Day: June 2, 2024

မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိမှာဖြစ်ပြီး လာမယ့်အပတ်ထဲ စာချုပ်သစ်ချုပ်ဆိုမယ်

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိမှာဖြစ်ပြီး လာမယ့်အပတ်ထဲ စာချုပ်သစ်ချုပ်ဆိုမယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။ မိုဒရစ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ဇွန်(၃၀)ရက်မှာ ကုန်ဆုံးမှာဖြစ်လို့ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာတွေဖြစ်နေခဲ့တာပါ။ ဒါပေမယ့် မိုဒရစ်ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းမှာ...

ဒေါ့မွန်အသင်းနောက်ခံလူ အီယန်မတ်ဆန်ဟာ အမှားအယွင်းပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတာကို နည်းပြ တာဇစ်က ကာကွယ်ခဲ့

မနေ့က ဒေါ့မွန်(ဝ-၂)ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒေါ့မွန်အသင်းနောက်ခံလူ အီယန်မတ်ဆန်ဟာ အမှားအယွင်းပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေခံနေရတာကို နည်းပြ တာဇစ်က ကာကွယ်ခဲ့ပါတယ်။ အီယန်မတ်ဆန်ဟာ သူ့ရဲ့အမှားအယွင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို ဒုတိယမြောက်သွင်းဂိုးပေးခဲ့ရတဲ့အတွက် ဝေဖန်မှုတွေခံနေရတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက...

ဒေါ့မွန်ကိုအနိုင်ရပြီး(၁၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကိုရယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ဒေါ့မွန်(ဝ-၂)ရီးရဲလ်မက်ဒရစ်(ချန်ပီယံလိဂ်ဗိုလ်လုပွဲ) ၂၀၂၃-၂၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲက ပြီးခဲ့တဲ့နောက်ဆုံး(၅)ရာသီဆက်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေလိုပဲ အစဉ်အလာမပျက် တစ်သင်းကဂိုးသွင်း၊ ကျန်တစ်သင်းက ဂိုးမရဘဲ (၂-ဝ)ရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။ ဗိုလ်လုပွဲကို တတိယအကြိမ်မြောက်တက်လာတဲ့ ဒေါ့မွန်အသင်းက ဒုတိယအကြိမ်အသည်းကွဲခဲ့ရပြီး ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်မက်ဒရစ်ကတော့ (၁၅)ကြိမ်မြောက် ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက...