Day: June 13, 2024

ယူရို-၂၀၂၄ ပြိုင််ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဖြစ်ရင် ဆုဖလားကို တက်တူးထိုးမယ်လို့ အိုင်ဗန်တိုနေးဆို

ဘရန်ဖိုဒ့်အသင်းတိုက်စစ်မှူး အိုင်ဗန်တိုနေးက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဖြစ်ရင် ဆုဖလားကို နဖူးမှာတက်တူးထိုးမယ်လို့ ဆိုခဲ့ပါတယ်။ အိုင်ဗန်တိုနေးပါဝင်တဲ့ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ဖို့ လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။ အိုင်ဗန်တိုနေးဟာ သူ့ရဲ့တစ်ကိုယ်လုံးကို တက်တူးထိုးထားတာဖြစ်ပြီး ဇူလိုင်(၁၄)ရက် ဘာလင်မှာကစားမယ့်...

ရော်ဘတ်ဆန် ပခုံးပေါ်က ကြက်တူရွေး

စကော့တလန်အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန်ရဲ့ ဘယ်ဘက်ပခုံးပေါ်မှာ ကြက်တူရွေးတစ်ကောင် နားနေတယ်လို့ ထင်ရင် သင့်မျက်လုံးကို မျက်စိအထူးကုဆရာဝန်နဲ့ ပြန်စစ်ဖို့လိုနေပါပြီ။ အမှန်က သူ့ဘေးက ဂိုးသမားရဲ့လက်အိတ်နဲ့ ရေဘူးကိုင်ထားတဲ့လက်သာ ဖြစ်ပါတယ်

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဝယ်ယူခဲ့တဲ့ အန်ဒွန်ဘီလီရဲ့ စာချုပ်ကိုဖျက်သိမ်းကြောင်း စပါးကြေညာ

စပါးအသင်းဟာ ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ စပါးအသင်းဟာ အန်ဒွန်ဘီလီကို၂၀၁၉ ဇူလိုင်က လိုင်ယွန်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ အသက်(၂၇)နှစ်အရွယ်ရှိ အန်ဒွန်ဘီလီဟာ စပါးအသင်းအတွက် ပွဲပေါင်း(၉၁)ပွဲပါဝင်ကစားခဲ့ပြီး (၁၀)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။...

ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ တန်ဖိုးအမြင့်ဆုံး အင်္ဂလန်လက်ရွေးစင်အသင်း

ယူရို-၂၀၂၄ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကစားသမားတွေရဲ့ဈေးကွက်တန်ဖိုးအရ တန်ဖိုးအများဆုံးအသင်းအဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းက ဦးဆောင်နေပါတယ်။ အင်္ဂလန်အသင်းရဲ့တန်ဖိုးဟာ ပေါင်(၁.၂)ဘီလီယံအထိရှိနေပြီး ဒုတိယနေရာမှာတော့ ပြင်သစ်အသင်းက ပေါင်(၁.၀၄)ဘီလီယံနဲ့ ရပ်တည်နေပါတယ်။ အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ဟာ ပေါင်တစ်ဘီလီယံထက် တန်ဖိုးရှိတဲ့ လက်ရွေးစင်အသင်းတွေဖြစ်ကြပြီး ကျန်အသင်းတွေကတော့ တစ်ဘီလီယံအောက်သာ တန်ဖိုးရှိကြောင်း တွေ့ရပါတယ်။...

သတင်းတွေကြိုထွက်တဲ့အတိုင်း ဂျူဗင်တပ်စ်နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ သီယာဂိုမော့တာ

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းဟာ သတင်းတွေကြိုတင်ထွက်ရှိထားတဲ့အတိုင်း ဘိုလော့နာအသင်းနည်းပြသီယာဂိုမော့တာကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြုကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အသက်(၄၁)နှစ်အရွယ်ရှိမော့တာဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့နာအသင်းကို ရလဒ်ကောင်းတချို့ရယူပေးခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါအီတာလီယာဖလားရပြီး မကြာခင်မှာပဲ အသင်းနည်းပြအယ်လီဂရီကို ရာထူးက...

ယူရို အဖွင့်ပွဲစဉ်မတိုင်ခင် (၄ရက်အလိုမှာ ဂျွန်စတုန်းစ် ဖျားနာပြီး လေ့ကျင့်ရေးလွဲချော်

မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ ဂျွန်စတုန်းစ်ဟာ အင်္ဂလန်အသင်းရဲ့ယူရို-၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲစဉ်မတိုင်ခင် (၄)ရက်အလိုမှာ ဖျားနာနေခဲ့တာပါ။ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လွဲချော်ခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက်...

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံမဖြစ်ခဲ့ရင် မိမိရာထူးကနုတ်ထွက်မယ်လို့ ဆောက်ဂိတ်ဆို

အင်္ဂလန်လူမျိုးနည်းပြ ဆောက်ဂိတ်က ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဆုကို မရယူနိုင်ရင် နည်းပြရာထူးက သူ နုတ်ထွက်မယ်လို့ ဂျာမနီသတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာဆိုခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့စာချုပ်ဟာ ဒီနှစ် ဒီဇင်ဘာလမှာ ကုန်ဆုံးမှာဖြစ်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကို...