Day: June 17, 2024

ပိုလန်နဲ့ ပွဲမှာ ရော်နယ်ကိုးလ်မန်း နှာချေးနှိုက်စားခဲ့သလား

မနေ့က ပိုလန်(၁-၂)နယ်သာလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ နှာခေါင်းနှိုက်ပြီး လက်ကိုပါးစပ်ထဲထည့်တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီပွဲမှာ နယ်သာလန်အသင်းဟာ လူစားဝင်တိုက်စစ်မှူး ဝက်ဂ်ဟောက်စ်ရဲ့သွင်းဂိုးနဲ့ ပိုလန်အသင်းကို အနိုင်ရခဲ့ပေမယ့် ရော်နယ်လ်ကိုးမန်းရဲ့လုပ်ရပ်က ပိုပြီးလူပြောများခဲ့တာပါ။ ဆိုရှယ်မီဒီယာပေါ်မှာ...

ဘရာဇီးလ်ကိုပါအမေရိကလူစာရင်းကို မိမိရဲ့ဝေဖန်မှုက ကြော်ငြာအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ရော်နယ်ဒင်ညိုဆို

ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒင်ညိုက ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်အသင်းအပေါ် သူ့ရဲ့ဝေဖန်မှုက အနံ့အသက်ပျောက်ဆေး Rexona အမှတ်တံဆိပ်ကို လူသိများစေဖို့ ကြော်ငြာလှုပ်ရှားမှုအစိတ်အပိုင်းဖြစ်ပြီး သူ့ရဲ့ရင်ထဲက စကားမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ရော်နယ်လ်ဒင်ညိုဟာ သောကြာနေ့က Youtube မှာ ဘရာဇီးလ်အသင်းအပေါ်သူ့ရဲ့ချစ်မြတ်နိုးမှုတွေနည်းပါးလာပြီး လက်ရှိဘရာဇီးလ်အသင်းဟာ...

ဆားဘီးယားနဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် ပုံစံအသစ်နဲ့ အောင်ပွဲခံခဲ့တာကို ဘယ်လင်ဂမ် ရှင်းပြ

မနေ့က အင်္ဂလန်(၁-ဝ)ဆားဘီးယား ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် အသင်းဖော် အာနိုးလ်နဲ့အတူ အောင်ပွဲခံမှုပုံစံအသစ်ပြုလုပ်ခဲ့ပါတယ်။ ဘယ်လင်ဂမ်က ဒါဟာ အင်္ဂလန်အသင်းက ဝံပုလွေအဖွဲ့သားတွေအတွက် အောင်ပွဲခံမှုတစ်ခုလို့ ပွဲအပြီး BBC Sport နဲ့...

ယူရို(၂)ကြိမ်၊ ကမ္ဘာ့ဖလား(၁)ကြိမ်ကစားခဲ့ပြီး စီရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဘယ်လင်ဂမ်

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ အသက် (၂၀)နှစ်(၁၁)လအရွယ်မှာပဲ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၃)ခုကို ယှဉ်ပြိုင်ဖူးသူဖြစ်လာပါတယ်။ ဘယ်လင်ဂမ်ဟာ လာမယ့် ဇွန်(၂၉)ရက်နေ့မှ အသက်(၂၁)နှစ်ပြည့်မှာ ဖြစ်ပါတယ်။ ယူရို-၂၀၂၀၊ ၂၀၂၂ ကမ္ဘာ့ဖလား၊ ယူရို-၂၀၂၄ ပြိုင်ပွဲ (၃)ရပ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ယှဉ်ပြိုင်ဖူးတဲ့ ဘယ်လင်ဂမ်ဟာ...

အင်္ဂလန်(၁-ဝ) ဆားဘီးယား Highlight

Video - ယူရို ၂၀၂၄ အုပ်စုပွဲစဥ် အင်္ဂလန်(၁-ဝ) ဆားဘီးယားပွဲမှာ ဘယ်လင်ဂမ် ခေါင်းတိုက်သွင်းယူခဲ့တဲ့ အနိုင်ဂိုး(၁၃ မိနစ်)နဲ့ ဆားဘီးယားဂိုးသမားပုတ်ထုတ်ပြီး တိုင်ထိထွက်ခဲ့တဲ့ ဟာရီကိန်းရဲ့ ခေါင်းတိုက်ချက်

ရေပန်းအစားဆုံးအင်္ဂလန်နဲ့ နယ်သာလန်တို့ ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်တွေနဲ့ ရမှတ်ပြည့်ရယူခဲ့တဲ့ ယူရိုအုပ်စုအဖွင့်ပွဲ

အင်္ဂလန်(၁-ဝ) ဆားဘီးယားပိုလန် (၁-၂) နယ်သာလန်ဆလိုဗေးနီးယား(၁-၁)ဒိန်းမတ် (ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုပွဲစဉ်များ) ဒီယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအင်္ဂလန်အသင်းက အဖွင့်ပွဲမှာ ဆားဘီးယားအသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး ရမှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂလန်အသင်းရဲ့ရလဒ်နဲ့ ခြေစွမ်းက မျှော်လင့်ချက်ကြီးနေတဲ့ပရိသတ်တွေအတွက် အားရကျေနပ်စရာမဖြစ်ခဲ့တာတော့...

ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်ရဲ့ ခေါင်းဆောင်မှုအဖွဲ့မှာ ဘယ်လင်ဂမ်ကို ဆောက်ဂိတ်ထည့်သွင်း

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့ခေါင်းဆောင်မှုအဖွဲ့မှာ ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ကိုထည့်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်၊လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းမှာ တတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်ပေမယ့် နိုင်ငံအသင်းရဲ့ခေါင်းဆောင်မှုအဖွဲ့မှာပါဝင်ခဲ့တာပါ။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အသက်(၂၀)အရွယ်ရှိ...