Day: June 5, 2024

ဗာရန်း၊မာရှယ် အပါအဝင် ကစားသမား(၇)ဦးနဲ့ လမ်းခွဲကြောင်း မန်ယူနိုက်တက် ကြေညာ

မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ အသင်းကထွက်ခွင့်ပြုမယ့် ကစားသမား(၇)ဦးစာရင်းကို ကြေညာခဲ့ပါတယ်။ လက်ရှိနည်းပြတန်ဟတ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဝေေ၀ဝါးဝါးဖြစ်နေသေးပေမယ့် အသင်းက ကစားသမားတချို့ကိုတော့ ဆက်လက်လက်တွဲတော့မှာမဟုတ်ကြောင်း မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အတည်ပြုခဲ့တာပါ။ မန်ယူနိုက်တက်အသင်းအတည်ပြုတဲ့အထဲမှာ သတင်းတွေ ကြိုတင်ထွက်ရှိထားတဲ့အတိုင်း ပြင်သစ်နောက်ခံလူဗာရန်းနဲ့ ပြင်သစ်တိုက်စစ်မှူးမာရှယ်တို့ ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားတွေက ပြီးခဲ့တဲ့...

နာပိုလီနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီ

ပြီးခဲ့တဲ့ဘောလုံးရာသီကို စိတ်ပျက်စရာရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ နာပိုလီအသင်းဟာ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ နာပိုလီအသင်းဟာ ၂၀၂၂-၂၃ ရာသီက စီးရီးအေဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြ စပယ်လက်တီထွက်ခွာသွားပြီးနောက် သူ့ရဲ့နေရာမှာ ရူဒီဂါစီယာ၊မက်ဇာရီနဲ့ ကယ်လ်ဇိုနာတို့ကို နည်းပြတွေအဖြစ်ခန့်အပ်ခဲ့ပေမယ့်...

မာရက်စ်ကာအတွက် လက်စတာအသင်းကို လျော်ကြေး ပေါင်(၁၀)သန်းပေးခဲ့ရတဲ့ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် မာရက်စ်ကာကို ခန့်အပ်ခြင်းအတွက် သူ့ရဲ့အရင်အသင်း လက်စတာကို လျော်ကြေးပေါင်(၁၀)သန်းပေးခဲ့ရပါတယ်။ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြဟောင်းဖြစ်သူ မာရက်စကာကို ချယ်လ်ဆီးအသင်းက တစ်နှစ်လစာငွေ ပေါင်(၄.၂)သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လက်စတာအသင်းကို မာရက်စ်ကာအတွက် လျော်ကြေးပေါင်(၈)သန်း၊ ကျန်နည်းပြအဖွဲ့ဝင်တွေအတွက် ပေါင်(၂)သန်းပေးခဲ့ရတာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေကဖော်ပြကြပါတယ်။...

ရီးရဲလ်မက်ဒရစ်ကစားသမားတွေ လွှမ်းမိုးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ချန်ပီယံလိဂ် အကောင်းဆုံးဆုများ

၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုတွေကို ချီးမြှင့်ခဲ့ရာမှာ ချန်ပီယံရီးရဲလ်မက်ဒရစ် ကစားသမားတွေက ဆုတွေကို သိမ်းကျူံးရယူခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု(Best Player of the Season)ကို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူးဗင်နီစီယပ်စ်က ဆွတ်ခူးခဲ့ပြီး၊ အကောင်းဆုံးလူငယ်ကစားသမားဆု(Best Young Player Award)ကို...

PSG အသင်းမှာရှိတဲ့ လူအချို့က မိမိကိုမပျော်ရွှင်အောင်လုပ်ခဲ့တယ်လို့ ဘာပေဆို

ပြင်သစ်တိုက်စစ်မှူး ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့အတည်ပြုပြီးနောက် ပထမဆုံးပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံမှုမှာ အသင်းဟောင်း PSG အသင်းမှာရှိတဲ့ လူအချို့က သူ့ကိုမပျော်ရွှင်အောင် လုပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဇွန်(၃၀)ရက်အကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းထံ (၅)နှစ်စာချုပ်နဲ့...

အိုဆီမန်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အာဆင်နယ်ကစားသမား(၂)ဦးကို နာပိုလီအလိုရှိ

နာပိုလီအသင်းဟာ အာဆင်နယ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန်ရဲ့အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အာဆင်နယ်အသင်းကွင်းလယ်လူ စမစ်ရိုးလ်နဲ့ နောက်ခံလူ တိုမီယာဆုတို့ကို လိုချင်နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြထားပါတယ်။ အိုဆီမန်ဟာ နွေရာသီမှာ နာပိုလီအသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပြီး သူ့ကို ခေါ်ယူဖို့...