Day: June 20, 2024

၂၀.၆.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ လက်စတာအသင်းဟာ နော်တင်ဂမ်ဖောရက်စ်အသင်းနည်းပြဟောင်း စတိဗ်ကူးပါးကို နည်းပြသစ်အဖြစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ လက်စတာအသင်းဟာ ထွက်ခွာသွားတဲ့ နည်းပြ မာရက်စ်ကာရဲ့နေရာမှာအစားထိုးဖို့ နည်းပြအများအပြားနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ စတိဗ်ကူးပါးကို နည်းပြသစ်အဖြစ်ခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ■ လာဇီယိုအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို...

ဆွစ်ဇာလန်နဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ တီယာနေး ဟန်ဂေရီနဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ စတိဗ်ကလက်ခ်ဆို

မနေ့က စကော့တလန်(၁-၁)ဆွစ်ဇာလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်အသင်းဘယ်နောက်ခံလူ တီယာနေးဟာ ဟန်ဂေရီအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မယ်လို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလပ်ခ်က ပွဲအပြီး BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ တီယာနေးဟာ ဒဏ်ရာအခြေအနေဆိုးခဲ့တာကြောင့်...

ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီလူစာရင်းမှာ ချန်လှပ်ခံရတဲ့ ဟမ်းမဲလ် ဂရိအသင်းအင်္ကျီနဲ့ လေ့ကျင့်မှုပြုလုပ်

ဒေါ့မွန်အသင်းနောက်ခံလူဟောင်း ဟမ်းမဲလ်ဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီအသင်းလူစာရင်းမှာ ချန်လှပ်ခံရပြီးနောက် ဂရိအသင်းအင်္ကျီကိုဝတ်ဆင်ကာ လေ့ကျင့်မှုတွေပြုလုပ်နေခဲ့ပါတယ်။ ဝါရင့်နောက်ခံလူ ဟမ်းမဲလ်ဟာ ဒေါ့မွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းသစ်ရှာဖွေမှုတွေပြုလုပ်နေတာပါ။ ဟမ်းမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်အောင် အဓိကအခန်းကဏ္ဍကနေ...

ဝေဖန်မှုတွေခံနေရတဲ့ အာနိုးလ်နဲ့ ဖိုဒန်ကို အင်္ဂလန်ပွဲထွက်လူစာရင်းမှာ ဆောက်ဂိတ် ထပ်ပြီးအသုံးပြုဖွယ်ရှိ

ဒီနေ့ကစားမယ့် ဒိန်းမတ်-အင်္ဂလန် ယူရို-၂၀၂၄ အုပ်စုဒုတိယပွဲစဉ်မှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပွဲစဉ်မှာ ဝေဖန်မှုတွေခံခဲ့ရတဲ့ ကွင်းလယ်လူ အာနိုးလ်နဲ့ ဖိုဒန်ကို ပွဲထွက်လူစာရင်းမှာ ထပ်ပြီးအသုံးပြုလာဖို့ရှိနေပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းက ဆားဘီးယားအသင်းကို(၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ...

လှပသေသပ်စွာ အဆုံးသတ်ခဲ့တဲ့ ရှာကီရီရဲ့ အဖိုးတန်ချေပဂိုး

GOAL OF THE ROUND CONTENDER ■ Video - ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးတွေထဲမှာ ပါလာနိုင်တဲ့ အုပ်စု(A)ပွဲစဉ် စကော့တလန်(၁-၁)ဆွစ်ဇာလန်ပွဲက ရှာကီရီရဲ့ဂိုး

နောက်ဆုံးကျင်းပတဲ့ အဓိက နိုင်ငံတကာပြိုင်ပွဲကြီး (၆)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စု(A)ပွဲစဉ် စကော့တလန်(၁-၁)ဆွစ်ဇာလန်ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ ကွင်းလယ်လူရှာကီရီဟာ နောက်ဆုံးကျင်းပထားတဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၆)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ရှာကီရီဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်ဆက်တိုက်နဲ့ နောက်ဆုံးယူရိုပြိုင်ပွဲ(၃)ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာပါ။ ရှာကီရီဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲက...

ဒိန်းမတ်နဲ့ ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်း အစီအစဉ်ကို လုပ်ခ်ရှော လွဲချော်

မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ဒိန်းမတ်အသင်းနဲ့ ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။ လုပ်ခ်ရှောဟာ ပြီးခဲ့တဲ့ အင်္ဂလန်(၁-ဝ)ဆားဘီးယား အုပ်စုအဖွင့်ပွဲစဉ်မှာလည်း အင်္ဂလန်အသင်းအတွက်မပါဝင်နိုင်ခဲ့တာကြောင့် ထရစ်ပီယာက ဘယ်နောက်ခံလူအဖြစ် ပွဲထွက်ခဲ့ရတာပါ။ လုပ်ခ်ရှောဟာ မန်ယူနိုက်တက်အသင်းက လူတန်အသင်းကို...

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ ဘာပေ နှာခေါင်းခွဲစိတ်မှုခံယူရမယ်လို့ ဒေးရွှမ့်စ် အတည်ပြု

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်စ်က အသင်းခေါင်းဆောင် ဘာပေဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ နှာခေါင်းခွဲစိတ်မှုခံယူရမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်တရားဝင်မီဒီယာနဲ့တွေ့ဆုံချိန်မှာ အတည်ပြုပြောခဲ့ပါတယ်။ ပြင်သစ်အသင်းက သြစတြီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဘာပေဟာ ပြိုင်ဘက်နောက်ခံလူရဲ့ပခုံးနဲ့ မျက်နှာထိခိုက်မိပြီး...

ယူရို ၂၀၂၄ အုပ်စုပွဲစဉ် ဂျာမနီ(၂-ဝ)ဟန်ဂေရီပွဲ Highlight Video

■ Video - ယူရို ၂၀၂၄ အုပ်စုပွဲစဉ် ဂျာမနီ(၂-ဝ)ဟန်ဂေရီပွဲမှာ ဂန်ဒိုဂန်ရဲ့ပေးပို့မှုကနေ မူဆီယာလာသွင်းယူခဲ့တဲ့ဂိုး(၂၂ မိနစ်)နဲ့ မစ်တယ်စတက်ဒ်ရဲ့ပေးပို့မှုကနေ ဂွန်ဒိုဂန်သွင်းယူခဲ့တဲ့ဂိုး(၆၇ မိနစ်) ■ စကော့တလန်နဲ့ ပွဲမှာ တစ်ဂိုးသွင်းခဲ့တဲ့ မူဆီယာလာဟာ ဒီယူရိုပြိုင်ပွဲမှာ ပထမဆုံး...