Day: June 25, 2024

ဘရာဇီးလ် ပွဲမတိုင်ခင် လမ်းဘေးစျေးသည်ဆီက ဘရာဇီးလ်အင်္ကျီ ဝယ်ယူခဲ့တဲ့ နေမာ

ဒီမနက်ပိုင်းက ဘရာဇီးလ်(ဝ-ဝ)ကော်စတာရီကာ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင်မှာ ဘရာဇီးလ်အသင်းကြယ်ပွင့် နေမာဟာ မီးပွိုင့်မှာ ကားရပ်ပြီး လမ်းဘေးဈေးသည်ဆီကနေ ဘရာဇီးလ်အသင်းအင်္ကျီကိုဝယ်ယူခဲ့ပါတယ်။ နေမာဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းကို အားပေးမှုပြုလုပ်ဖို့ ပြိုင်ပွဲကျင်းပနေတဲ့ အမေရိကန်နိုင်ငံမှာ ရှိနေခဲ့တာပါ။ နေမာဟာ ဘရာဇီးလ်အသင်းနဲ့...

ကိုင်ဟာဗက်ဇ်ကို ရှုံးထွက်အဆင့်တွေမှာ ပွဲထွက်လူစာရင်းကနေ ဖယ်ဖို့ ဂျာမနီပရိသတ်တွေ တောင်းဆို

ဂျာမနီအသင်းပရိသတ်တွေဟာ လာမယ့်ယူရို-၂၀၂၄ ပြိုင်ပွဲရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကို ပွဲထွက်လူစာရင်းကဖယ်ဖို့ ဂျာမနီအသင်းကို တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ပရိသတ်ပေါင်း(၁၄၀,၀၀၀)နီးပါးရဲ့စစ်တမ်းတစ်ခုမှာ (၉၀)ရာခိုင်နှုန်းက အာဆင်နယ်အသင်းကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ပွဲထွက်လူစာရင်းကဖယ်ပြီး သူ့နေရာမှာ ဒေါ့မွန်အသင်းတိုက်စစ်မှူး ဖူလ်ကုကို အသုံးပြုချင်နေတာကို တွေ့ရှိခဲ့ရတာပါ။ ကိုင်ဟာဗက်ဇ်ဟာ ဂျာမနီအသင်းက...

ချန်ပီယံရေပန်းစားနေတဲ့အသင်းတွေ နိုင်ပွဲနဲ့ စတင်ချိန်မှာ ဘရာဇီးလ်နိုင်ပွဲပျောက်ခဲ့တဲ့ ကိုပါအမေရိက အုပ်စုအဖွင့်ပွဲ

ကိုပါအမေရိကပြိုင်ပွဲက ဒီမနက်မှာ အုပ်စု(D)က ကိုလံဘီယာ-ပါရာဂွေး၊ ဘရာဇီးလ်-ကော်စတာရီကာပွဲတွေကစားခဲ့ပြီး အုပ်စု(၄)ခုက ပြိုင်ပွဲဝင်အသင်း(၁၆)သင်းစလုံး ပွဲဦးထွက်တစ်ပွဲစီကစားခဲ့ကြပြီးပါပြီ။ ဒီမနက်ကစားခဲ့တဲ့ပွဲမှာ နာမည်ကြီး ဘရာဇီးလ်အသင်း တစ်ဂိုးမှမသွင်းနိုင်ဘဲ ကော်စတာရီကာကို ဂိုးမရှိသရေကျတာက ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကော်စတာရီကာအသင်းဘက်ကို ဂိုးကန်သွင်းမှု အကြိမ်(၂၀)လောက်ရှိခဲ့ပေမယ့် ဂိုးပေါက်(၃)ကြိမ်သာတည့်ပြီး တစ်ဂိုးမှ...

မိမိ ဘယ်လောက်ကြာကြာ ဆက်ပြီးကစားနိုင်မလဲဆိုတာ မသိသေးဘူးလို့ လူကာမိုဒရစ် ဝန်ခံ

မနေ့က ခရိုအေးရှား(၁-၁)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ ခရိုအေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်က သူဘယ်လောက်ကြာကြာဆက်ပြီး ကစားနိုင်မလဲဆိုတာ မသိဘူးလို့ ဝန်ခံခဲ့ပါတယ်။ လူကာမိုဒရစ်အတွက် နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်လာနိုင်တဲ့ ဒီပြိုင်ပွဲမှာ ခရိုအေးရှားအသင်းဟာ ဒီရလဒ်ကြောင့် အုပ်စုကနေလှည့်ပြန်ရဖို့ သေချာသလောက်ရှိနေတာပါ။ လာမယ့်စက်တင်ဘာမှာ အသက်(၃၉)နှစ်ပြည့်တော့မယ့် လူကာမိုဒရစ်ဟာ...

တန်ဟတ်ရဲ့လက်ထောက်နည်းပြအဖြစ် မန်ယူနိုက်တက်ထံ နစ္စတယ်ရွိုင်း ပြန်လာဖို့ နီးစပ်

မန်ယူနိုက်တက်အသင်းဂန္ထဝင်တိုက်စစ်မှူး နစ္စတယ်ရွိုင်းဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ရဲ့လက်ထောက်နည်းပြအဖြစ် အသင်းဟောင်းထံ ပြန်လာဖို့ နီးစပ်နေပြီလို့ နယ်သာလန်မီဒီယာတွေက ဖော်ပြထားပါတယ်။ နစ္စတယ်ရွိုင်းဟာ အဲရစ်တန်ဟတ်ရဲ့လက်ထောက်နည်းပြအဖြစ် အိုးထရက်ဖိုဒ့်ထံ ပြန်လာဖို့ မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တာပါ။ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ကိုယ်ပိုင်ကစားဟန်ကို အကောင်အထည်ဖော်ချင်တဲ့အတွက် မန်ယူနိုက်တက်အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေကို အပြောင်းအလဲပြုလုပ်ချင်နေတာဖြစ်ပါတယ်။...

ယူရိုပြိုင်ပွဲတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ မိုဒရစ်

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စု(B)ပွဲစဉ် ခရိုအေးရှား(၁-၁)အီတလီပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူမိုဒရစ်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒီပွဲကစားတဲ့ မနေ့က (ဇွန်၂၄ ရက်နေ့မှာ) မိုဒရစ်ရဲ့အသက်ဟာ (၃၈)နှစ်(၂၈၉)ရက်ရှိနေပြီး ယူရို(၂၀၀၈)ပြိုင်ပွဲမှာ စံချိန်တင်ခဲ့တဲ့ သြစတြီးယားကစားသမား ဗက်စ်တစ်ရဲ့(၃၈)နှစ်(၂၅၇)ရက်စံချိန်ကို...

ခရိုအေးရှား(၁-၁)အီတလီပွဲ Highlight Video

Video - ခရိုအေးရှား(၁-၁)အီတလီပွဲမှာ ခရိုအေးရှားကွင်းလယ်လူမိုဒရစ်ရဲ့ ပယ်နယ်တီကို အီတလီဂိုးသမား ဒွန်နာရမ်မာရဲ့ ကာကွယ်မှု(၅၄ မိနစ်)၊ မိုဒရစ်ရဲ့ ဦးဆောင်ဂိုး(၅၆ မိနစ်)နဲ့ အီတလီကွင်းလယ်လူ ဇက်ကာညီရဲ့ ချေပဂိုး(၉၀+၈ မိနစ်)

အီတလီရဲ့နောက်ကျချေပဂိုးကြောင့် ကံဆိုးခဲ့ရတဲ့ ခရိုအေးရှားနဲ့ (၃)ပွဲလုံးအနိုင်ယူပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ စပိန်

ခရိုအေးရှား(၁-၁)အီတလီအယ်လ်ဘေးနီးယား(ဝ-၁)စပိန်(ယူရို ၂၀၂၄ အုပ်စုပွဲများ) ကြွေတစ်လှည့်၊ ကြက်တစ်ခုန်ဆိုတဲ့စကားက ဘောလုံးပွဲတွေမှာလည်းရှိတတ်တယ်ဆိုတာ ခရိုအေးရှား-အီတလီပွဲက ထပ်ပြီးသက်သေပြသွားတယ်။ ထပ်ဆောင်းအချိန်ပိုကိုသာ (၇)မိနစ်လောက်နဲ့ အဆုံးသတ်လိုက်ရင် ခရိုအေးရှားက ရမှတ်(၄)မှတ်နဲ့ အုပ်စုဒုတိယ၊ အီတလီက ရမှတ်(၃)မှတ်နဲ့ အုပ်စုတတိယဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် အခုကတော့ အခြေအနေတွေက...