Day: June 9, 2024

ဇွန်လ ၉ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှုများ

ဒီနေ့ရဲ့သတင်းအတိုအထွာများစုစည်းမှု ■ မန်ယူနိုက်တက်အသင်းဟာ အင်္ဂလန်အသင်းတောင်ပံကစားသမား အီဇီကို ခေါ်ယူဖို့ စပါးအသင်းနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၂၀၂၇ ဇွန်အထိစာချုပ်ရှိနေတဲ့ အီဇီအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၆၀) သတ်မှတ်ထားတာဖြစ်ပါတယ်။ ■ မန်စီးတီးအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ဆက်ထိန်းထားချင်နေပြီး အငှားနဲ့ကမ်းလှမ်းတဲ့...

ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ကစားသမားအချို့ကို စာရင်းသွင်းနိုင်ခြင်းမရှိသေးတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းကို ကြုံတွေ့နေရတာကြောင့် လာမယ့်ရာသီလာလီဂါပြိုင်ပွဲအတွက် အသင်းကြီးက ကစားသမားအများအပြားကို စာရင်းသွင်းမှတ်ပုံတင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ဘဏ္ဍာရေးကြောင့် လာလီဂါရဲ့ပိတ်ပင်မှုတွေကို အကြိမ်ကြိမ်ခံနေရတာပါ။ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ပြီးခဲ့တဲ့ရာသီအစပိုင်းမှာ ကလပ်အသင်းရဲ့လုပ်ခလစာငွေပေါင်(၅၅၈)သန်းကနေ ပေါင်(၂၃၂)သန်းအထိ (၅၀)ရာခိုင်နှုန်းနီးပါး လျှော့ချခဲ့ရပြီး ဒီနှစ်အစောပိုင်းမှာလည်း...

ဖိုဒန်ကို လုပ်ခလစာအများဆုံး ဗြိတိန်ကစားသမားဖြစ်လာမယ့် စာချုပ်သစ်ကမ်းလှမ်းဖို့ မန်စီးတီး စီစဉ်

မန်စီးတီးအသင်းဟာ အကယ်ဒမီထွက် ဖိုဒန်ကို လုပ်ခလစာအများဆုံးရရှိတဲ့ ဗြိတိန်ကစားသမားဖြစ်လာမယ့် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ စာချုပ်အသစ်အရ အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒန်ဟာ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခပေါင်(၃၇၅,၀၀၀)ရရှိမယ်လို့ သိရပါတယ်။ ၂၀၂၃/၂၄ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အောင်ပွဲခံနေတဲ့ ဖိုဒန် ဖိုဒန်ဟာ ပြီးခဲ့တဲ့ရာသီက...

မကြာခဏ ဆေးစစ်ခံရတာမကြိုက်လို့ ယူရို-၂၀၁၆ မှာ TV ရိုက်ခွဲခဲ့ဖူးတဲ့ ရွန်းနီ

ယူရို ၂၀၁၆ ပြိုင်ပွဲကျင်းပစဥ်အချိန်အတွင်း မိမိအနေနဲ့ တားမြစ်ဆေးအကြိမ်ကြိမ် စစ်ဆေးခံရတာကို မကျေနပ်တာကြောင့် ​ဘောလုံးကွင်းအတွင်း ​ဆေးစစ်တဲ့အခန်းထဲက TVကိုရိုက်ခွဲခဲ့ဖူးတယ်လို့ အဂ်လန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။ အဲဒီတုန်းက အဂ်လန်အသင်းနဲ့ ဝေးလ်စ်အသင်းတို့ကစားခဲ့တဲ့ပွဲအပြီး တားမြစ်ဆေးစစ်ဆေးဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)တာဝန်ရှိသူတွေက စီစဥ်ခဲ့တာပါ။ ယူရိုပြိုင်ပွဲမှာ...

နွေရာသီမှာ ကြယ်ပွင့်ကစားသမား(၆)ဦးအထိ ရောင်းချဖို့ ဘိုင်ယန်မြူးနစ် စီစဉ်

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကြယ်ပွင့်ကစားသမား(၆)ဦးအထိ ရောင်းချဖို့ရှိနေတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ရာသီကို ဆုဖလားလက်မဲ့နဲ့အဆုံးသတ်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ပြီးနောက် ရာသီသစ်မှာတိုးတက်မှုတွေရရှိဖို့မျှော်လင့်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ နာမည်ကြီးကစားသမားတွေကို အားဖြည့်ဖို့ရှိနေသလို ကလပ်မှာရှိတဲ့ ကြယ်ပွင့်အချို့ကိုလည်း ရောင်းချသွားနိုင်တာဖြစ်ပါတယ်။...

ယူရို- ၂၀၂၄ ပြိုင်ပွဲကို ကစားသမားတစ်ဦးအလျော့ခံပြီး သွားရောက်ဖို့ ဘယ်လ်ဂျီယံအသင်းဆုံးဖြတ်

ဘယ်လ်ဂျီယံအသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမားစာရင်းကို အတည်ပြုခဲ့ပြီး ကစားသမား(၂၅)ဦးနဲ့ သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်နိုင်ငံအသင်းတွေကို ကစားသမား(၂၆)ဦးအထိ ခေါ်ယူခွင့်ပြုခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းဟာ ဒီပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ဖို့ ရွေးချယ်ထားတဲ့ ကစားသမား(၂၆)ဦးထဲက (၁)ဦးလျှော့ပြီး...