Day: June 8, 2024

ပရီးမီးယားလိဂ်မှာ ပြန်မြင်တွေ့ရဖွယ်ရှိတဲ့ ဆိုးလ်ရှား

နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့အတွက် ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ကာဒစ်ဖ်စီးတီးအသင်းနဲ့ မိုလ်ဒီအသင်းတို့ကို ကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ ၂၀၂၁ နိုဝင်ဘာက မန်ယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံရပြီးကတည်းက နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးတာပါ။...

ခြေစမ်းပွဲမှာ ဂရိဦးဆောင်ဂိုးရရှိစေမယ့် အမှားပြုလုပ်ခဲ့တဲ့ နော်ယာကို ပရိသတ်တွေ ပြစ်တင်

မနေ့က ဂျာမနီ(၂-၁)ဂရိခြေစမ်းပွဲစဉ်မှာ ဂရိဦးဆောင်ရရှိစေမယ့် အမှားပြုလုပ်ခဲ့တဲ့ ဂျာမနီဂိုးသမား နော်ယာကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ နော်ယာဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၃၃)မိနစ်မှာ ဂရိအသင်းဘက်က ကန်သွင်းခဲ့တဲ့ ဘောလုံးကို ဖမ်းရာမှာ မသေသပ်ခဲ့တာကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးရှေ့အသင်းရှိနေတဲ့ ဂရိအသင်းတောင်ပံကစားသမား...

အာဆင်နယ်အကောင်းဆုံးကစားသမားဆုကို (၂)နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ အော်တီဂါ

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂါဟာ ၂၀၂၃-၂၄ ရာသီအတွက် ချီးမြှင့်တဲ့ အာဆင်နယ်အကောင်းဆုံးကစားသမားဆု(Arsenal Player of the Season)ကို ဆွတ်ခူးခဲ့ကြောင့် အာဆင်နယ်အသင်းက အသင်းဝက်ဘ်ဆိုက်ကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နော်ဝေကွင်းလယ်လူအော်ဒီဂါဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတုန်းကလည်း ဒီဆုကို ဆွတ်ခူးနိုင်ခဲ့လို့...

အိုက်စလန်ကိုရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းကို ပရိသတ်တွေလှောင်ပြောင်

မနေ့က အင်္ဂလန်(ဝ-၁)အိုက်စလန်ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်အသင်းပရိသတ်တွေဟာ နိုင်ငံအသင်းရဲ့စိတ်ပျက်စရာစွမ်းဆောင်ရည်တွေကို လှောင်ပြောင်ခဲ့ကြပါတယ်။ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲစဉ်မှာ အိုက်စလန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အင်္ဂလန်အသင်းပရိသတ်တွေက စိတ်ပျက်ခဲ့ကြတာပါ။ အင်္ဂလန်အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့...

ဘာစီလိုနာကိုမရွေးချယ်ဘဲ ရီးရဲလ်နဲ့ မန်စီးတီးတို့ကိုသာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေအဖြစ် မက်ဆီသတ်မှတ်

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အသင်းဟောင်း ဘာစီလိုနာအသင်းရဲ့ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နည်းပြဟောင်း ဂွါဒီယိုလာကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းတို့ကို ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မကြာသေးခင်ကမှ ချန်ပီယံလိဂ်ဖလားကို (၁၅)ကြိမ်မြောက်ရရှိထားပြီး မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကို စံချိန်တင်(၄)ကြိမ်ဆက်တိုက်ရရှိထားတာပါ။ ၂၀၂၃/၂၄ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ...

နောက်ဆုံးနိုင်ငံတကာပွဲ(၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲပဲရတဲ့ မှတ်တမ်းဆိုးနဲ့ ယူရိုမှာ ရေပန်းအစားဆုံးအသင်း အင်္ဂလန်

အင်္ဂလန်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲ(၅)ပွဲမှာ နိုင်ပွဲတစ်ပွဲပဲရှိတာကတော့ လွဲမှားမှုတစ်ခုဖြစ်နေပါတယ်။ ယူရိုပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် မနေ့က ကစားခဲ့တဲ့ အိုက်စလန်နဲ့ပွဲမှာ အင်္ဂလန်အသင်းက (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒါက ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးခြေစမ်းပွဲ(၄)ပွဲမှာ...