Day: June 12, 2024

ဒဏ်ရာကြောင့် ယူရို-၂၀၂၄ အဖွင့်ပွဲစဉ်ကို လီဝန်ဒေါစကီးလွဲချော်မယ်လို့ ပိုလန်ထုတ်ပြန်

ဘာစီလိုနာအသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပေါင်ဒဏ်ရာကြောင့် နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်မယ်လို့ ပိုလန်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင်နောက်ဆုံးခြေစမ်းပွဲအဖြစ်ကစားခဲ့တဲ့ ပိုလန်(၂-၁)တူရကီပွဲစဉ်ရဲ့ ပွဲချိန်မိနစ်(၃၀)ကျော်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့်လူစားလဲခဲ့ရတာပါ။ တူရကီနဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ပိုလန်တိုက်စစ်မှူး...

ဆယ်စုနှစ်(၂)ခုကျော် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား စီရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အိုင်ယာလန်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပြက္ခဒိန်ခုနှစ်(၂၁)နှစ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက်မှာ အခုလို ဆယ်စုနှစ်(၂)ခုအထက် နှစ်စဉ်နှစ်တိုင်းဂိုးသွင်းနိုင်တဲ့ ဘောလုံးသမားမရှိသေးဘဲ စီရော်နယ်ဒိုက ပထမဆုံးစွမ်းဆောင်နိုင်တဲ့ကစားသမားဖြစ်ခဲ့တာပါ။...

ဆိုရှယ်မီဒီယာမှာ ဝင်ငွေအကောင်းဆုံး WAG ကိုပိုင်ဆိုင်ထားတဲ့ အင်္ဂလန်တိုက်စစ်မှူးဘိုဝင်

လာမယ့်ယူရို(၂၀၂၄)ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းက ကစားသမားတွေရဲ့ဇနီး/ချစ်သူတွေ(WAGs)ထဲမှာ ဘယ်ကစားသမားရဲ့ WAG က ဆိုရှယ်မီဒီယာမှာဝင်ငွေအကောင်းဆုံးလဲလို့ ဗြိတိန်သတင်းစာ Daily Mail က စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းမှာ နာမည်ကျော်ကစားသမားတွေကို ကျော်ပြီး ဝက်စ်ဟမ်းတိုက်စစ်မှူးဂျာရော့ဒ်ဘိုဝင်က ဝင်ငွေအကောင်းဆုံး WAG ကို ပိုင်ဆိုင်သူအဖြစ်...

မသန်စွမ်းကလေးကို ကြင်နာမှုတွေ အပြည့်အဝပေးခဲ့တဲ့ စီရော်နယ်ဒို

မနေ့က ပေါ်တူဂီ(၃-ဝ)အိုင်ယာလန် ခြေစမ်းပွဲစဉ်မတိုင်ခင်မှာ ကွင်းထဲကမသန်စွမ်းကလေးငယ်ကို ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက အကူအညီပေးနေခဲ့တဲ့ ကြည်နူးစရာအခိုက်အတန့်ကို ရုပ်သံကင်မရာတွေက ရိုက်ကူးပြသခဲ့ကြပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်အသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ပြီးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဝါရင့်ကစားသမား...

ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ် မတိုင်မီ အင်္ဂလန်ကွင်းလယ်လူဆာကာရဲ့ ကြံ့ခိုင်မှု စိုးရိမ်ရ

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင်မှာ အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာရဲ့ကြံ့ခိုင်မှုအပေါ် စိုးရိမ်စရာတွေရှိလာတာကြောင့် နည်းပြဆောက်ဂိတ်ဟာ ဆားဘီးယားအသင်းနဲ့ပွဲစဉ်အတွက် သူ့နေရာမှာအစားထိုးထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဆာကာဟာ အင်္ဂလန်အသင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို (၂)ကြိမ်ရရှိထားတာပါ။ ဆာကာဟာ ကန်သွင်းမှုအတွက်လေ့ကျင့်မှုတွေပြုလုပ်နေတဲ့အချိန်မှာ ရရှိခဲ့တဲ့ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ပြီးခဲ့တဲ့ရာသီ...

မြောက်ကိုရီးယားကို ရှုံးနိမ့်ပြီး ရမှတ်တစ်မှတ်နဲ့အဆုံးသတ်ခဲ့တဲ့ မြန်မာအသင်းရဲ့၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ

မြောက်ကိုရီးယား(၄-၁)မြန်မာ ၂၀၂၆ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲ(ဒုတိယအဆင့်)အုပ်စုနောက်ဆုံးပွဲမှာ မြန်မာအသင်းက မြောက်ကိုရီးယားအသင်းကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ရမှတ်(၁)မှတ်၊ အုပ်စုအောက်ဆုံးရပ်တည်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ လာအိုမှာ ကစားခဲ့တဲ့ ဒီပွဲမှာ မြန်မာအသင်းအနေနဲ့ အဓိကတိုက်စစ်မှူးအောင်သူမပါခဲ့ပေမယ့် ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ ဆောင်လမန်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊...