Day: June 30, 2024

၃၀.၆.၂၀၂၄ ရဲ့ သတင်းအတိုအထွာများ စုစည်းမှု

■ မာဆေးလ်အသင်းဟာ ဘရိုက်တန်အသင်းနည်းပြဟောင်း ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဘရိုက်တန်အသင်းကို သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ ဒီဇာဘီဟာ မာဆေးလ်အသင်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ■ နယ်သာလန်အသင်းတိုက်စစ်ကစားသမား ဒီပိုင်းဟာ ကလပ်ကနေ အလွတ်နဲ့ ထွက်ခွာပြီလို့...

ဂျော်ဂျီယာနဲ့ပွဲမှာ လာမင်းယာမားလ်ကို ည(၁၁)နာရီ မတိုင်ခင် လူစားမလဲဘူးလို့ စပိန်နည်းပြ အတည်ပြု

ဒီနေ့ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ် စပိန်-ဂျော်ဂျီယာပွဲမှာ တောင်ပံကစားသမား လာမင်းယာမားလ်ကို ည(၁၁)နာရီမတိုင်ခင် လူစားလဲသွားမှာမဟုတ်ဘူးလို့ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက အတည်ပြုခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့အလုပ်သမားစည်းမျဉ်းတွေအရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်/လူငယ်တွေကို ည(၁၁း၀၀)နာရီနောက်ပိုင်းမှာ အလုပ်လုပ်ခိုင်းခွင့်မရှိတာကြောင့်...

ဂျာမနီ-ဒိန်းမတ်ပွဲစဉ်က VAR ဆုံးဖြတ်ချက်တွေကို ဘောလုံးသုံးသပ်သူတွေ ဝေဖန်

မနေ့က ဂျာမနီ(၂-ဝ)ဒိန်းမတ် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်က VAR ရဲ့ဆုံးဖြတ်ချက်တွေကို ဘောလုံးပွဲသုံးသပ်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီပွဲစဉ်မှာ ဒိန်းမတ်အသင်းနောက်ခံလူ အန်ဒါဆန်ဟာ VAR အိပ်မက်ဆိုးကို(၂)ကြိမ်ခံစားခဲ့ရပြီး ပရိသတ်တွေက ဒိန်းမတ်အသင်းဟာ လုယက်ခံခဲ့ရတယ်လို့...

ယူရို-၂၀၂၄ ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် အီတလီ ပရိသတ်တွေကို ဒွန်နာရမ်မာ တောင်းပန်

မနေ့က ဆွစ်ဇာလန်(၂-ဝ)အီတလီ ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်အပြီးမှာ အီတလီအသင်းပြိုင်ပွဲက ထွက်ခွာခဲ့ရတာကြောင့် အသင်းခေါင်းဆောင် ဒွန်နာရမ်မာက အီတလီပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ယူရိုပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့ အီတလီအသင်းဟာ ဒီပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေနဲ့ ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရတာကြောင့်...

ယူရို-၂၀၂၄ Round of 16 အဆင့် ဂျာမနီ(၂-ဝ)ဒိန်းမတ်ပွဲ Highlight Video

■ Video -ယူရို-၂၀၂၄ Round of 16 အဆင့် ဂျာမနီ(၂-ဝ)ဒိန်းမတ်ပွဲမှာ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်သွင်းယူခဲ့တဲ့ပယ်နယ်တီဂိုး(၅၃ မိနစ်)နဲ့ ကွင်းလယ်တိုက်စစ်ကစားသမားမူဆီယာလာသွင်းယူခဲ့တဲ့ ဒုတိယဂိုး(၆၈ မိနစ်)

ယူရို-၂၀၂၄ Round of 16 အဆင့် ဆွစ်ဇာလန်(၂-ဝ)အီတလီပွဲ Highlight Video

■ Video - ယူရို-၂၀၂၄ Round of 16 အဆင့် ဆွစ်ဇာလန်(၂-ဝ)အီတလီပွဲမှာ ဆွစ်ဇာလန်တိုက်စစ်မှူးအမ်ဘိုလိုရဲ့ ကန်သွင်းချက်ကို အီတလီဂိုးသမားဒွန်နာရမ်မာရဲ့ကာကွယ်မှု၊ ပွဲချိန်(၃၇)မိနစ်မှာ ဆွစ်ဇာလန်အတွက် တောင်ပံကစားသမားဗားဂတ်စ်ရဲ့ပေးပို့မှုကနေ ကွင်းလယ်လူဖရူလာသွင်းယူခဲ့တဲ့ဂိုး၊ ပွဲချိန်(၄၆)မိနစ်မှာ ဗားဂတ်စ်သွင်းယူခဲ့တဲ့ ဒုတိယဂိုး။

လက်ရှိချန်ပီယံ အီတလီ ပြိုင်ပွဲကထွက်ခဲ့ရပြီး အိမ်ရှင်ဂျာမနီ ဆက်ချီတက်ခဲ့ရတဲ့ ယူရို-၂၀၂၄

ဆွစ်ဇာလန်(၂-ဝ)အီတလီဂျာမနီ(၂-ဝ)ဒိန်းမတ် (ယူရို-၂၀၂၄ Round of 16) ယူရို-၂၀၂၄ Round of 16 အဆင့်မှာပဲ လက်ရှိချန်ပီယံအီတလီအသင်းက ဆွစ်ဇာလန်ကို (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက စောစောစီးစီးထွက်ခဲ့ရပါတယ်။ အီတလီအသင်း ပြိုင်ပွဲကထွက်ခဲ့ရတာမှာ အသင်းကြီးက အသင်းငယ်ကို...

ဖခင်ခြေရာနင်းပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ ကစားသမားများ

ယူရို-၂၀၂၄ပြိုင်ပွဲမှာ အရင်ယူရိုပြိုင်ပွဲတွေတုန်းက ကစားဖူးတဲ့ကစားသမားတွေရဲ့ မျိုးဆက်ကစားသမား(၅)ယောက်အထိ ပါဝင်နေပါတယ်။ ဒီမျိုးဆက်သစ်ကစားသမားတွေက ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်ကစားသမားဖြစ်လာတဲ့အပြင် ယူရိုပြိုင်ပွဲမှာ အဖေရောသားပါ ကစားဖူးတဲ့စံချိန်မှတ်တမ်းကို ရယူနိုင်ကြတာပါ။ ထူးခြားစွာပဲ ဒီကစားသမားတွေပါဝင်တဲ့ အသင်းအားလုံးက ဒီယူရိုပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ကျော်လွန်ပြီး နောက်တစ်ဆင့် ဖြစ်တဲ့...