Day: June 18, 2024

အင်္ဂလိပ်လိုဖြေဆိုဖို့ မေးမြန်းခံရပြီးနောက် အင်တာဗျူးဖြေတာကနေ ဒီဘရိုင်းနားထွက်ခွာ

မနေ့က ဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယား ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အပြီးမှာ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းနားဟာ မီဒီယာသမားတွေရဲ့မေးမြန်းမှုတွေကို ဖြေဆိုနေချိန် သတင်းထောက်တစ်ဦးက မေးခွန်းတစ်ခုကို အင်္ဂလိပ်လိုဖြေဖို့ ပြောခဲ့ချိန်မှာ အင်တာဗျူးဖြေတာကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို တိုက်စစ်မှူး...

တစ်ရာသီကစားအပြီးမှာ အသင်းကနေ ဆာဂျီယိုရာမို့စ် ထွက်ခွာမယ်လို့ ဆီဗီလာ ကြေညာ

စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ တစ်ရာသီကြာကစားအပြီးမှာ ကလပ်အသင်းကနေ ထွက်ခွာမယ်လို့ ဆီဗီလာအသင်းက ကြေညာခဲ့ပါတယ်။ ဆာဂျီယိုရာမို့စ်ဟာ ဆီဗီလာအသင်းမှာ ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကိုဖြည့်ဆည်းပြီးနောက် လာမယ့်ရာသီဆက်ရှိမှာမဟုတ်တော့ဘူးလို့ ဆီဗီလာအသင်းထံ အကြောင်းကြားခဲ့တာကို ကလပ်အသင်းက ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာဖော်ပြထားတာပါ။ ဆီဗီလာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ဆာဂျီယိုရာမို့စ်ဟာ...

ယူရိုပြိုင်ပွဲမှာ တစ်ပွဲတည်းဂိုး(၂)ဂိုးကို VAR နဲ့ပယ်ချခံခဲ့ရတဲ့ လူကာကူ

ယူရို ၂၀၂၄ အုပ်စုပွဲ ဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယားပွဲမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးလူကာကူဟာ အသင်းအတွက် ဂိုး(၂)ဂိုးသွင်းခဲ့ပေမယ့် ဒီ(၂)ဂိုးစလုံးကို VAR က ပြန်လည် သုံးသပ်ကြည့်ရှုပြီးနောက် ပယ်ချခဲ့ပါတယ်။ ဒါကြောင့် လူကာကူဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ပွဲတစ်ပွဲအတွင်း ဂိုး(၂)ဂိုးသွင်းနိုင်ပေမယ့် (၂)ဂိုးစလုံးကို VAR...

ဘာပေရဲ့ နှာခေါင်းခွဲစိတ်ဖို့ မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ် အတည်ပြု

မနေ့က ဩစတြီးယား(၀-၁)ပြင်သစ် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးဒဏ်ရာရရှိသွားခဲ့တဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေရဲ့နှာခေါင်းကို ခွဲစိတ်မှုခံယူဖို့မလိုအပ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)က အတည်ပြုခဲ့ပါတယ်။ ဘာပေဟာ နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် ခွဲစိတ်မှုခံယူခဲ့ရရင် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် မပါဝင်နိုင်တော့မှာကို စိုးရိမ်မှုတွေရှိနေကြတာပါ။ နှာခေါင်းရိုးကျိုးဒဏ်ရာကြောင့် ဆေးရုံကို...

မန်ယူနိုက်တက်နဲ့ မိမိစာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ အဲရစ်တန်ဟတ် ဆို

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်က သူနဲ့ မန်ယူနိုက်တက်အသင်းတို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးဘူးလို့ ဆိုခဲ့ပါတယ်။ အဲရစ်တန်ဟတ်နဲ့ မန်ယူနိုက်တက်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၁၂)လသာကျန်ရှိတော့တာဖြစ်ပေမယ့် (၂)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာပါ။ အဲရစ်တန်ဟတ်ဟာ အစောပိုင်းက မန်ယူနိုက်တက်အသင်းနည်းပြရာထူးက ထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပူးတွဲပိုင်ရှင်...

သြစတြီးယား (ဝ-၁)ပြင်သစ် Highlight Video

■ Video - ယူရို ၂၀၂၄ အုပ်စုပွဲ သြစတြီးယား (ဝ-၁)ပြင်သစ်ပွဲမှာ သြစတြီးယားကွင်းလယ်လူ ဘမ်ဂါတာရဲ့အပိုင်ကန်သွင်းချက်ကို ပြင်သစ်ဂိုးသမားမိုင်နန်ကာကွယ်မှု၊ ဘာပေရဲ့ပေးပို့မှုကနေ သြစတြီးယားနောက်ခံလူဝိုဘာ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ခေါင်းတိုက်ချက်။ ဂရီးဇ်မန်းနဲ့ ဘာပေတို့ရဲ့ဦးခေါင်းဒဏ်ရာရရှိမှုတွေနဲ့ ဘာပေရဲ့အပိုင်ကန်သွင်းမှု လွဲချော်ချက်

ဩစတြီးယားကို ပြင်သစ်ခက်ခက်ခဲခဲအနိုင်ယူခဲ့ပြီး ရိုမေနီးယား၊ ဆလိုဗက်ကီးယားတို့ နိုင်ပွဲရခဲ့တဲ့ ယူရို

သြစတြီးယား (ဝ-၁)ပြင်သစ်ရိုမေးနီးယား(၃-ဝ)ယူကရိန်းဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယား(ယူရို ၂၀၂၄ အုပ်စုပွဲများ) ဂျာမန်လူမျိုးနည်းပြ ရန်းနစ်ခ်လက်ထဲမှာ အသင်းကောင်းတစ်သင်းဖြစ်လာတဲ့ သြစတြီးယားက ပြင်သစ်အသင်းကို ခက်ခဲစေလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းမှုတွေရှိခဲ့တဲ့အတိုင်း တကယ့်လက်တွေ့မှာလည်း ပြင်သစ်အသင်း ဒီပွဲအနိုင်ရဖို့ အတော်အားထုတ်လိုက်ရတယ်။ သြစတြီးယားအသင်းကတော့ ဘောလုံးကို ပိုကိုင်ကစားနိုင်ခဲ့ပြီး ပြင်သစ်ဂိုးပေါက်ကို ထိရောက်တဲ့...