Day: June 16, 2024

ဇွန်လ(၁၆)ရက်နေ့ သတင်းအတိုအထွာစုစည်းမှုများ

■ မန်ယူနိုက်တက်အသင်းဟာ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဒီလစ်ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ■ ဘရိုက်တန်အသင်းဟာ စိန့်ပေါ်လီအသင်းနည်းပြ ဖာဘီယန်ဟာဇီလာကို နည်းပြသစ်အဖြစ် ၂၀၂၇ အထိစာချုပ်ချုပ်ဆိုကာ ခန့်အပ်လိုက်ပါတယ်။...

ယူရိုပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး စံချိန်(၂)ခုတင်နိုင်ခဲ့တဲ့ လာမင်းယာမားလ်

ယူရို(၂၀၂၄) ပြိုင်ပွဲ အုပ်စု -B ပွဲစဉ် စပိန်(၃-ဝ)ခရိုအေးရှားပွဲမှာ ပါဝင်ကစားခဲ့တဲ့ စပိန်လူငယ်တောင်ပံကစားသမား လာမင်းယာမားလ်ဟာ ဒီပြိုင်ပွဲမှာ စံချိန်မှတ်တမ်း(၂)ခု တင်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာကစားသမား လာမင်းယာမားလ်ဟာ ကလပ်အသင်းပြိုင်ပွဲတွေမှာ အသက်အငယ်ဆုံးစံချိန်တွေ အမြောက်အမြားတင်နိုင်ခဲ့သလို အခု ယူရိုပြိုင်ပွဲမှာလည်း သမိုင်းတစ်လျှောက်...

ယူရိုပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဂိုးသွင်းခဲ့တဲ့ အယ်လ်ဘေးနီးယားကစားသမား ဘရာမီ

ယူရို- ၂၀၂၄ ပြိုင်ပွဲမှာ Group of Death အဖြစ် သတ်မှတ်ခံထားရတဲ့ အုပ်စု -B ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီတလီ(၂-၁)အယ်လ်ဘေးနီးယားပွဲမှာ ပြိုင်ပွဲရဲ့ထူးခြားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို အယ်လ်ဘေးနီးယား တောင်ပံကစားသမားဘရာမီက တင်နိုင်ခဲ့ပါတယ်။ ပွဲစပြီး (၂၂)စက္ကန့်အကြာမှာပဲ ဘရာမီသွင်းယူခဲ့တဲ့ဦးဆောင်ဂိုးဟာ...

စာသားမရှိလို့ စပိန်ကစားသမားတွေ လိုက်သီဆိုလို့မရတဲ့ စပိန်နိုင်ငံတော်သီချင်း

မနေ့က စပိန်(၃-ဝ)ခရိုအေးရှားပွဲစဉ်မှာ စပိန်ကစားသမားတွေဟာ သူတို့ရဲ့နိုင်ငံတော်သီချင်းကို သီဆိုခဲ့ခြင်းမရှိတာ မြင်တွေ့ခဲ့ရပါတယ်။ ယူရိုချန်ပီယံဆုကို(၄)ကြိမ်မြောက်ရယူဖို့ ဂျာမနီကို ရောက်ရှိလာခဲ့တဲ့ စပိန်အသင်းဟာ အဖွင့်ပွဲစဉ်မှာ ခရိုအေးရှားအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားတွေနိုင်ငံတော်သီချင်းကို မသီဆိုတဲ့ အကြောင်းဟာ စိတ်ဝင်စားစရာအဖြစ်ရှိခဲ့တာပါ။ စပိန်နိုင်ငံရဲ့နိုင်ငံတော်သီချင်းဖြစ်တဲ့ the...

အိမ်ရှင်ဂျာမနီပြီးတော့ .. စပိန်၊ အီတလီတို့ နိုင်ပွဲနဲ့ စဖွင့်တဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲများ

ဟန်ဂေရီ (၁-၃) ဆွစ်ဇာလန်စပိန် (၃-၀) ခရိုအေးရှားအီတလီ (၂-၁)အယ်လ်ဘေးနီးယား(ယူရို၂၀၂၄ အုပ်စုပွဲများ) မနေ့က အိမ်ရှင်ဂျာမနီအသင်းက အဖွင့်ပွဲမှာ စကော့တလန်ကို ဂိုးပြတ်နိုင်ပွဲရယူခဲ့ပြီးနောက် ဒီနေ့ အုပ်စုကျပ်ထဲက စပိန်နဲ့ အီတလီတို့လည်း အဖွင့်ပွဲတွေကို နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မိုဒရစ်၊...

အသက်(၅၄)နှစ်အရွယ်မှာပဲ လူ့လောကကို စွန့်ခွာသွားတဲ့ တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်

အာဆင်နယ်အသင်းနဲ့ အဲဗာတန်အသင်းမှာ ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲလ်ဟာ ကာလကြာရှည် နာမကျန်းဝေဒနာခံစားခဲ့ရပြီးနောက် ဒီနေ့ (ဇွန် ၁၅ ရက်) ကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ကီဗင်ကမ်းဘဲလ်ဟာ ကွယ်လွန်ချိန်မှာ အသက်(၅၄)နှစ်အရွယ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် အခုဇွန်လအစောပိုင်းက ဆေးရုံကို တင်ပို့ခဲ့ရပါတယ်။...