Day: June 26, 2024

လောတာရိုမာတီနက်ဇ် ဂိုးသွင်းအပြီးမှာ ချီလီအသင်းပရိသတ်တွေ ရှေ့အီမီမာတီနက်ဇ် အောင်ပွဲခံ

ချီလီ(ဝ-၁)အာဂျင်တီးနား ကိုပါအမေရိကဖလား အုပ်စုဒုတိယပွဲစဉ်မှာ အာဂျင်တီးနားအသင်းအတွက် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က အနိုင်ဂိုးသွင်းယူအပြီးမှာ ဂိုးသမား အီမီမာတီနက်ဇ်ဟာ ချီလီအသင်းပရိသတ်တွေရှေ့မှာ အောင်ပွဲခံမှုပြုလုပ်သွားခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ ချီလီအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းဟာ ဒီပွဲစဉ်မှာ ချီလီအသင်းကို တစ်ပွဲလုံးဖိကစားနိုင်ခဲ့ပြီး...

ယူရိုပြိုင်ပွဲတစ်လျှောက် အမြန်ဆုံး Own Goal အဖြစ်စံချိန်တင်ခဲ့တဲ့ မယ်လန်ရဲ့ ဂိုး

မနေ့က ကစားခဲ့တဲ့နယ်သာလန်(၂-၃)သြစတြီးယားပွဲမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ နယ်သာလန်တောင်ပံတိုက်စစ်ကစားသမား မယ်လန်ရဲ့ Own Goal ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံး Own Goal အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ပွဲချိန်(၆)မိနစ်ကတည်းက ကိုယ့်ဂိုးထဲကို ကန်သွင်းမိခဲ့တဲ့ ဒီ Own Goal...

ကိုပါအမေရိကပြိုင်ပွဲမှာ စည်းကြပ်ဒိုင်တစ်ဦး အပူချိန်ကြောင့် ကွင်းထဲလဲကျ

ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ် ပီရူး(ဝ-၁)ကနေဒါပွဲ ပထမပိုင်းအပြီး ထပ်ဆောင်းအချိန်ပိုမှာ စည်းကြပ်ဒိုင်လူကြီးတစ်ဦးဟာ ကွင်းထဲလဲကျပြီး ကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ကွင်းထဲကို ဆေးအဖွဲ့အမြန်ဆုံးရောက်ရှိလာပြီး ဂွါတီမာလာစည်းကြပ်ဒိုင် ဟမ်ဘာတိုကို ထမ်းစင်နဲ့ ကွင်းအတွင်းကနေ သယ်ထုတ်သွားခဲ့ရပါတယ်။ ဟမ်ဘာတိုရဲ့အခြေအနေအပေါ် ကစားသမားတွေနဲ့ ပရိသတ်တွေက စိုးရိမ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာသူဟာ ပြန်လည်မတ်တတ်ရပ်နိုင်ခဲ့တယ်လို့...

ဂျော်ဂျီယာနဲ့ အုပ်စုနောက်ဆုံးပွဲမှာ စီရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ မာတီနက်ဇ် အတည်ပြု

ဒီနေ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ် ဂျော်ဂျီယာ-ပေါ်တူဂီပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုကို ပွဲထွက်အသုံးပြုမယ်လို့ နည်းပြ ရောဘတ်တိုမာတီနက်ဇ်က အတည်ပြုခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်(၂)ပွဲစလုံးအနိုင်ရရှိခဲ့ပြီး နောက်ဆုံးပွဲစဉ်မကစားခင်ကတည်းက အုပ်စုထိပ်ဆုံးနဲ့ Round of 16 ကို တက်ရောက်ထားပြီးဖြစ်ပါတယ်။ မာတီနက်ဇ်ဟာ...

မန်ယူနိုက်တက်နဲ့ နည်းပြ တန်ဟတ် စာချုပ်သစ်ချုပ်ဆိုဖို့ အလွန်နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အဲရစ်တန်ဟတ်ဟာ လာမယ့်ရာသီ မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိမယ်လို့ အတည်ပြုပြီးကတည်းက စာချုပ်သစ်ချုပ်ဆိုဖို့က အဓိကဦးစားပေးအဖြစ်ရှိခဲ့တာပါ။ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမဆုံး(၂)ရာသီမှာ ဆုဖလား(၂)လုံးရယူပေးနိုင်ခဲ့ပေမယ့် ကလပ်မှာဆက်ရှိဖို့ မရေမရာဖြစ်ခဲ့သေးပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့အားကစားဆိုင်ရာအခန်းကဏ္ဍကိုထိန်းချုပ်ထားတဲ့...

အီတလီအသင်းနည်းစနစ်တွေ ပြင်ပကို ပေါက်ကြားလို့ ဒေါသပေါက်ကွဲနေတဲ့ စပယ်လက်တီ

အီတလီအသင်းနည်းပြစပယ်လက်တီဟာ သူ့အသင်းရဲ့နည်းစနစ်တွေ ပြင်ပကို ပေါက်ကြားနေခြင်းအတွက် ဒေါသထွက်နေပြး အသင်းမှာ သတင်းရောင်းစားနေသူတွေရှိတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ အီတလီအသင်းဟာ ပြီးခဲ့တဲ့ အုပ်စုပွဲစဉ်(၂)ပွဲဖြစ်တဲ့ အယ်လ်ဘေးနီးယား၊ စပိန်အသင်းတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ၄-၃-၃ ကစားကွက်ကိုသာ သုံးစွဲခဲ့ပေမယ့် အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ပွဲမှာတော့ ၃-၅-၂...

ဒေါသထွက်နေတဲ့ အင်္ဂလန်ပရိသတ်တွေ ဆောက်ဂိတ်ကို ပလတ်စတစ်ခွက်တွေနဲ့ ပစ်ပေါက်

မနေ့က အင်္ဂလန်(၀-၀)ဆလိုဗေးနီးယား ယူရို-၂၀၂၄ ပြိုင်ပွဲ​အုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကို ဒေါသထွက်နေတဲ့ အင်္ဂလန်အသင်းပရိသတ်တွေက ပလတ်စတစ်ခွက်တွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဒီပွဲရလဒ်ကြောင့် အုပ်စုတွင်းထိပ်ဆုံးနေရာရပ်တည်ကာ Round of 16 ကို တက်ရောက်နိုင်ခဲ့ပေမယ့် ပရိသတ်တွေဟာ အင်္ဂလန်အသင်းရဲ့စွမ်းဆောင်ရည်ကို...

နယ်သာလန်(၂-၃)သြစတြီးယားပွဲ Highlight Video

• Video - နယ်သာလန်(၂-၃)သြစတြီးယားပွဲမှာ နယ်သာလန်တောင်ပံကစားသမားမယ်လန်သွင်းခဲ့တဲ့ Own Goal (၆ မိနစ်)၊ နယ်သာလန်အတွက် ဂတ်ပိုသွင်းခဲ့တဲ့ချေပဂိုး(၄၇ မိနစ်)၊ သြစတြီးယားအတွက် ကွင်းလယ်လူ ရှမစ်ရဲ့ ခေါင်းတိုက်ဂိုး(၅၉ မိနစ်)၊ နယ်သာလန်အတွက် ဒီပိုင်းရဲ့ ချေပဂိုး(၇၅...

နာမည်ကြီးနယ်သာလန်အသင်းကို ဩစတြီးယားအနိုင်ယူပြီး ပြင်သစ်၊ အင်္ဂလန်တို့ နိုင်ပွဲဆက်ပျောက်ခဲ့တဲ့ ယူရို

နယ်သာလန် (၂-၃) သြစတြီးယားပြင်သစ် (၁-၁) ပိုလန်အင်္ဂလန် (ဝ-၀) ဆလိုဗေးနီးယားဒိန်းမတ် (ဝ-၀) ဆားဘီးယား ဒီယူရိုပြိုင်ပွဲမှာ အုပ်စု(B)ကို Group of Death လို့ သတ်မှတ်ရင် အင်္ဂလန်ပါတဲ့ အုပ်စု(C)ကိုတော့ Group of...