Day: June 22, 2024

ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေကို ဖွင့်ချခဲ့လို့ ရက်ကလစ်ဖ် အမျက်ထွက်တာခံနေရတဲ့ တန်ဟတ်

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ အနားယူအပန်းဖြေခဲ့တဲ့ အိုင်ဘစ်ဇာမှာ မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာကို ဖွင့်ချခဲ့တာကြောင့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ အခြားတာဝန်ရှိသူတွေက ဒေါသထွက်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက FA ဖလားရယူပြီးနောက် ရာသီကိုပြန်လည်သုံးသပ်မှုတွေပြုလုပ်အပြီးမှာ အဲရစ်တန်ဟတ်ကို သူတို့ရဲ့နည်းပြအဖြစ်ဆက်ပြီးထားရှိဖို့...

ဘာပေ ပါမပါ၊ ပွဲထွက်မထွက်ဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ ပြင်သစ်အသင်းရလဒ်

ပြင်သစ်လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူးဘာပေ ပွဲထွက်ကစားခြင်းရှိမရှိဆိုတာက လတ်တလောရလဒ်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ တကယ်တော့ ပြင်သစ်အသင်းမှာ ဘာပေအပြင် သူရမ်၊ ဂရီးဇ်မန်း၊ ဂျရူး၊ ဒမ်ဘီလီအစရှိတဲ့ အရည်အသွေးရှိတိုက်စစ်ကစားသမားကောင်းတွေများစွာရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းအသင်းရဲ့ရလဒ်တွေက ဘာပေပွဲထွက်ကစားခြင်းရှိမရှိဆိုတာနဲ့ တိုက်ရိုက်အချိုးကျနေတာပါ။ ဘာပေ ပွဲထွက်မကစားတဲ့ နောက်ဆုံးနိုင်ငံတကာပွဲ...

မန်ယူနိုက်တက်နဲ့ ချယ်လ်ဆီးကို ငြင်းပယ်ပြီး ဘိုင်ယန်မြူးနစ်ထံပြောင်းရွှေ့ဖို့ အိုလီဆီ ရွေးချယ်

ခရစ္စတယ်ပဲလေ့စ်အသင်းတောင်ပံကစားသမား အိုလီဆီဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက်အသင်း၊ချယ်လ်ဆီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ကို ငြင်းပယ်ပြီး ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။ အိုလီဆီဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတာကြောင့် ကလပ်အသင်း(၂)သင်းဟာ အိုလီဆီရဲ့စာချုပ်ဖျက်သိမ်းကြေး(Release Clause)အတွက် ဆွေးနွေးမှုတွေပြုလုပ်နေကြတာပါ။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြသစ် ကွန်ပနီဟာ...

(၁၀၈)နှစ်သက်တမ်းရှိ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲအများဆုံးစံချိန်သစ် စိုက်ထူခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အဖွင့်ပွဲစဉ် ကနေဒါအသင်းနဲ့ပွဲမှာ ပါဝင်ကစားပြီးတဲ့နောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အရေးပါတဲ့စံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ မက်ဆီဟာ သက်တမ်း(၁၀၈)နှစ်ရှိနေပြီဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲအများဆုံးစံချိန်ကို ရိုက်ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အရင်က မက်ဆီအနေနဲ့ကိုပါအမေရိကပြိုင်ပွဲမှာ (၃၄)ပွဲကစားပြီး ချီလီဂန္ထဝင်ဂိုးသမား လစ်ဗစ်စတုန်းနဲ့...

ရလဒ်ဆိုးတွေကြောင့် ဝေးလ်စ်အသင်းနည်းပြရာထူးက ရော့ဘ်ပေ့ချ် ထုတ်ပယ်ခံရ

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်(FAW)ဟာ ဝေးလ်စ်လက်ရွေးစင်အသင်းကို (၃)နှစ်ခွဲကြာကိုင်တွယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ်ကို ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်လိုက်ပါတယ်။ အသက်(၄၉)နှစ်အရွယ်ရှိ ရော့ဘ်ပေ့ချ်ဟာ ဝေးလ်စ်အသင်းကို နှစ်ပေါင်း(၆၄)နှစ်အကြာမှ ပထမဆုံးအကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဥ်​ပြိုင်မှုအဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ယူရို-၂၀၂၀ ပြိုင်ပွဲမှာ Round of 16...

ဇာဗီဆိုင်မွန်ရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့ ဒိုင်တွေကို ဝိန်းရွန်နီနဲ့ ဂယ်ရီလိုင်နီကာ ဝေဖန်

မနေ့က နယ်သာလန်(ဝ-ဝ)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်မှာ နယ်သာလန်အသင်းတိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ အင်္ဂလန်ကွင်းလယ်ဒိုင်လူကြီး အန်တိုနီတေလာနဲ့ VAR ဒိုင် အက်ဒ်ဝဲလ်တို့ကို အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်နီနဲ့ ဂယ်ရီလိုင်နီကာတို့က ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။ အငြင်းပွားစရာအဖြစ်အပျက်ဖြစ်ခဲ့တဲ့ ဒီပွဲစဉ်ဟာ ကျင်းပနေတဲ့ ယူရို-၂၀၂၄...

VAR နဲ့ ပယ်ချခံလိုက်ရသော ဇာဗီဆိုင်မွန်ရဲ့ သွင်းဂိုး

Video - နယ်သာလန်(၀-၀)ပြင်သစ်ပွဲမှာ နယ်သာလန်ကွင်းလယ်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်ရဲ့သွင်းဂိုးကို စည်းကြပ်ဒိုင်၊ VAR တို့ရဲ့ အကြံပြုချက်အရ ဒမ်းဖရိုင်းစ် လူကျွံတယ်ဆိုပြီး ဒိုင်လူကြီးက ပယ်ချလိုက်စဥ်

ပြင်သစ်နဲ့ နယ်သာလန် သရေကျခဲ့ပြီး ယူရို-၂၀၂၄က ပထမဆုံးထွက်ခွင့်လက်မှတ်ရခဲ့တဲ့ ပိုလန်

နယ်သာလန်(ဝ-၀)ပြင်သစ်ပိုလန်(၁-၃)သြစတြီးယားဆလိုဗက်ကီးယား(၁-၂)ယူကရိန်း(ယူရို ၂၀၂၄ အုပ်စုပွဲများ) ဥရောပအသင်းကြီး(၂)သင်းဖြစ်တဲ့ နယ်သာလန်နဲ့ ပြင်သစ်ပွဲမှာ ဂိုးမရှိသရေကျပြီး (၁)မှတ်စီခွဲယူခဲ့ကြတယ်။ ဒါပေမယ့် ပွဲကတော့ ပျင်းစရာမဖြစ်ခဲ့ဘဲ တစ်ဖက်နဲ့တစ်ဖက် ဂိုးရဖို့ ကြိုးစားမှုတွေနဲ့ အငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်ချက်ကိုလည်း တွေ့ခဲ့ရတယ်။ ကွင်းလယ်လူကန်တေ၊ ရာဘီယူတို့ရဲ့...