Month: August 2024

အာနီဆလော့ရပ်တန့်ရမယ့် (၂၁)ရာစုခေတ် လီဗာပူးလ်နည်းပြတွေရဲ့ မှတ်တမ်းဆိုး

ဒီနေ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၁)အစောဆုံးပွဲစဉ် အစ်ဝစ်ချ်-လီဗာပူးလ်ပွဲမှာ လီဗာပူးလ်အသင်းက အစ်ဝစ်ချ်အသင်းကို အဝေးကွင်းမှာ အနိုင်ရအောင်ကစားပြီး လီဗာပူးလ်အသင်းနည်းပြအာနီဆလော့က (၂၁)ရာစုလီဗာပူးလ်နည်းပြတွေရဲ့မှတ်တမ်ဆိုးတစ်ခုကို ရပ်တန့်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ၂၀၀၀ ပြည့်နှစ်ကစပြီး (တစ်နည်းအားဖြင့်) (၂၁)ရာစုနှစ်မှာ လီဗာပူးလ်နည်းပြအဖြစ် ခန့်အပ်ခံရတဲ့ နည်းပြတွေမှာ ကျိန်စာတစ်ခုလို့...

ဩဂုတ် ၁၇ ရက်နေ့ရဲ့အကြိုက်ဆုံး ပွဲကြိုတင်ရင်ခုန်သံ

ပရီးမီးယားလိဂ် မန်ယူနိုက်တက် - ဖူလ်ဟမ်(17 August 2024/ 1:30 am) ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်မှာ မန်ယူနိုက်တက်အသင်းနည်းပြတန်ဟတ်က ပြိုင်ပွဲအတွက် သူ့အသင်းက အဆင်သင့်မဖြစ်သေးဘူးလို့ ပြောလိုက်တယ်။ ဒါက တကယ်လို့ ဒီပွဲမှာအနိုင်မရခဲ့ရင်(ဒါမှမဟုတ် ကံဆိုးပြီး) ရှုံးနိမ့်ခဲ့ရင်ဆိုတဲ့ အခြေအနေအတွက်...

ဂူဟီအတွက် ခရစ္စတယ်ပဲလေ့စ်ကို နယူးကာဆယ် စတုတ္ထအကြိမ် ကမ်းလှမ်း

နယူးကာဆယ်အသင်းဟာ အင်္ဂလန်နောက်ခံလူ ဂူဟီအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းကို တတိယအကြိမ်မြောက်ကမ်းလှမ်းမှုပြုလုပ်တာ ပယ်ချခံရပြီးနောက် စတုတ္ထအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းရဲ့စတုတ္ထအကြိမ်မြောက်ကမ်းလှမ်းမှုဟာ ဂူဟီအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းလိုချင်နေတဲ့ အနည်းဆုံးပြောင်းရွှေ့ကြေးပေါင်(၆၅)သန်းနဲ့ နီးစပ်မှုရှိလာခဲ့တာပါ။ နယူးကာဆယ်အသင်းဟာ ဂူဟီအတွက် ပေါင်(၅၅)သန်း၊Add-ons ပေါင်(၅)သန်းနဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုပြုလုပ်ခဲ့တာကို ခရစ္စတယ်ပဲလေ့စ်အသင်း...

ပိုင်ရှင်သစ်တွေလက်ထက်မှာ ငွေကြေးသုံးစွဲမှု အများဆုံးကလပ်အဖြစ် အကြိမ်ကြိမ်စိုးမိုးနေတဲ့ ချယ်လ်ဆီး

လန်ဒန်ကလပ်ချယ်လ်ဆီးအသင်းဟာ အသင်းကို အသင်းပိုင်ရှင်သစ်တွေက ဝယ်ယူပြီးနောက်ပိုင်း အပြောင်းအရွှေ့ကာလတွေမှာ ငွေကြေးသုံးစွဲမှုအများဆုံးကလပ်အသင်းအဖြစ် အကြိမ်ကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ကာလနောက်ဆုံး(၅)ကြိမ်မှာ ငွေကြေးသုံးစွဲမှုအများဆုံးအသင်းအဖြစ် (၄)ကြိမ်တိုင် ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလ၊ ၂၀၂၃ဆောင်းရာသီအပြောင်းအရွှေ့ကာလ၊ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလနဲ့ အခုလက်ရှိ ၂၀၂၄...

ပရီးမီးယားလိဂ်ရာသီအစက ဘယ်အသင်းတွေဘယ်လောက်အထိ ခက်ခဲမလဲ …ဘယ်အသင်းတွေ ဘယ်လောက်အထိ လွယ်ကူမလဲ ..

အခုလာမယ့် သောကြာနေ့ (သြဂုတ်၁၆ရက်နေ့)မှာ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီသစ်စတင်တော့မှာဖြစ်ပါတယ်။ ပွဲစဉ်(၁)မှာပဲ လက်ရှိချန်ပီယံမန်စီးတီးအသင်းက အဝေးကွင်းမှာ လန်ဒန်အသင်းကြီးဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ရာသီသစ်စစချင်းမှာ ပွဲကြီးပွဲကောင်းတွေပါဝင်နေပြီး ပရိသတ်တွေအနေနဲ့ ရာသီအစမှာပဲ ရင်ခုန်စိတ်လှုပ်ရှားစရာ ရသတွေကို ခံစားရတော့မှာပါ။ ဘောလုံးအချက်အလက် ဝက်ဘ်ဆိုက်ဖြစ်တဲ့...

အမေရိကန်လက်ရွေးစင်အသင်း နည်းပြရာထူးအတွက် သဘောတူညီမှုရခဲ့တဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီအကုန်က ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ ထွက်ခွာပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးသလို အင်္ဂလန်အသင်းနည်းပြရာထူးအတွက်လည်း ချိတ်ဆက်မှုတွေခံနေရတာပါ။ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အုပ်စုကထွက်ခွာခဲ့ရတာကြောင့်...

Laughing Gas ဗီဒီယိုကြောင့် ဘစ်ဆူးမားကို လက်စတာနဲ့ပွဲမှာ ပါဝင်ကစားဖို့ စပါးပိတ်ပင်

စပါးအသင်းဟာ Laughing Gas ရှူရှိုက်ခဲ့တဲ့ ဗီဒီယိုကြောင့် ကွင်းလယ်လူ ဘစ်ဆူးမားကို လက်စတာအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ပိတ်ပင်တဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဘစ်ဆူးမားဟာ ဒီလုပ်ရပ်အတွက် တောင်းပန်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ နိုက်ထရပ်အောက်ဆိုဒ်ပါဝင်တဲ့ Laughing...

ပရီးမီးယားလိဂ် ရာသီသစ်အတွက် မန်ယူနိုက်တက် အဆင်သင့်မဖြစ်သေးဘူးလို့ တန်ဟတ် ဆို

ဒီနေ့ကစားမယ့် မန်ယူနိုက်တက်-ဖူလ်ဟမ် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ နည်းပြ အဲရစ်တန်ဟတ်က ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းကစားသမားတွေအားလုံးဟာ အသင်းလိုက်စုပေါင်းပြီးလေ့ကျင့်မှုပြုလုပ်တဲ့အချိန်နည်းပါးမှုအပေါ် နည်းပြ အဲရစ်တန်ဟတ်က စိုးရိမ်မှုတွေရှိနေတာပါ။ မန်ယူနိုက်တက်အသင်းရဲ့အဓိက ကစားသမားအများစုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့ကြလို့...

အာဆင်နယ်အသင်းဗိုလ်စွဲမယ်ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ပရီးမီးယားလိဂ်ခန့်မှန်းချက်

လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်၊ မန်ယူနိုက်တက်၊ စတုတ်စီးတီးအစရှိတဲ့အသင်းတွေမှာ ကစားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က လာမယ့် ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီကုန်ရင် အမှတ်ပေးဇယားထိပ်ဆုံးအဆင့်(၄)အတွင်း ရပ်တည်မယ့် အသင်း(၄)သင်းကို ရွေးချယ်ခဲ့ပါတယ်။ အိုဝင်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ့်အသင်းကို အာဆင်နယ်အသင်းအဖြစ် ရွေးချယ်ခဲ့ပြီး...

လာမယ့် ပရီးမီးယားလိဂ်မှာ တွေ့မြင်ရမယ့် VAR အပြောင်းအလဲတစ်ခု

ပရီးမီးယားလိဂ်မှာ VAR နဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြပြောဆိုမှုတွေ များပြားလာတာနဲ့အမျှ တာဝန်ရှိသူတွေကလည်း ဒီစနစ်ကို ပိုကောင်းလာအောင် နည်းမျိုးစုံနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေကြပါတယ်။ VAR ဆက်ထားသင့်မထားသင့် အဆိုပြုမှုကလည်း ပြီးခဲ့တဲ့ရာသီမဲခွဲပွဲမှာ (၁၉-၁)မဲနဲ့ ဆက်ထားတဲ့ဘက်က အနိုင်ရပြီးနောက်မှာ ဒီစနစ်ကို...