Month: August 2024

အင်္ဂလန်ကလပ် ဘန်လေအသင်းကို ရောက်လာတဲ့ သားရော်နယ်လ်ဒင်ဟို

ဘရာဇီးလ်ဂန္ထဝင်ရော်နယ်လ်ဒင်ဟိုရဲ့သားဖြစ်သူဂျော်အိုမန်ဒက်စ်ဟာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းကိုရောက်ရှိလာပါတယ်။ အသက်(၁၉)နှစ်အရွယ်သာရှိသေးသူ ဂျော်အိုမန်းဒက်စ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လကမှ ဘရာဇီးလ်ကလပ် ခရူဇီယိုအသင်းကနေ ဘာစီလိုနာအသင်းကို ရောက်လာခဲ့သူပါ။ ဘာစီလိုနာလူငယ်အသင်းမှာသာ ကစားခွင့်ရခဲ့တဲ့ဂျော်အိုမန်ဒက်စ်အနေနဲ့ ဘန်လေအသင်းနဲ့ (၂)နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုလိုက်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် မန်ဒက်စ်ဟာ ဘန်လေအသင်းကြီးမှာ...

၁၅.၈.၂၀၂၄ ရဲ့ သတင်းအတိုအထွာများ စုစည်းမှု

■ မန်စီးတီးအသင်းကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ အစ်ဝစ်ချ်အသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ကယ်လ်ဗင်ဖီးလစ်နဲ့ အစ်ဝစ်ချ်အသင်းတို့ရဲ့အငှားစာချုပ်မှာ ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်မပါဝင်ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ■ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ဘောလုံးကစားခွင့်ပိတ်ပင်ခြင်းခံထားရတဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ သြဂုတ်(၂၈)ရက်မှာ...

မန်ယူနိုက်တက်နဲ့ မိမိစာချုပ်သစ်မချုပ်ခင် ထွက်ခွာဖို့အတွက် ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့ ဖာနန်ဒက်စ် ဖွင့်ဟ

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က မန်ယူနိုက်တက်အသင်းနဲ့ သူစာချုပ်သစ်မှာ လက်မှတ်ရေးမထိုးခင်က ထွက်ခွာဖို့အတွက် ကမ်းလှမ်းမှုတွေရရှိခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းမှာ ၂၀၂၇ ဇွန်အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့် ပါဝင်နေတာပါ။ စာချုပ်သစ်အရ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းမှာ လုပ်ခလစာအများဆုံးရရှိတဲ့...

လိဂ်ဖလားက စောစီးစွာထွက်ခွာခဲ့ရပြီးနောက် မက်ဆီမပါဝင်နိုင်တဲ့အပေါ် ဘူးစကွက် ညည်းတွား

လိဂ်ဖလား Round of 16 ပွဲစဉ်မှာ ကိုလံဘတ်စ်ခရူအသင်းကို(၃-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီးအင်တာမိုင်ယာမီအသင်း ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရပြီးနောက် ကွင်းလယ်လူ ဘူးစကွက်က အသင်းခေါင်းဆောင် မက်ဆီမပါဝင်နိုင်တဲ့အပေါ် ညည်းတွားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့...

ဥရောပစူပါဖလားပြိုင်ပွဲ ရီးရဲလ်မက်ဒရစ်(၂-ဝ) အတ္တလန်တာ Highlight Video

■ Video - မနေ့က ကစားခဲ့တဲ့ ဥရောပစူပါဖလားပြိုင်ပွဲ ရီးရဲလ်မက်ဒရစ်(၂-ဝ) အတ္တလန်တာပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကွင်းလယ်လူဗယ်လ်ဗာဒီ(၅၉ မိနစ်)နဲ့ တိုက်စစ်မှူးဘာပေ(၆၈ မိနစ်)သွင်းယူခဲ့တဲ့ အနိုင်ဂိုးနှစ်ဂိုး

ဥရောပစူပါဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းဖြစ်လာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် (၂-၀) အတ္တလန်တာ (ဥရောပစူပါဖလားလုပွဲ) ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖလား(၁၅)ကြိမ်ရ အအောင်မြင်ဆုံးအသင်း ရီးရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်းတို့ ကစားခဲ့တဲ့  ဥရောပစူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက (၂)ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ဥရောပစူပါဖလားလုပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ ဥရောပစူပါဖလားပြိုင်ပွဲမှာ နောက်ဆုံး(၁၀)နှစ်အတွင်း (၅)ကြိမ်ကစား...

လာမင်းယာမားလ်ရဲ့ ဖခင် ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ရ

စပိန်နဲ့ ဘာစီလိုနာအသင်းကြယ်ပွင့် လာမင်းယာမားလ်ရဲ့ဖခင်ဟာ ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခံခဲ့ရပါတယ်။ La Vanguardia က လာမင်းယာမားလ်ရဲ့ဖခင်ဖြစ်သူဟာ သူ့ရဲ့ခွေးနဲ့ လမ်းလျှောက်ထွက်ရင်း လူအချို့နဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး ရန်ပွဲဖြစ်ပွားခဲ့ကာ ဓါးနဲ့ အကြိမ်ပေါင်းများစွာထိုးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောခဲ့တာကို...

အာနီဆလော့လက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ လီဗာပူးလ် နီးစပ်

လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ဂျော်ဂျီယာအသင်းဂိုးသမား မာမာဒက်ရှ်ဗီလီကို ဗလင်စီယာအသင်းကနေ ခေါ်ယူဖို့ နီးစပ်နေပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ မာမာဒက်ရှ်ဗီလီဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ကြယ်ပွင့်ဖြစ်ခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ပေါ်တူဂီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့သလို ချက်အသင်းနဲ့...

ဩဂုတ်လ ၁၄ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

ဥရောပစူပါဖလားလုပွဲ ရီးရဲလ်မက်ဒရစ် - အတ္တလန်တာ(15 August 2024/ 1:30 am) ချန်ပီယံလိဂ်(၁၅)ကြိမ်ရ ရီးရဲလ်မက်ဒရစ်အသင်းက ဥရောပစူပါဖလားပွဲကို (၉)ကြိမ်မြောက်ယှဉ်ပြိုင်တာဖြစ်ပေမယ့် ဥရောပအောင်မြင်မှုဆိုလို့ အခုမှ ယူရိုပါလိဂ်ဖလားတစ်လုံးသာ ရခဲ့ဖူးတဲ့ အတ္တလန်တာအသင်းကတော့ ဒီဖလားလုပွဲကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။...

ပုံမှန်အချိန်အတွင်း သရေကျနေရင် အချိန်ပိုမကစားဘဲ ပယ်နယ်တီ တန်းကန်မယ့် ဥရောပစူပါဖလားပွဲ

ဒီနေ့ညသန်းခေါင်ကျော် (မြန်မာစံတော်ချိန်) သြဂုတ်(၁၅)ရက် နံနက်(၁း၃၀)နာရီမှာ စတင်ကစားမယ့် ဥရောပစူပါဖလားပွဲမှာ ပုံမှန်ပွဲချိန်မိနစ်(၉၀)အတွင်း သရေကျနေရင် အချိန်ပို(Extra Time)ကစားမှာ မဟုတ်ဘဲ ပယ်နယ်တီအဆုံးအဖြတ်ကန်ပြီး ချန်ပီယံအသင်းကို ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။ ချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ နှစ်စဉ်ဗိုလ်လုကြတဲ့ ဥရောပစူပါဖလားပြိုင်ပွဲမှာ...