Day: June 4, 2024

ကစားသမားဘ၀ နောက်ဆုံးအချိန်မှာ ငွေရှာဖို့ မန်စီးတီးက ထွက်ခွာနိုင်တယ်လို့ ဒီဘရိုင်းနားဆို

ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားက ကစားသမားဘဝနောက်ဆုံးအချိန်မှာ ငွေကြေးအလုံးအရင်းရယူနိုင်ဖို့အတွက် မန်စီးတီးအသင်းက ထွက်ခွာသွားနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ လာမယ့်ရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တာကြောင့် အနာဂတ်အတွက် ရွေးချယ်စရာတွေကို ရှာဖွေနေတာပါ။ ဆော်ဒီပရိုလိဂ်ရဲ့တာဝန်ရှိသူတွေဟာ ဒီဘရိုင်းနားကို ပရီးမီးယားလိဂ်က ထွက်ခွာပြီး နိုင်ငံတွင်းလိဂ်မှာ လာရောက်ကစားစေဖို့...

ခြေစမ်းပွဲ ပထမပိုင်းအပြီးမှာ ဘော့စနီးယားအဝတ်လဲခန်းထဲကို ပစ်ဖိုဒ့်မှားယွင်းဝင်ရောက်ခဲ့

မနေ့က အင်္ဂလန်(၃-ဝ)ဘော့စနီးယားခြေစမ်းပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ အင်္ဂလန်အသင်းဂိုးသမား ပစ်ဖိုဒ့်ဟာ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘော့စနီးယားအသင်းရဲ့အဝတ်လဲခန်းထဲကို မှားယွင်ပြီး ဝင်ရောက်ခဲ့ပါတယ်။ ဆန်းဒါးလန်းအသင်းကစားသမားဟောင်းဖြစ်တဲ့ ပစ်ဖိုဒ့်ဟာ သူ့ရဲ့ပြိုင်ဘက်ဟောင်း နယူးကာဆယ်အသင်းရဲ့စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် သူဟာ ပြိုင်ဘက်အသင်းသားတစ်ဦးလို ခံစားခဲ့ရတယ်လို့ ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။ Channel...

စိတ်ပျက်စရာ အိမ်ကွင်းရလဒ်ဆိုးတွေနဲ့ ယူရို-၂၀၂၄ အိမ်ရှင် ဂျာမနီအသင်း

ဂျာမနီလက်ရွေးစင်အသင်းအနေနဲ့ အိမ်ရှင်အဖြစ်ကျင်းပမယ့် ယူရိုပြိုင်ပွဲမတိုင်ခင် အိမ်ကွင်းရလဒ်တွေက စိတ်ပျက်စရာဖြစ်နေပါတယ်။ အိမ်ရှင်အခွင့်အရေးအပြည့်အဝယူပြီး ဒီယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရအောင် ကြိုးစားရမှာဖြစ်ပေမယ့် ဂျာမနီအသင်းရဲ့အိမ်ကွင်းရလဒ်တွေက ဆိုးရွားနေတာကြောင့် ပရိသတ်တွေအတွက်လည်း စိတ်ဓါတ်ကျစရာ ဖြစ်နေရပါတယ်။ ယူကရိန်း(၀-၀)ဂျာမနီ ခြေစမ်းပွဲ ပြီးခဲ့တဲ့တစ်နှစ်အတွင်း ဂျာမနီအသင်းဟာ အိမ်ကွင်းမှာ နိုင်ငံတကာခြေစမ်းပွဲ(၇)ပွဲကစားခဲ့ပါတယ်။...

ဘာပေရဲ့အပြောင်းအရွှေ့ကြေညာအပြီးမှာ ရီးရဲလ်မက်ဒရစ် ဝက်ဘ်ဆိုက်ကျသွားခဲ့

ရီးရဲလ်မက်ဒရစ်အသင်းဟာ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေရဲ့အပြောင်းအရွှေ့ကို ကြေညာအပြီးမှာ သူတို့ရဲ့ဝက်ဘ်ဆိုက်ကျသွားခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကို (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကို တရားဝင်ကြေညာခဲ့တာပါ။ ဒီအပြောင်းအရွှေ့ကို ကြေညာအပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေနဲ့ ဘောလုံးပရိသတ်အများအပြားဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုမှုတွေကြောင့် ဝက်ဘ်ဆိုက်...