Day: June 10, 2024

ဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားအတွက် ထောင်ဒဏ်(၈)လ၊ ပွဲကြည့်ခွင့် ပိတ်ပင် (၂)လ

၂၀၂၃ မေလအတွင်းက မက်စတယ်လာကွင်းမှာ ကစားခဲ့တဲ့ ဗလင်စီယာ-ရီးရဲလ်မက်ဒရစ်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘရာဇီးလ်တိုက်စစ်မှူးဗင်နီစီယပ်စ်ကို လူမျိုးရေးခွဲခြားလှောင်ပြောင်ခဲ့တဲ့ ဗလင်စီယာပရိသတ်(၃)ဦးကို စပိန်တရားရုံးတစ်ခုက ထောင်ဒဏ်(၈)လ ချမှတ်ခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ပြိုင်ဘက်ကလပ်အသင်းပရိသတ်တချို့ရဲ့ပစ်မှတ်ဖြစ်နေပြီး ပြီးခဲ့တဲ့ရာသီအတွင်းမှာလည်း အနည်းဆုံးကလပ်အသင်း(၅)သင်းရဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို ခံခဲ့ရပါတယ်။ မက်စတယ်လားကွင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်က ဗင်နီစီယပ်စ်နဲ့...

စပိန်ကလွဲပြီး လက်ရှိချန်ပီယံအသင်းတွေ အခြေအနေ မကောင်းတာကို အီတလီ ရပ်တန့်နိုင်မလား

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်လုံးမှာ လက်ရှိချန်ပီယံအသင်းက နောက်ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် ပြန်ဗိုလ်စွဲတာ စပိန်တစ်သင်းပဲရှိပါတယ်။ စပိန်အသင်းက ယူရို-၂၀၀၈ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် နောက်ပြိုင်ပွဲဖြစ်တဲ့ ယူရို -၂၀၁၂ ပြိုင်ပွဲမှာ ဆက်တိုက်ဗိုလ်စွဲခဲ့တာပါ။ အဲဒီတုန်းက စပိန်အသင်းက ယူရိုပြိုင်ပွဲ နှစ်ခုအပါအဝင် ၂၀၁၀...

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ပရိသတ်တွေအတွက် ပြဿနာဖြစ်လာမယ့် ဆားဘီးယားပရိသတ်

အင်္ဂလန်လက်ရွေးစင်အသင်းက ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲမှာ ဆားဘီးယားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ဇွန်လ(၁၆)ရက်နေ့မှာ ကစားမယ့် အုပ်စု(C)အဖွင့်ပွဲဖြစ်တဲ့ ဒီပွဲက အင်္ဂလန်အသင်းအတွက် ကမ္ဘာ့အဆင့်(၂၉)ဆင့်တောင်ကွာတဲ့အသင်းနဲ့ကစားရမှာဖြစ်လို့ (အင်္ဂလန်က အဆင့် ၄၊ ဆားဘီးယားက အဆင့် ၃၃)သိပ်ပြဿနာမရှိနိုင်ဘူးလို့ မျှော်လင့်ရပါတယ်။ ကွင်းထဲမှာ ပြဿနာမရှိနိုင်ပေမယ့်...

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဘယ်အသင်းတွေ ရေပန်းအစားဆုံးလဲ

လာမယ့် ဇွန်(၁၄)ရက်နေ့မှာ စတင်တော့မယ့် ယူရို-၂၀၂၄ပြိုင်ပွဲမှာ ချန်ပီယံအဖြစ်ဗိုလ်စွဲဖို့ ဘယ်အသင်းတွေက ဖြစ်နိုင်ခြေအများဆုံးလဲဆိုတာကို နာမည်ကျော်ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Opta က စူပါကွန်ပြူတာနဲ့တွက်ချက်ပြီး ဖော်ပြခဲ့ပါတယ်။ Opta စူပါကွန်ပြူတာရဲ့တွက်ချက်မှုအရ အင်္ဂလန်လက်ရွေးစင်အသင်းက ဗိုလ်စွဲဖို့ အခွင့်အလမ်းအကောင်းဆုံးအဖြစ် ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ Opta...