)သန်း ပေးချေမှုအငြင်းပွားမှုမှာ ကြားဝင်ဖျန်ဖြေပေးမှုကို ဘာပေ ငြင်းပယ်

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ လစာ၊အပိုဆုကြေးတွေနဲ့ ပတ်သက်ပြီး အသင်းဟောင်း PSG အသင်းကနေ ရရှိမယ့် ယူရို(၅၅)သန်းအငြင်းပွားမှုအပေါ် ပြင်သစ်ဘောလုံးလိဂ်တရားရေးကော်မရှင်ရဲ့ကြားဝင်ဖျန်ဖြေမှုပြုလုပ်ဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဘာပေဟာ ဒီအဖြစ်အပျက်မှာ ကော်မရှင်ကို ပါဝင်ပေးဖို့တောင်းဆိုခဲ့ပြီးနောက် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ PSG အသင်းတာဝန်ရှိသူတွေနဲ့ ပါရီမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမယ့် ဘာပေရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီအစည်းအဝေးအတွင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့အရာကို...

နည်းပြ အဲရစ်တန်ဟတ်အပေါ် စီရော်နယ်ဒို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ပို့စ်ကို ဂါနာချို Like ပေးခဲ့

မန်ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုဟာ သူ့ရဲ့Idol ဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ဒတ်ချ်လူမျိုးအဲရစ်တန်ဟတ်အပေါ် ဝေဖန်မှုပြုလုပ်ခဲ့တာကို တင်ထားခဲ့တဲ့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုရဲ့ပို့စ်ကို Like ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂါနာချိုဟာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့ဒေါသနဲ့ ရင်ဆိုင်လာရဖွယ်ရှိနေတာပါ။ စီရော်နယ်ဒိုဟာ မကြာသေးခင်က မန်ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ကလပ်ဟောင်းဟာ...

ဇင်ဘာဘွေ-ကင်မရွန်းပွဲအပြီး ကွင်းထဲက အိုနာနာထွက်ချိန်မှာ ယူဂန်ဒါပရိသတ်တွေ ဝိုင်းရံ

မနေ့က ဇင်ဘာဘွေ(ဝ-ဝ)ကင်မရွန်း Africa Cup of Nations ခြေစစ်ပွဲမှာ ကင်မရွန်းအသင်းနဲ့ သီးခြားကွင်းထဲက ထွက်ခွာခဲ့တဲ့ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ ယူဂန်ဒါပရိသတ်ရာနဲ့ချီ ဝိုင်းရံခြင်းခံခဲ့ရပါတယ်။ ယူဂန်ဒါနိုင်ငံမှာ မန်ယူနိုက်တက်အသင်းကို အားပေးတဲ့ ပရိသတ်တွေအများအပြားရှိပြီး နိုင်ငံအတွင်းမှာရှိတဲ့ ပရိသတ်တွေအတွက် Facebook အစုအဖွဲ့မှာ Followers(၆၀၀,၀၀၀)နီးပါး ရှိတယ်လို့ သိရတာပါ။...

ပါရာဂွေးကို အရေးနိမ့်ပြီးနောက် ဘရာဇီးလ်ပရိသတ်တွေကို ဗင်နီစီယပ်စ် တောင်းပန်

ဒီမနက်က ပါရာဂွေး(၁-ဝ)ဘရာဇီးလ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်က ဘရာဇီးလ်အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ခြေစစ်ပွဲ(၈)ပွဲကစားအပြီးမှာ (၁၀)မှတ်သာရယူထားနိုင်ကာ အာဂျင်တီးနား၊ကိုလံဘီယာ၊ဥရုဂွေး၊အီကွေဒေါအသင်းတို့ရဲ့အနောက်အဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။ ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အဆင့်(၆)နေရာက ဗင်နီဇွဲလားအသင်းနဲ့ ရမှတ်တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ အဆင့်(၅)နေရာရပ်တည်နေသလို အဆင့်(၇)နေရာက ပါရာဂွေး၊အဆင့်(၈)နေရာက ဘိုလီးဗီးယားအသင်းတို့နဲ့(၁)မှတ်သာကွာဟတာဖြစ်ပါတယ်။ ဗင်နီစီယပ်စ်ဟာ...

အမေရိကန် လက်ရွေးစင်အသင်းနည်းပြအဖြစ် ပိုချက်တီနို ခန့်အပ်ခံရ

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရကြောင်းသိရပါတယ်။ ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့လတွေကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အခုမှ တရားဝင်အတည်ပြုနိုင်ခဲ့တာပါ။ ပိုချက်တီနိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုကနေထွက်ခွာခဲ့ရတာကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဘာဟယ်တာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး အမေရိကန်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ဥရောပထိပ်တန်းကလပ်အချို့ကို ကိုင်တွယ်ခဲ့ပေမယ့် နိုင်ငံအသင်းတစ်သင်းကို ပထမဆုံးအကြိမ်အဖြစ်...