Day: June 1, 2024

ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ အသင်းကိုနှုတ်ဆက်ကြမယ့် ဂျာမန်ကွင်းလယ်လူနှစ်ဦး

ဒီနေ့ည ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မွန်တို့ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဒီနှစ်သင်းရဲ့ဂန္ထဝင်ကစားသမားတွေလို့ သေချာပေါက်သတ်မှတ်ခံရမယ့် ဂျာမန်ကွင်းလယ်လူ(၂)ဦးရဲ့နှုတ်ဆက်ပွဲလည်း ဖြစ်လာမှာပါ။ ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်(၃၄ နှစ်)က ဒီရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းက အနားယူမှာဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲပြီးရင်လည်း နိုင်ငံတကာဘောလုံးသမားဘဝက အနားယူမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ မေလ(၂၁)ရက်နေ့က ကြေညာထားပါတယ်။...

ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကြိုတင်ရင်ခုန်သံ

ဒေါ့မွန် - ရီးရဲလ်မက်ဒရစ်(2 June 2024/ 1:30 am) ၁၉၉၇ ခုနှစ်မှာ ချန်ပီယံလိဂ်ချန်ပီယံတစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို နောက်ဆုံးတက်ရောက်နိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းက ဂျာမနီနိုင်ငံဖွား ဘော့စနီးယား-ခရိုအက်အနွယ် နည်းပြတာဇစ်ရဲ့လက်ထက်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တတိယအကြိမ်မြောက်အဖြစ်တက်ရောက်လာနိုင်ခဲ့တယ်။...

​ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာ အယ်လ်နာဆာအသင်းကို အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ အယ်ဟီလယ်အသင်း

မနေ့က ကစားခဲ့တဲ့ ဆော်ဒီဘုရင့်ဖလားဗိုလ်လုပွဲမှာ ဆော်ဒီပရိုလိဂ်လက်ရှိချန်ပီယံအယ်လ်ဟီလယ်အသင်းက နာမည်ကြီး အယ်လ်နာဆာအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းအနေနဲ့ ဒီရာသီမှာ ဆော်ဒီပရိုလိဂ်မှာ ရှုံးပွဲမရှိချန်ပီယံဖြစ်ထားတဲ့အပြင် ဆော်ဒီစူပါဖလားကိုလည်း ရရှိထားတာကြောင့် ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ရှုံးပွဲမရှိ ဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။...

နောက်ဆုံး(၄)ရာသီဆက်တိုက် (၁-၀) ဂိုးရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့ချန်ပီယံလိဂ် ဗိုလ်လုပွဲများ

ဥရောပကလပ်အသင်းဘောလုံးလောကရဲ့အဆင့်အမြင့်ဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးခြားမှုတစ်ခုက နောက်ဆုံး(၄)ရာသီဆက်တိုက် အနိုင်ရဗိုလ်စွဲတဲ့အသင်းတွေက ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုးရလဒ်နဲ့သာ အနိုင်ရခဲ့ကြတာပါပဲ။ ဒါ့အပြင် နောက်ဆုံး(၅)ရာသီဆက်တိုက်မှာ ချန်ပီယံအသင်းက ဂိုးသွင်းပြီး ဒုတိယရတဲ့အသင်းက ဂိုးမသွင်းနိုင်တဲ့ တစ်ဖက်သတ် Clean-Sheet ဗိုလ်လုပွဲ(၅)ပွဲဆက်ကိုလည်း ပရိသတ်တွေ တွေ့ခဲ့ရပါတယ်။ နောက်ဆုံးချန်ပီယံလိဂ်ဗိုလ်လုပွဲ(၅)ကြိမ်ကို...

သန့်ရှင်းရေးဝန်ထမ်းအပါအဝင် ဝန်ထမ်း (၅၀၀)ကျော်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် စရိတ်ငြိမ်းခေါ်သွားမယ့် ဒေါ့မွန်အသင်း

လာမယ့်ဇွန်(၁)ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အသင်းက ဝန်ထမ်း(၅၁၉)ဦးစလုံးကြည့်ရှုခွင့်ရရှိစေဖို့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းက စီစဉ်ထားပါတယ်။ BPJS 88 ဒီဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဒီကွင်းကို အသင်းက သန့်ရှင်းရေးဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းအားလုံး လိုက်ပါကြည့်ရှုနိုင်အောင်...