Day: June 15, 2024

လူမျိုးရေးခွဲခြားတဲ့ နောက်ပြောင်မှုပြုလုပ်ပြီးနောက် ဆွန်ဟောင်မင်ကို ဘန်တန်ကာ တောင်းပန်

ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာဟာ အင်တာဗျူးတစ်ခုမှာ လူမျိုးရေးခွဲခြားတဲ့ နောက်ပြောင်မှုပြုလုပ်ပြီးနောက် စပါးအသင်းဖော် ဆွန်ဟောင်မင်ကို လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။ ဘန်တန်ကာဟာ သူ့ကို အင်တာဗျူးပြုလုပ်တဲ့သူက စပါးအသင်းဖော် ဆွန်ဟောင်မင်ရဲ့အင်္ကျီတောင်းခံချိန်မှာ သူတို့တွေအားလုံးဟာ ရုပ်အတူတူပဲဖြစ်တဲ့အတွက် ဆွန်ဟောင်မင်ရဲ့ဝမ်းကွဲညီအစ်ကိုဆီကနေ အင်္ကျီယူသင့်တယ်လို့ ပြောခဲ့တာပါ။ ဒီလိုပြောဆိုမှုဟာ လူမျိုးရေးခွဲခြားသလိုဖြစ်ခဲ့ပြီး...

ဆွစ်ဇာလန်နည်းပြ ယာကင်နဲ့ စိတ်ဝမ်းကွဲနေတယ်ဆိုတဲ့ သတင်းတွေကို ရှာကာပယ်ချ

ဒီနေ့ကစားမယ့် ဟန်ဂေရီ-ဆွစ်ဇာလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆွစ်ဇာလန်အသင်းခေါင်းဆောင် ရှာကာက နည်းပြ ယာကင်နဲ့ စိတ်ဝမ်းကွဲမှုဖြစ်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကို ပယ်ချခဲ့ပါတယ်။ ဆွစ်ဇာလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲနောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာ အန်ဒိုရာတစ်သင်းတည်းကိုသာ...

ဂျာမနီနဲ့ပွဲက အပြုအမူအတွက် ရောဘတ်ဆန်နဲ့ တီယာနေးကို ပရိသတ်တွေလှောင်ပြောင်

မနေ့က ဂျာမနီ(၅-၁)စကော့တလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာ ကွင်းအတွင်း အောင်ပွဲခံသလို ပြုမူခဲ့တဲ့ စကော့တလန်အသင်းအသင်းခေါင်းဆောင် ရောဘတ်ဆန်နဲ့ နောက်ခံလူတီယာနေးတို့ကို ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်ခဲ့ကြပါတယ်။ နည်းပြ စတိဗ်ကလပ်ခ်ရဲ့စကော့တလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကို ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ရောက်ရှိလာခဲ့ပေမယ့်...

စကော့တလန်ကို ဂိုးပြတ်အနိုင်ကစားပြီး ပွဲဦးထွက်အဖွင့်လှခဲ့တဲ ယူရိုအိမ်ရှင်ဂျာမနီအသင်း

ဂျာမနီ(၅-၁)စကော့တလန်(ယူရို-၂၀၂၄ အဖွင့်ပွဲ) ယူရို-၂၀၂၄ အိမ်ရှင်ဂျာမနီအသင်းက ပွဲဦးထွက်မှာစကော့တလန်အသင်းကို (၅-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး အဖွင့်လှခဲ့ပါတယ်။ ဒီပွဲမှာ အများထင်ထားသလိုပဲ ဂျာမနီနဲ့ စကော့တလန်ခြေစွမ်းက အများကြီး ကွာဟခဲ့ပြီး စကော့တလန်အသင်းအနေနဲ့ ဂျာမနီကို တစ်စုံတရာ အံအားသင့်စရာဖြစ်အောင် လုပ်နိုင်တဲ့အနေအထားမရှိဘူးဆိုတာ ပထမပိုင်းခြေစွမ်းနဲ့တင်...

အင်္ဂလန်အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဝေါ်ကာ ခန့်အပ်ခံရ

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်အဖြစ် မန်စီးတီးအသင်းနောက်ခံလူ ဝေါလ်ကာကို ခန့်အပ်ခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ ဝေါလ်ကာဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်အသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အိုင်းယက်စ်အသင်းကွင်းလယ်လူ ဟန်ဒါဆန်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရမှာပါ။ ဝေါလ်ကာဟာ အသင်းခေါင်းဆောင်...