Month: August 2024

မက်မောလောက်စရာ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ရိုးမားအသင်းမှာ သစ္စာရှိရှိဆက်ရှိနေမယ့် ဒီဘားလား

ရိုးမားအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူးဒီဘာလားဟာ လက်ရှိရိုးမားအသင်းမှာ ဆက်ကစားဖို့အတွက် မက်မောလောက်စရာကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ဒီဘာလားဟာ လက်ရှိ ရိုးမားအသင်းမှာ သူ ရရှိနေတဲ့လစာငွေထက် (၇)ဆနီးပါးလောက်တန်တဲ့ လစာငွေနဲ့ ဆော်ဒီဘောလုံးလောကမှာ လာကစားဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး သူက ဒီ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း...

ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲ Highlight Video

■ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲမှာ ဘရိုက်တန်အသင်းအတွက် ဝဲလ်ဘတ်ရဲ့ဦးဆောင်ဂိုး(၃၂ မိနစ်)၊ မန်ယူနိုက်တက်အသင်းအတွက် အာမက်ဒီယယ်လိုရဲ့ချေပဂိုး(၆၀ မိနစ်)၊ မန်ယူနိုက်တက်အသင်းပယ်ချခံခဲ့ရတဲ့ လူကျွံဘောဂိုးနဲ့ ပွဲချိန်(၉၀+၅)မိနစ်မှာ ဘရိုက်တန်အတွက် ဂျော်အိုပက်ဒရိုသွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုး

မန်စီးတီးမှာ (၂)နှစ်အတွင်း ပရီးမီးယားလိဂ်ဟက်ထရစ် (၇)ဂိုးသွင်းပြီး ရွန်နီရဲ့ မှတ်တမ်းကိုမီခဲ့တဲ့ ဟာလန်း

ပရီးမီးယားလိဂ်ပွဲစဉ်(၂) မန်စီးတီး(၄-၁)အစ်ဝစ်ချ်ပွဲမှာ ဟက်ထရစ်သွင်းခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းအနေနဲ့ ဒီအသင်းအတွက် ပြိုင်ပွဲစုံမှာသွင်းတဲ့ ဟက်ထရစ် စုစုပေါင်း(၁၀)ကြိမ်အထိ ရှိလာခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ကြိမ်မြောက် ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဟက်ထရစ်အများဆုံးသွင်းယူသူစာရင်းမှာ မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီရဲ့အကြိမ်အရေအတွက်ကိုပါ လိုက်မီခဲ့ပါတယ်။ ၂၀၂၂ သြဂုတ်လမှာ မန်စီးတီးအသင်းအတွက်...

ဘရိုက်တန်-မန်ယူနိုက်တက်ပွဲမှာ လူစာရင်းထဲ ဆန်ချို ဘာကြောင့်မပါဝင်လဲဆိုတာ တန်ဟတ် ရှင်းပြ

ဒီနေ့ကစားခဲ့တဲ့ ဘရိုက်တန်(၂-၁)မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းလူစာရင်းထဲ အင်္ဂလန်တောင်ပံကစားသမား ဆန်ချို ဘာကြောင့်မပါဝင်လဲဆိုတာကို နည်းပြ အဲရစ်တန်ဟတ်က ပွဲမတိုင်ခင် TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။ ဆန်ချိုဟာ မန်ယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်မှာလည်း...

ရာသီသစ်အတွက် ဘာစီလိုနာအသင်း ခေါင်းဆောင်သစ် (၅)ဦး အမည်စာရင်းမှာ လီဝန်ဒေါစကီး မပါဝင်

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်ဟောင်း ဆာဂျီရောဘတ်တိုထွက်ခွာသွာပြီးနောက် ရာသီသစ်အတွက် အသင်းခေါင်းဆောင်သစ်(၅)ဦးအမည်စာရင်းကို ကြေညာခဲ့ရာမှာ တိုက်စစ်မှူး လီဝန်ဒေါစကီး မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။ နောက်ခံလူဟောင်း ဆာဂျီရောဘတ်တိုဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာသွားတာကြောင့် ဂိုးသမား စတီဂန်ဟာ ပထမအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတော့မှာပါ။ ဘာစီလိုနာအသင်းဟာ...

အသင်းဟောင်း မန်ယူနိုက်တက်ဘက်ကို သွင်းယူတဲ့ ဂိုးနဲ့ ကစားသမားဘဝဂိုး(၁၀၀၀)ပြည့်ခဲ့တဲ့ ဝဲလ်ဘက်

ဘရိုက်တန်အသင်းရဲ့အင်္ဂလန်ဝါရင့်တိုက်စစ်မှူးဒန်နီဝဲလ်ဘတ်ဟာ ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂) ဘရိုက်တန်(၂-၁)မန်ယူနိုက်တက်ပွဲမှာ မန်ယူနိုက်တက်အသင်းဘက်ကို ပွဲချိန်(၃၂)မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒီဂိုးက သူ့ရဲ့ကစားသမားဘ၀ ပြိုင်ပွဲစုံဂိုး(၁၀၀)ပြည်ဂိုးဖြစ်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းအတွက် ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၆)ပွဲမှာ (၅)ပွဲမြောက် ရှုံးနိမ့်တာဖြစ်သလို အသင်းရဲ့လူငယ်စီမံကိန်းက ထွက်​ပေါ်ခဲ့တဲ့ ကစားသမားဟောင်းရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာလည်း...

နာမည်ကြီးတွေ အပါအဝင်(၂)သင်းစာ ချန်လှပ်ခံရတဲ့ ချယ်လ်ဆီးအသင်းရဲ့ လူစာရင်း

BBC က တင်ဆက်နေတဲ့ The One Show နဲ့ Match of the Day အစီအစဉ်တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပြုလုပ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနပ်စ်ဟာ လုပ်ငန်းခွင်အတွင်း မလျော်မကန်တဲ့လုပ်ရပ်ပြုလုပ်ခဲ့တာကြောင့် BBCရဲ့အစီအစဉ်တင်ဆက်သူရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။...

စပါး-အဲဗာတန်ပွဲကို တိုက်စစ်မှူးအသစ် ဆိုလန်ကီ လွဲချော်မယ်လို့ ပိုစတီကိုဂလူး အတည်ပြု

ဒီနေ့ကစားမယ့် စပါး-အဲဗာတန် ပရီးမီးယားလိဂ်ပွဲစဉ်ကို တိုက်စစ်မှူးအသစ် ဆိုလန်ကီလွဲချော်မယ်လို့ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ အတည်ပြုခဲ့ပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘုန်းမောက်အသင်းကနေ ပေါင်(၆၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုလန်ကီဟာ လက်စတာအသင်းနဲ့(၁)ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ စပါးအသင်းအတွက် သူ့ရဲ့ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။...

လူကာကူအတွက် ချယ်လ်ဆီးနဲ့နာပိုလီအသင်း ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိ

ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ဟာ သောကြာနေ့က အပြုသဘောဆောင်တဲ့ဆွေးနွေးမှုပြုလုပ်အပြီးမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ရောင်းချဖို့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ဟာ ဒီအပတ်ထဲမှာ လူကာကူရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး လူကာကူဟာ အင်တာမီလန်အသင်းမှာ အတူလက်တွဲခဲ့တဲ့ နည်းပြဟောင်း ကွန်တီနဲ့ နာပိုလီအသင်းမှာ ပြန်လည်လက်တွဲအလုပ်လုပ်ရတော့မှာပါ။...