Day: June 28, 2024

ဆိုရှယ်မီဒီယာမှာ အမေရိကန်ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုကို အမေရိကန် FA ရှုတ်ချ

ဒီမနက်က ကစားခဲ့တဲ့ ပနားမား(၂-၁)အမေရိကန် ကိုပါအမေရိကဖလားအုပ်စုဒုတိယပွဲစဉ်အပြီးမှာ အမေရိကန်တိုက်စစ်မှူး တီမိုသီဝီယာနဲ့ အသင်းဖော်တွေ ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဒီလုပ်ရပ်တွေကို ရှုတ်ချတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တီမိုသီဝီယာဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၁၈)မိနစ်မှာ ပနားမားကစားသမားတစ်ဦးကို ထိုးခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။...

လက်တွဲဖော်မီးဖွားရာ အင်္ဂလန်ကို ပြန်ခဲ့တဲ့ ဖိုဒန် အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်း

မန်စီးတီးအသင်းကွင်းလယ်လူ ဖိုဒန်ဟာ သူ့ရဲ့တတိယမြောက်ကလေးမွေးဖွားဖို့ကိစ္စတွေအတွက် အင်္ဂလန်ကို ပြန်သွားခဲ့ပြီးနောက် ကြာသပတေးနေ့က ဂျာမနီကို ပြန်လည်ရောက်ရှိကာ အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ ဖိုဒန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ်(၃)ပွဲစလုံးမှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့သူပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ဖိုဒန်ဟာ မိသားစုအရေးကိစ္စကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ ယာယီထွက်ခွာတယ်လို့...

သေမင်းတမန်အုပ်စုမှာ (၃)ပွဲလုံးနိုင်တဲ့ စပိန်နဲ့ အုပ်စုရာနှုန်းပြည့်အနိုင်ရအသင်းတွေရဲ့ ချန်ပီယံ ဖြစ်ခွင့်

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကစားခဲ့တဲ့အုပ်စုပွဲ(၃)ပွဲစလုံးကို ရာနှုန်းပြည့်အနိုင်ရတဲ့အသင်းက တစ်သင်းသာရှိပြီး စပိန်အသင်းဖြစ်ပါတယ်။ စပိန်အသင်းအနေနဲ့ ဒီ(၃)ပွဲစလုံးမှာ ပေးဂိုးတစ်ဂိုးမှတောင်မရှိခဲ့ဘဲ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပထမဆုံး အုပ်စုအဆင့်ပေးဂိုးမရှိတာဖြစ်သလို၊ ဒီ ယူရို-၂၀၂၄ ပြိုင်ပွဲမှာလည်း ပေးဂိုးမရှိတာက စပိန်တစ်သင်းတည်းသာ ရှိခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်စွဲဖို့...

ရှုံးထွက်အဆင့်တက်ခဲ့တဲ့ ဂျော်ဂျီယာအသင်းကို ဝန်ကြီးချုပ်ဟောင်းက ဆုကြေးပေါင်(၈.၄)သန်း ချီးမြှင့်

ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီအသင်းကို (ဝ-၂)ဂိုးနဲ့ အနိုင်ရပြီး ရှုံးထွက်အဆင့်တက်နိုင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းကို နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း ဘီလျံနာဘစ်ဇီနာက ဆုကြေးပေါင်(၈.၄)သန်းပေးအပ်ခဲ့တယ်လို့ Georgian Times က ဖော်ပြထားပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲကို ပထမဆုံးအဓိကပြိုင်ပွဲအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂျော်ဂျီယာအသင်းဟာ အုပ်စုတွင်းမှာ...

ရှုံးထွက်အဆင့်တက်ရောက်နိုင်တဲ့ အသင်းတွေထဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေဆဲ အင်္ဂလန်

ယူရို-၂၀၂၄ အုပ်စုအဆင့်ပွဲတွေအပြီး ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်း(၁၆)သင်းအနေနဲ့ ဗိုလ်စွဲဖို့ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲလို့ နာမည်ကျော်ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်တဲ့ Opta က ထုံးစံအတိုင်း ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေနဲ့ တွက်ချက်ဖော်ပြခဲ့ပါတယ်။ ဒီလို ဖော်ပြခဲ့ရာမှာ ပြိုင်ပွဲမတိုင်ခင်ကအတိုင်း အင်္ဂလန်အသင်းက ထိပ်ဆုံးနေရာမှာပဲ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းကို...

ယူရို ပြိုင်ပွဲထက် ပရိသတ်အားပေးကြမ်းနေတဲ့ အမေရိကန်မှာ ကျင်းပတဲ့ ကိုပါအမေရိကပြိုင်ပွဲ

လက်ရှိ အမေရိကန်နိုင်ငံမှာကျင်းပနေတဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲက ဥရောပတိုက်က ယူရို-၂၀၂၄ ပြိုင်ပွဲထက်တောင် ပရိသတ်အားပေးကြမ်းနေပါတယ်။ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ပရိသတ်အများဆုံးလာအားပေးခဲ့တဲ့ပွဲက နယူးဂျာစီပြည်နယ် MetLife ကွင်းမှာကစားခဲတဲ့ ချီလီ(ဝ-၁)အာဂျင်တီးနားပွဲဖြစ်ပြီး ပရိသတ်(၈၁၁၀၆)ဦး လာအားပေးခဲ့တာပါ။ ဒီပရိသတ်အရေအတွက်က ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် (ပွဲစဉ်တစ်ပွဲအတွင်း)ပရိသတ်အများဆုံးအဖြစ်...

ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၅)ဂိုးထဲမှာ (၃)ဂိုးအထိ မှတ်တမ်းဝင်နိုင်ခဲ့တဲ့ ယူရို-၂၀၂၄

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၅)ဂိုးထဲမှာ ယူရို-၂၀၂၄ ပြိုင်ပွဲက ဂိုး(၃)ဂိုးအထိ ပါဝင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် အီတလီ(၂-၁)အယ်လ်ဘေးနီးယားပွဲမှာ အယ်လ်ဘေးနီးယားကစားသမားဘရာမီရဲ့သွင်းဂိုး(၂၃ စက္ကန့်)က စံချိန်တင်ခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအားလုံးထဲမှာ တစ်မိနစ်မပြည့်ခင် သွင်းယူနိုင်တဲ့ တစ်ခုတည်းသော သွင်းဂိုးအဖြစ်လည်း စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။ အယ်လ်ဘေးနီးယားကစားသမားဘရာမီရဲ့သွင်းဂိုးအပြင် ဒီပြိုင်ပွဲရဲ့...