Day: June 24, 2024

ဒိုလေးကဆိုးတော့ဆိုးတယ် .. ခြေသည်းနီ

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုအနေနဲ့ ဘယ်လောက်ကောင်းတဲ့ ကစားသမားဖြစ်ပါစေ … သူ့မှာ ဆိုးတာတစ်ခုတော့ရှိပါတယ်။ ခြေသည်းနီပါ။ စီရော်နယ်ဒိုဟာ ဘောလုံးပွဲတွေမှာကစားရင်ဖြစ်ဖြစ်၊ လေ့ကျင့်ခန်းဆင်းရင်ဖြစ်ဖြစ်ခြေသည်းနီ အမြဲဆိုးလေ့ရှိပါတယ်။ ဒီလို ခြေသည်းနီဆိုးတယ်ဆိုလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဒိုလေးကို ဖုန်းကညာတစ်ပါး၊ လုံးရာက ပြားချင်နေပြီလို့မထင်ပါနဲ့။...

ဆလိုဗေးနီးယားနဲ့ ပွဲမတိုင်ခင် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ လုပ်ခ်ရှောပါဝင်လာ

မန်ယူနိုက်တက်အသင်းဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် ဖေဖော်ဝါရီကတည်းက ပွဲကစားနိုင်ခြင်းမရှိခဲ့တဲ့ လုပ်ခ်ရှောဟာ သူ့ရဲ့အင်္ဂလန်လက်ရွေးစင်အသင်းဖော်တွေနဲ့ ပထမဆုံးအကြိမ် လေ့ကျင့်မှုပြုလုပ်နိုင်ခဲ့တာပါ။ လုပ်ခ်ရှောဟာ အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲစလုံးကို မပါဝင်နိုင်ခဲ့သလို အသင်းဖော်တွေနဲ့ အဝေးမှာသာ ကြံ့ခိုင်မှုပိုင်းကောင်းမွန်အောင်...

VAR က ပယ်နယ်တီမပေးခဲ့တာကို နားမလည်ဘူးလို့ စကော့တလန် နည်းပြ ဆို

မနေ့က စကော့တလန်(ဝ-၁)ဟန်ဂေရီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ မိမိတို့အသင်းရရှိမယ့် ပယ်နယ်တီကို VAR က မပေးခဲ့တဲ့အပေါ် နားမလည်နိုင်ဘူးလို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲပြီးဖို့(၁၀)မိနစ်အလိုမှာ စကော့တလန်ကွင်းလယ်လူ အမ်စထရောင်းကို ဟန်ဂေရီနောက်ခံလူ အော်ဘန်က ဂိုးဧရိယာအတွင်း...

ယူရိုပြိုင်ပွဲသမိုင်းမှာ ပွဲအများဆုံးကစားတဲ့ ဂိုးသမားအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ နော်ယာ

ဂျာမနီလက်ရွေးစင်အသင်းရဲ့ဝါရင့်ဂိုးသမားမန်နူယယ်နော်ယာက ယူရို-၂၀၂၄ အုပ်စုနောက်ဆုံးပွဲစဉ် ဆွစ်ဇာလန်-(၁-၁)ဂျာမနီပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲအများဆုံးဂိုးသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ နော်ယာက နာမည်ကျော်အီတလီဂိုးသမားဘူဖွန်အရင်တင်ထားခဲ့တဲ့ (၁၇)ပွဲစံချိန်ကို ဒီပြိုင်ပွဲမှာ ကျော်ဖြတ်ပြီး (၁၈)ပွဲနဲ့ စံချိန်သစ်တင်ခဲ့တာပါ။ နော်ယာဟာ ဒီယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးယူရိုပြိုင်ပွဲ(၃)ခုမှာ စုစုပေါင်းပွဲ(၁၅)ပွဲကစားထားခဲ့တာပါ။ ယူရို-၂၀၁၂ မှာ...

မျက်နှာထိခိုက်ခဲ့တဲ့ ဗာဂါ ဆေးရုံမှာအခြေအနေတည်ငြိမ်နေပြီလို့ ဟန်ဂေရီနည်းပြ မာကိုရော့စီ ဆို

မနေ့က စကော့တလန်(ဝ-၁)ဟန်ဂေရီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ စကော့တလန်အသင်းဂိုးသမား ဂန်းနဲ့ထိခိုက်မိပြီး မျက်နှာမှာပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တဲ့ ဟန်ဂေရီအသင်းတိုက်စစ်မှူး ဗာဂါဟာ ဆေးရုံမှာအခြေအနေတည်ငြိမ်နေပြီလို့ နည်းပြ မာကိုရော့စီက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၇)မိနစ်မှာ ဗာဂါဟာ ဂန်းနဲ့ထိခိုက်မိပြီး ကွင်းအတွင်းလဲကျခဲ့တာကြောင့် ကုသမှုခံယူခဲ့ရတဲ့အတွက်...

ပေးချေရခြင်းမရှိသေးတဲ့ လစာနဲ့ အပိုဆုကြေးအတွက် ယူရိုသန်း(၁၀၀)ပေးဖို့ PSG ကို ဘာပေ တောင်းဆို

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ PSG အသင်းကနေ သူရဖို့ရှိနေတဲ့ ယူရိုသန်း(၁၀၀)အတွက် သူ့ရဲ့တရားဝင်ကိုယ်စားလှယ်တွေကနေ တဆင့် တရားဝင်တောင်းဆိုမှုပြုလုပ်ခဲ့တယ်လို့ 'L'Equipe' က ဖော်ပြထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မယ့် ဘာပေနဲ့ PSG အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီလအကုန်မှာ ကုန်ဆုံးတော့မှာပါ။...

ဆွစ်ဇာလန်ကို သရေကစားကာ ဂျာမနီအုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ဟန်ဂေရီ တတိယနေရာရယူခဲ့တဲ့ ယူရိုအုပ်စု-ဘီ

ဆွစ်ဇာလန်(၁-၁)ဂျာမနီစကော့တလန်(ဝ-၁)ဟန်ဂေရီ(ယူရို-၂၀၂၄ အုပ်စု-A နောက်ဆုံးပွဲများ) ယူရို-၂၀၂၄ အိမ်ရှင်ဂျာမနီအသင်းက အုပ်စုနောက်ဆုံးပွဲရဲ့ ထပ်ဆောင်းအချိန်ပိုမှာသွင်းယူခဲ့တဲ့ချေပဂိုးကြောင့် ဆွစ်ဇာလန်နဲ့သရေကျခဲ့ပြီး Round of 16 အဆင့်ကို အုပ်စုဗိုလ်အဖြစ်တက်ရောက်နိုင်ခဲ့တယ်။ နှစ်သင်းစလုံးနောက်တစ်ဆင့်အတွက် သေချာနေပေမယ့် အုပ်စုဗိုလ်နေရာရဖို့ ဒီပွဲမှာ ဂျာမနီအသင်းက အရင်ပွဲတွေလိုပဲ လူစုံတက်စုံနဲ့...