စီးရီးအေ + လာလီဂါ + ပြင်သစ်လီဂူး သုံးစွဲငွေ စုစုပေါင်းထက် ပိုသုံးထားတဲ့ ပရီးမီးယားလိဂ်
ဒီနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုတွေအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ပြောင်းရွှေ့ကြေးသုံးစွဲမှု စုစုပေါင်းက ယူရို(၁.၂၁)ဘီလီယံ(ယူရို ၁၂၁၀ သန်း)အထိရှိနေပါတယ်။ ဒါက ပြီးခဲ့တဲ့သြဂုတ်(၂)ရက်နေ့အထိ သုံးစွဲငွေပမာဏဖြစ်ပြီး ဒီပမာဏက အခြားဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေဖြစ်တဲ့ စီးရီးအေ၊ လာလီဂါ၊ ပြင်သစ်လိဂ်ပြိုင်ပွဲတွေက ကလပ်အသင်းတွေအားလုံး သုံးစွဲထားတဲ့ပြောင်းရွှေ့ကြေး စုစုပေါင်းထက် ပိုများနေပါတယ်။...