Day: June 14, 2024

ပြင်သစ်အသင်းရဲ့ ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်မတိုင်ခင် ဘာပေဖျားနာပြီး လေ့ကျင့်ရေးလွဲချော်

ရီးရဲလ်မက်ဒရစ်အသင်းကစားသမားသစ် ဘာပေဟာ ပြင်သစ်အသင်းရဲ့ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ ဖျားနာမှုကြောင့် လေ့ကျင့်ရေးကို လွဲချော်ခဲ့ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ အင်္ဂလန်အသင်း​နောက်မှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ ပြင်သစ်အသင်းဟာ ပါဒါဘွန်းမှာရှိတဲ့ သူတို့ရဲ့လေ့ကျင့်ရေးစခန်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပြင်ဆင်မှုကို ထိခိုက်မှုတွေရှိခဲ့တာပါ။ အဲ့ဒါကြောင့်...

ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲ ပွဲကြိုသုံးသပ်ချက်

ဂျာမနီ - စကော့တလန်(15 Jun 2024/ 1:30 am) ဂျာမနီအသင်းက နည်းပြနာဂယ်စမန်းလက်ထဲမှာ ခြေစွမ်းပြန်တည်ငြိမ်လာပြီး နောက်ဆုံးခြေစမ်းပွဲ(၄)ပွဲမှာ ပြင်သစ်၊ နယ်သာလန်၊ ဂရိအစရှိတဲ့အသင်းတွေကို အနိုင်ကစားခဲ့တယ်။ ပြီးခဲ့တဲ့ရာသီက ဥရောပပြိုင်ပွဲကြီးနှစ်ရပ်ရဲ့ဗိုလ်လုပွဲကို ဂျာမန်ကလပ်တွေ တက်ရောက်လာခြင်းနဲ့အတူ ဗစ်ဇ်၊...

ဂျာမနီနဲ့ ရင်ဆိုင်ဖို့ စကော့တလန် အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ စတိဗ်ကလက်ခ်ဆို

ဒီနေ့ကစားမယ့် ဂျာမနီ-စကော့တလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင်ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ စကော့တလန်အသင်းနည်းပြ စတိဗ်ကလက်ခ်က သူတို့ဟာ ဂျာမနီအသင်းနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ကြောက်ရွံ့မှုမရှိဘဲ ပွဲကိုချဉ်းကပ်သွားမယ်လို့ ဆိုခဲ့ပါတယ်။ နည်းပြစတိဗ်ကလက်ခ်ရဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲကြီးရဲ့ရှုံးထွက်အဆင့်ကို ရောက်ရှိမယ့် ပထမဆုံးစကော့တလန်အသင်းဖြစ်ဖို့အတွက် သမိုင်းသစ်ဖန်တီးနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။...

ဂျာမနီ-စကော့တလန် ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်မှာ ဂျာမနီနိုင်မယ်လို့ ဒေါ့မွန်တိရစ္ဆာန်ရုံက လူဝံခန့်မှန်း

ဒီနေ့ကစားမယ့် ဂျာမနီ-စကော့တလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အိမ်ရှင်ဂျာမနီအသင်းအနိုင်ရမယ်လို့ အသက်(၃၅)နှစ်အရွယ်ရှိ လူဝံကြီး ဝေါ်လ်တာက ခန့်မှန်းခဲ့ပါတယ်။ ဒီပွဲစဉ်အတွက် ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေ၊ ဂန္ထဝင်ကစားသမားတွေက ခန့်မှန်းနေကြသလို ဒေါ့မွန်တိရစ္ဆာန်ရုံမှာရှိတဲ့ လူဝံကြီးကပါ ခန့်မှန်းမှုပြုလုပ်လာခဲ့တာပါ။ ဝေါ်လ်တာဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း...

အီတလီ လူမျိုးနည်းပြအများဆုံး ပါဝင်ယှဉ်ပြိုင်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီလူမျိုးနည်းပြတွေက အရေအတွက်အများဆုံးအဖြစ် (၅)ဦးအထိ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ လက်ရှိချန်ပီယံ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြစပယ်လက်တီအပြင် အခြားအသင်း(၄)သင်းကိုလည်း အီတလီလူမျိုးနည်းပြတွေက တာဝန်ယူ ကိုင်တွယ်နေတာပါ။ ဆလိုဗက်ကီးယားအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ...

ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုအတွက်အပြတ်အသတ်ရေပန်းစားနေတဲ့ ဘာပေနဲ့ကိန်း

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဆု(ရွှေဖိနပ်ဆု)ကို ရယူနိုင်သူတွေအဖြစ် ပြင်သစ်ဘာပေနဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းတို့က ကျန်ကစားသမားတွေကို များစွာအသာရပြီး ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဘွတ်ကီဒိုင်အများစုက ဘာပေကို အလေးပေးချက်(၉/၂)လေး၊ ဟာရီကိန်းကို အလေးပေးချက်(၁၁/၂)လေး ပေးထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့နောက်မှာ စီရော်နယ်ဒို၊ လူကာကူ၊ ဘယ်လင်ဂမ်၊...

ဇွန်လ ၁၄ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှုများ

■ အေစီမီလန်အသင်းဟာ လိုင်လီအသင်းနည်းပြဟောင်း ဖွန်ဆီကာအိုကို နည်းပြသစ်အဖြစ်ခန့်အပ်ကြောင်းကြေညာခဲ့ပါတယ်။ အေစီမီလန်အသင်းနဲ့ ဖွန်ဆီကာအိုတို့ဟာ ၂၀၂၇ အထိ(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ■ ဖျားနာနေတာကနေ ပြန်လည်သက်သာလာခဲ့တဲ့ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ဟာ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂျွန်စတုန်းစ်ဟာ ဆားဘီးယားအသင်းနဲ့ ယူရို-၂၀၂၄...

အသင်းထွက်ခွင့်လျော်ကြေး ပေါင် တစ်ဘီလီယံတန်ကစားသမား စာရင်းထဲမှာ ပါဝင်လာတဲ့ ဘယ်လင်ဂမ်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ သူ့ရဲ့စာချုပ်ပါအချက်အလက်တွေအရ အသင်းထွက်ခွင့်လျော်ကြေးငွေအများဆုံးကစားသမားစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။ ဘယ်လင်ဂမ်ကို ခေါ်ယူလိုတဲ့ အသင်းအနေနဲ့ လျော်ကြေးငွေ ယူရိုတစ်ဘီလီယံပေးရမယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ သူ့ရဲ့စာချုပ်ပါအချက်အလက်တွေအရ အသင်းထွက်ခွင့်လျော်ကြေးငွေအများဆုံးကစားသမားစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။ ဘယ်လင်ဂမ်ကို ခေါ်ယူလိုတဲ့...

ဒေါ့မွန်အသင်းက ရုတ်တရက်နုတ်ထွက် လမ်းခွဲခဲ့တဲ့ တာဇစ်

ဒေါ့မွန်အသင်းကို ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ နည်းပြတာဇစ်ဟာ အသင်းနည်းပြရာထူးက ရုတ်တရက် နုတ်ထွက်ခဲ့ပါတယ်။ တာဇစ်ဟာ သူ့ရဲ့စာချုပ်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့ပြီးနောက် ဒေါ့မွန်အသင်းတာဝန်ရှိသူတွေက သူ့ရဲ့တောင်းဆိုမှုကို သဘောတူခဲ့တာဖြစ်ပါတယ်။ အခုလို တာဇစ် အသင်းကနေ ရုတ်တရက်ထွက်ခွာခြင်းအတွက် ထင်ကြေးသတင်းတွေများစွာထွက်ပေါ်ခဲ့ပါတယ်။...