အင်္ဂလန်ပြည်တွင်းလိဂ် (၉၂)သင်းထဲမှာ စိုးရိမ်သောကအနည်းဆုံး မန်စီးတီး ပရိသတ်
ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်ဘောလုံးလိဂ်အတန်း(၄)ခုက အသင်း(၉၂)သင်းမှာ ဘယ်အသင်းပရိသတ်တွေက စိုးရိမ်သောကအများဆုံးလဲဆိုတာကို ဘောလုံးခန့်မှန်းချက်တွေကို ထုတ်ပြန်နေတဲ့ OLBG ဝက်ဘ်ဆိုက်က တွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအောက်ဆုံးကနေ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေက ရမှတ်(၈.၀၄)မှတ်နဲ့ စိုးရိမ်သောကအများဆုံးပရိသတ်တွေအဖြစ် ရပ်တည်ခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးလိဂ်(၉၂)သင်းမှာ...