Month: August 2024

လုပ်ငန်းခွင်အတွင်း မလျော်ကန်တဲ့ လုပ်ရပ်ကြောင့် အစီအစဉ်တင်ဆက်သူရာထူးက ထုတ်ခံရတဲ့ ဂျီးနပ်စ််

BBC က တင်ဆက်နေတဲ့ The One Show နဲ့ Match of the Day အစီအစဉ်တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပြုလုပ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနပ်စ်ဟာ လုပ်ငန်းခွင်အတွင်း မလျော်မကန်တဲ့လုပ်ရပ်ပြုလုပ်ခဲ့တာကြောင့် BBCရဲ့အစီအစဉ်တင်ဆက်သူရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။...

ဘာစီလိုနာမှာ တစ်ရာသီကြာ ကစားပြီးနောက် အသင်းဟောင်းမန်စီးတီးထံ ဂွန်ဒိုဂန် ပြန်လည်ပြောင်းရွှေ့

ဂျာမနီကွင်းလယ်လူဟောင်း ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းက ထွက်ခွာပြီးနောက် ဘာစီလိုနာအသင်းမှာ တစ်ရာသီကြာသာကစားကာ အသင်းဟောင်း မန်စီးတီးအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၅ ဇွန်အထိစာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ်(၁)နှစ်သက်တမ်းတိုးခွင့်ရှိနေတာပါ။ ဂွန်ဒိုဂန်ဟာ မန်စီးတီးအသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက (၇)နှစ်ကြာ ပွဲပေါင်း(၃၀၄)ပွဲပါဝင်ကစားပြီး...

တစ်သင်းလုံးကို အပြောင်းအရွှေ့ဈေးကွက်ထဲ လိုင်ယွန်ထည့်သွင်းထားတယ်လို့ ပြင်သစ်မီဒီယာ ဖော်ပြ

လိုင်ယွန်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလဈေးကွက်မပိတ်ခင်မှာ သူတို့ရဲ့ဘဏ္ဍာရေးရောင်းချမှုပစ်မှတ်ကို ရောက်ရှိဖို့ ကြိုးပမ်းမှုနဲ့ အသင်းတစ်သင်းလုံးကို အပြောင်းအရွှေ့ဈေးကွက်မှာ ထည့်သွင်းထားတယ်လို့ ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြထားပါတယ်။ လိုင်ယွန်အသင်းဟာ သူတို့ရဲ့ကစားသမားတွေကို မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆိုရင် ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ L'Equipe...

နည်းပြ တီဒက်စ်ကိုလက်ထက်မှာ ဘယ်လ်ဂျီယံအတွက် မိမိ မကစားတော့ဘူးလို့ ဂိုးသမားကော်တိုအာ ကြေညာ

ရီးရဲလ်မက်ဒရစ်အသင်းဂိုးသမား ကော်တိုအာက လက်ရှိဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ တီဒက်စ်ကိုလက်ထက်မှာ သူဟာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းအတွက် မကစားတော့ဘူးလို့ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ကြေညာသွားခဲ့ပါတယ်။ ကော်တိုအာနဲ့ တီဒက်စ်ကိုတို့ဟာ ပြီးခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ လူသိရှင်ကြား အဆင်မပြေမှုတွေဖြစ်ပျက်ခဲ့တာပါ။ ကော်တိုအာဟာ ပြီးခဲ့တဲ့ရာသီက...

ဂိုးပေါက်အလွတ်ထဲကို ဂိုးဝင်အောင် မသွင်းနိုင်တဲ့ မာခ့်ဂီအူကို ချယ်လ်ဆီးပရိသတ်တွေ ဝေဖန်

မနေ့က ချယ်လ်ဆီး(၂-ဝ)ဆာဗတ် ယူရိုပါကွန်းဖရန့်လိဂ် Play-off (ပထမအကျော့)ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားသမားအသစ် မာခ့်ဂီအူဟာ ဂိုးပေါက်အလွတ်ကြီးထဲကို ဂိုးဝင်အောင်မကန်သွင်းနိုင်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ချယ်လ်ဆီးအသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာခ့်ဂီအူဟာ ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပထမဆုံးသွင်းဂိုးရရှိဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့်...

လီဗာပူးလ်ကို တစ်ကွက်ပြလိုက်တဲ့ အဲဗာတန်အသင်း Everton Two – Liverpool One

လီဗာပူးလ်မြို့ထဲမှာ ကြီးမားတဲ့ Shopping Centre ကြီးတစ်ခုရှိပါတယ်။ ဒီ Shopping Centre ရဲ့နာမည်က Liverpool One ဖြစ်ပါတယ်။ ဒီ Liverpool One Shopping Centre ထဲမှာ လီဗာပူးလ်အသင်းက အသင်းနဲ့သက်ဆိုင်တဲ့...

လက်ရွေးစင်အသင်းကိုသာမက ဘောလုံးကစားခြင်းကိုပါ စွန့်လွှတ်သူများခဲ့တဲ့ ၂၀၂၄ ခုနစ်

ကမ္ဘာ့ဖလား၊ ယူရိုနဲ့ ကိုပါအ​မေရိကလို အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေပြီးရင် ဘောလုံးသမားတွေ နိုင်ငံတကာဘောလုံးလောကက (တစ်နည်းအားဖြင့်) လက်ရွေးစင်အသင်းက အနားယူသွားကြတာ ထုံးစံပါပဲ။ ဒါပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေအပြီး ဒီနှစ်ကတော့ အရင်ပြိုင်ပွဲတွေထက် လက်ရွေးစင်အသင်းက အနားယူသွားသူတွေကို ပိုတွေ့နေရပါတယ်။ ဒီအထဲမှာ...

(၂)နှစ်အရွယ် မယားပါသမီးကို ရက်ရက်စက်စက်လုပ်ခဲ့လို့ ထောင်နန်းစံရတော့မယ့် ဟုချ်မေဆန်

ချန်ပီယံရှစ်ကလပ် မီလ်ဝေါလ်အသင်းမှာ နှစ်ကြိမ်တိုင်ကစားခဲ့ဖူးတဲ့ ကီယာနန်ဟုချ်-မေဆန်(၃၂ နှစ်)ဟာ အသက်(၂)နှစ်သာရှိသေးတဲ့ ကလေးငယ်ကို သေလုမျောပါး အပြင်းအထန်ဒဏ်ရာရအောင် ရိုက်နှက်ခဲ့တာကြောင့် ထောင်ဒဏ်ကျခံရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ လန်ဒန်ကလပ် အာဆင်နယ်နဲ့ စပါးအသင်းတို့မှာ လူငယ်ကစားသမားတစ်ဦးအဖြစ် ကစားခဲ့ဖူးသူဟုချ်-မေဆန်ဟာ သူ့ရဲ့မယားပါသမီးကို ရက်ရက်စက်စက်လူမဆန်စွာ...

၂၂.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ဒီနွေရာသီမှာ အသင်းသစ်ရှာဖွေဖို့ ချယ်လ်ဆီးအသင်းရဲ့ပြောဆိုခြင်းခံထားရတဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်ဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိချင်နေပါတယ်။ စတာလင်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက စိတ်ဝင်စားနေပေမယ့် သူကတော့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပြန်လည်ကစားခွင့်ရဖို့ မျှော်လင့်နေတာကြောင့် ပရီးမီးယားလိဂ်မှာပဲ ဆက်ပြီးရှိချင်နေတာဖြစ်ပါတယ်။ ■ အာဆင်နယ်အသင်းဟာ...

ဂျော်အိုဖီးလစ် နာမည်ရေးထိုးထားတဲ့ ကမ္ဗည်းပြားကို အက်သလက်တီကို ပရိသတ်တွေ ဖျက်ဆီး

‌အက်သလက်တီကိုအသင်းပရိသတ်တွေဟာ ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖီးလစ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ပြီးနောက် Metropolitano အားကစားကွင်းထဲမှာ သူ့ရဲ့နာမည်ရေးထိုးထားတဲ့ ကမ္ဗည်းပြားကို ဖျက်ဆီးခဲ့ကြပါတယ်။ အက်သလက်တီကိုပရိသတ်တွေဟာ ဂျော်အိုဖီးလစ်နာမည်ပါ ကမ္ဗည်းပြားပေါ်မှာ အမှိုက်တွေစုပြုံထားပြီး ညစ်ပေအောင်ပြုလုပ်ကာ ဖျက်ဆီးခဲ့တာပါ။ ဂျော်အိုဖီးလစ်ဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့က သူ...