Day: June 3, 2024

မာရက်စ်ကာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ချယ်လ်ဆီး အသင်းကြေညာ

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ တန်းတက်အောင်ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ မာရက်စ်ကာကို နည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်မာရက်စ်ကာကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်အပါအဝင် (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ မာရက်စ်ကာကို ခေါ်ယူခဲ့တဲ့အတွက် လက်စတာအသင်းကို လျော်ကြေးပေါင်(၁၀)သန်းဝန်းကျင်ပေးချေခဲ့ရပါတယ်။ မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို...

ကိုပါအမေရိကပြိုင်ပွဲ ကစားခွင့်ရပေမယ့် အိုလံပစ်ပြိုင်ပွဲမှာ ကစားခွင့်မရမယ့် ဂါနာချို

မန်ယူနိုက်တက်အသင်းဟာ အသင်းရဲ့အာဂျင်တီးနားလူငယ်တိုက်စစ်မှူးဂါနာချိုကို ကိုပါအမေရိကပြိုင်ပွဲမှာ ကစားခွင့်ပေးသွားမှာ ဖြစ်ပေမယ့် နွေရာသီအိုလံပစ်ပြိုင်ပွဲကိုတော့ ကစားခွင့်မပြုဘဲ တားဆီးပိတ်ပင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ကိုပါအမေရိကပြိုင်ပွဲကို အခု ဇွန်လ(၂၀)ရက်နေ့ကနေ ဇူလိုင်(၁၄)ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပြီး အာဂျင်တီးနားအသင်းက အုပ်စုအဆင့်မှာ ပီရူး၊ ချီလီ၊ ကနေဒါအသင်းတို့နဲ့...

အင်္ဂလန်အသင်းရဲ့ ယူရို အပြီးသတ်လူစာရင်းမှာ ဂရီးလစ်ရှ်ကို နည်းပြဆောက်ဂိတ် ချန်လှပ်ဖွယ်ရှိ

မန်စီးတီးအသင်းတောင်ပံကစားသမား ဂရီးလစ်ရှ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ရဲ့အပြီးသတ်လူစာရင်းမှာ ချန်လှပ်ခံရဖွယ်ရှိနေပါတယ်။ ဂရီးလစ်ရှ်ဟာ အပန်းဖြေအနားယူနေတာကနေ စောစီးစွာပြန်လာပြီး ပဏာမကစားသမား(၃၃)ဦးနဲ့ စခန်းသွင်းလေ့ကျင့်နေတဲ့ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းကာ လေ့ကျင့်မှုတွေပြုလုပ်နေတာပါ။ အင်္ဂလန်အသင်း ပဏာမကစားသမား(၃၃)ဦးနဲ့အတူ စခန်းသွင်းလေ့ကျင့်နေတဲ့ ဂရီးလစ်ရှ် ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီမှာ...

နောက်ရာသီနည်းပြ ဘယ်သူလဲဆိုတာရှင်းရှင်းလင်းလင်းသိရမှ အသင်းနဲ့ စာချုပ်သစ်ချုပ်မယ့် ကိုဘီမိုင်နူး

မန်ယူနိုက်တက်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူ ကိုဘီမေနူးဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ့်ကိစ္စကို ယူရို-၂၀၂၄ ပြိုင်ပွဲပြီးမှ အပြီးသတ်ပြုလုပ်ဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီစာချုပ်သစ်ချုပ်ဆိုခဲ့ရင် လက်ရှိအသင်းမှာ တစ်ပတ် ပေါင်(၂၀၀၀၀)ဝန်းကျင်သာရနေတဲ့ မေနူးအနေနဲ့ လစာ(၄)ဆလောက် မြင့်တက်သွားမှာဖြစ်ပြီး တစ်ပတ်ပေါင်(၈၀၀၀၀)ဝန်းကျင်ရရှိမှာပါ။ FA ဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ကိုဘီမိုင်နူး...

ဘရုနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ သူ့ရဲ့အေးဂျင့်နဲ့ ဘိုင်ယန်မြူးနစ်အသင်း ဆွေးနွေး

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြထားပါတယ်။ စိတ်ပျက်စရာကောင်းခဲ့တဲ့ ပြီးခဲ့တဲ့ရာသီအပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ လက်ရှိလူစာရင်းကို ပိုပြီးအားကောင်းစေဖို့အတွက် ကစားသမားသစ်တွေဖြည့်တင်းချင်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၁-၁၂ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပြီးခဲ့တဲ့ရာသီကို...

ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ်အောင်ပွဲခံ ဘတ်စ်ကားကို စောင့်ရှောက်ပေးခဲ့တဲ့ ကာဗာဟယ်ရဲ့ဖခင် ရဲသားကြီး

၂၀၂၄ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းသားတွေထဲမှာ နောက်ခံလူကာဗာဟယ်က အထူးခြားဆုံးကစားသမားပါ။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဆု(၆)ကြိမ်ဆွတ်ခူးပြီး တိုနီကရူးစ်၊ မိုဒရစ်၊ နာချိုတို့နဲ့အတူ ဂန္ထဝင်ကစားသမား ဂျန်တိုရဲ့ဆုဖလားအများဆုံးကစားသမား စံချိန်ကို လိုက်မီခဲ့တယ်။ သူက အထက်ပါ အသင်းဖော်တွေထက်ပိုထူးခြားတာက သူဆုဖလားဆွတ်ခူးခဲ့တဲ့(၆)ကြိမ်စလုံး ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။...