Day: June 7, 2024

တန်ဟတ်နေရာကိုအစားထိုးဖို့ မန်ယူနိုက်တက်ရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်လာတဲ့ ဆောက်ဂိတ်

မန်ယူနိုက်တက်အသင်းပိုင်ရှင်ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ လက်ရှိနည်းပြတန်ဟတ်နေရာအစားထိုးဖို့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဆောက်ဂိတ်ကို နံပါတစ်ပစ်မှတ်အဖြစ် ရည်မှန်းထားတယ်လို့ ဗြိတိန်သတင်းတွေက ဖော်ပြကြပါတယ်။ မန်ယူနိုက်တက်အသင်းနည်းပြသစ်ရေပန်းစားမှုမှာ ပိုချက်တီနို၊ ဒီဇာဘီ၊ တူချယ်လ်၊ သောမတ်စ်ဖရန့်အစရှိတဲ့ နည်းပြတွေရှိနေပြီး အခုအချိန်မှာတော့ တန်ဟတ်က ဒီနည်းပြတွေကို ကျော်ပြီး ရေပန်းအစားဆုံးနည်းပြဖြစ်လာခဲ့တာပါ။ Independent သတင်းစာရဲ့ဖော်ပြချက်အရ...

နည်းပြမာရက်စ်ကာလက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အဒါရာဘီယိုကို ချယ်လ်ဆီးခေါ်ယူ

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ် မာရက်စ်ကာလက်ထက်မှာ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဖူလ်ဟမ်အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ထွက်ခွာလာခဲ့တဲ့ နောက်ခံလူ အဒါရာဘီယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အရပ်(၆)ပေ(၅)လက်မရှိတဲ့ မန်စီးတီးအကယ်ဒမီထွက် အဒါရာဘီယိုဟာ ချယ်လ်ဆီးအသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ ချယ်လ်ဆီးကစားသမားသစ် အဒါရာဘီယို အဒါရာဘီယိုကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းနဲ့...

လောင်းကစားစည်းမျဉ်းးချိုးဖောက်မှုကြောင့် ပွဲပယ်ခံခဲ့ရတဲ့ ဖာဂီယိုလီကို ယူရိုအပြီးသတ်လူစာရင်းထဲ အီတလီရွေးချယ်

အီတလီအသင်းဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် (၇)လကြာပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကနေ မကြာသေးခင်ကမှ ပြန်လာနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ဖာဂီယိုလီကို ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းထဲ ရွေးချယ်ခဲ့ပါတယ်။ ဖာဂီယိုလီဟာ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လာနိုင်ခဲ့ပြီးနောက် ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အီတလီအသင်းရဲ့ပဏာမလူစာရင်းထဲ ပါဝင်လာခဲ့တာပါ။ ဖာဂီယိုလီဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်ခဲ့တာကြောင့်...

အိုလံပစ်ပြိုင်ပွဲကစားချင်လို့ အက်စတွန်ဗီလာရဲ့ ဆုံးဖြတ်ချက်ကို တိုက်ပွဲဝင်ဖို့ အီမီမာတီနက်ဇ် စီစဉ်

အက်စတွန်ဗီလာအသင်းဟာ နွေရာသီမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲအတွက် ဂိုးသမား အီမီမာတီနက်ဇ်ကို ခေါ်ယူခြင်းမပြုဖို့ အာဂျင်တီးနားအသင်းကို အသိပေးထားပေမယ့် အီမီလီယာနိုမာတီနက်ဇ်ကတော့ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားဖို့ စိတ်အားထက်သန်နေတဲ့အတွက် ဒီဆုံးဖြတ်ချက်ကို တိုက်ပွဲဝင်ဖို့ စီစဉ်နေပါတယ်။ အီမီမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက်...

ယူရို- ၂၀၂၄ အပြီးသတ်လူစာရင်းမှာ ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့ကြလို့ အင်္ဂလန်ကြယ်ပွင့်တွေ အံ့အားသင့်

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား(၂၆)ဦးစာရင်းထုတ်ပြန်ခဲ့ရာမှာ မန်စီးတီးတောင်ပံကစားသမား ဂရီးလစ်ရှ်ကို ချန်လှပ်ခဲ့တဲ့အတွက် အင်္ဂလန်ကြယ်ပွင့်ကစားသမားတွေဟာ အံ့အားသင့်နေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမထုတ်ပြန်ခင်ကတည်းက ဂရီးလစ်ရှ်ဟာ လူစာရင်းက ချန်လှပ်ခံရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။ အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ...

လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်လက်ကျင့်သုံးဖို့ ကန့်ကွက်မဲ (၁) မဲနဲ့ ထောက်ခံမဲ (၁၉) မဲ ရခဲ့တဲ့ VAR

ပြီးခဲ့တဲ့ရာသီက VAR ရဲ့လွဲမှားတဲ့ဆုံးဖြတ်ချက်တွေကြောင့် ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ရမှတ်အများဆုံး ဆုံးရှုံးခဲ့ရတဲ့ ဝုလ်ဗ်စ်အသင်းက ဦးဆောင်ပြီး ပရီးမီးယားလိဂ်မှာ ဗီဒီယိုအထောက်အကူပြု ဒိုင်လူကြီးစနစ် (VAR စနစ်) ပယ်ဖျက်ရေးအဆိုတင်သွင်းခဲ့တာကို မနေ့က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပရီးမီးယားလိဂ်ရှယ်ယာရှင်များနှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်း(၂၀)သင်းက အသင်းတာဝန်ရှိသူတွေ...

နိုင်ငံတကာဘောလုံးလောကကနေ အနားယူသွားတဲ့ အိန္ဒိယမက်ဆီ သို့မဟုတ် ချက်ထရီ

နိုင်ငံတကာဘောလုံးလောကမှာ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်လ်ဒို၊ အီရန်တိုက်စစ်မှူးအလီဒါယီ၊ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီတို့အပြီး စတုတ္ထအများဆုံးအဖြစ် မှတ်တမ်းဝင်ထားတဲ့ အိန္ဒိယဝါရင့်တိုက်စစ်မှူးဆူနေးလ်ချက်ထရီ(၃၉ နှစ်)ဟာ မနေ့က ကစားခဲ့တဲ့ (၂၀၂၆)ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲ အိန္ဒိယ(ဝ-၀)ကူဝိတ်ပွဲအပြီးမှာ နိုင်ငံတကာဘောလုံးလောကက အနားယူသွားခဲ့ပါတယ်။ ချက်ထရီဟာ အိန္ဒိယလက်ရွေးစင်အသင်းနဲ့ မြန်မာလက်ရွေးစင်အသင်းဆုံတွေ့တဲ့နိုင်ငံတကာပွဲတွေမှာ မြန်မာအသင်းဘက်ကို...