Month: August 2024

ဘာစီလိုနာ၊PSG တို့ကို ငြင်းပယ်ပြီး ဘီလ်ဘာအိုနဲ့ နီကိုဝီလီယံစ် စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိ

စပိန်တောင်ပံကစားသမား နီကိုဝီလီယံစ်ဟာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ၊PSG ၊ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ကို ငြင်းပယ်ပြီး ဘီလ်ဘာအိုအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ရှိနေပါတယ်။ နီကိုဝီလီယံစ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းကို ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဥရောပထိပ်သီးအချို့ရဲ့ပစ်မှတ်ဖြစ်လာတဲ့သူပါ။ နီကိုဝီလီယံစ်ဟာ...

အိုလံပစ်ကွာတားဖိုင်နယ်မှာ နောက်ဆုံးချန်ပီယံ (၂)သင်း ကမ္ဘာ့ချန်ပီယံဟောင်း (၂)သင်း ထိပ်တိုက်တွေ့မယ်

မနေ့ညက ပါရီအိုလံပစ်(အမျိုးသမီးဘောလုံး)အုပ်စုပွဲတွေပြီးဆုံးသွားချိန်မှာ ကွာတားဖိုင်နယ်အဆင့်အတွက် အတွဲအဖက်တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းသာရှိတာကြောင့် အုပ်စုအဆင့်မှာ (၄)သင်းသာကျန်ခဲ့ပြီး (၈)သင်းက နောက်တစ်ဆင့်ဖြစ်တဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အုပ်စုအဆင့်မှာ ကျန်ခဲ့တဲ့(၄)သင်းက နယူးဇီလန်၊ သြစတြေးလျ၊ ဇမ်ဘီယာ၊ နိုင်ဂျီးရီးယားအသင်းတို့ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို...

နည်းပြဘဝကို ပြန်လာတော့မှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကလော့ပ်

ပြီးခဲ့တဲ့ရာသီကုန်က လီဗာပူးလ်အသင်းနဲ့လမ်းခွဲခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြယာဂန်ကလော့ပ်ဟာ ဘောလုံးနည်းပြတစ်ဦးဘဝက အပြီးသတ်အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ မူလက ကလော့ပ်အနေနဲ့ နည်းပြအလုပ်ကနေ တစ်နှစ်ခန့်အနားယူပြီး ကလပ်အသင်းတစ်သင်းသင်း(သို့မဟုတ်)လက်ရွေးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ကလော့ပ်က နည်းပြဘဝကို သူ့အနေနဲ့ ပြန်လာမှာ...

ချယ်လ်ဆီးရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို အက်သလက်တီကိုပစ်မှတ် ဂယ်လက်ဂါ ပယ်ချ

အင်္ဂလန်ကွင်းလယ်လူ ဂယ်လက်ဂါဟာ ဇွန်အစောပိုင်းက ချယ်လ်ဆီးအသင်းရဲ့(၃)နှစ်သက်တမ်းတိုးစာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က ထပ်မံကမ်းလှမ်းမှုပြုလုပ်ခံခဲ့ရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ချယ်လ်ဆီးနဲ့အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ပေါင်(၃၃.၇)သန်းနဲ့ ဂယ်လက်ဂါရဲ့အပြောင်းအရွှေ့ကို ဆွေးနွေးမှုပြုလုပ်နေတာပါ။ ဂယ်လက်ဂါအနေနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် ချယ်လ်ဆီးအသင်းရဲ့လုပ်ခလစာအများဆုံးရရှိတဲ့ သူတွေထဲက တစ်ဦးဖြစ်လာနိုင်ပါတယ်။ ဂယ်လက်ဂါဟာ ၂၀၂၂...

ဒဏ်ရာကြောင့် ယိုရို(၃)လ၊ဟွိုက်လန်း(၆)ပတ် အနားယူရမယ်လို့ မန်ယူနိုက်တက် အတည်ပြု

အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ယိုရိုက(၃)လနဲ့ တိုက်စစ်မှူး ဟွိုက်လန်းက(၆)ပတ်အနားယူရမယ်လို့ မန်ယူနိုက်တက်အသင်းက အတည်ပြုခဲ့ပါတယ်။ ယိုရိုက ခြေဖမိုးကျိုးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဟွိုက်လန်းက တံကောက်ကြောဒဏ်ရာရခဲ့တဲ့အတွက် ရာသီသစ်မစတင်ခင်မှာ မန်ယူနိုက်တက်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရတာပါ။ ယိုရိုဟာ ပြီးခဲ့တဲ့လကမှ...

ဓားထိုးခံရပြီး ကြွေလွင့်ခဲ့တဲ့ လူငယ်တွေအတွက် မာဆေးလ်ဆိုက်ဒ် ပြိုင်ဘက် နှစ်သင်းရဲ့ ဝမ်းနည်းသဝဏ်လွှာ

လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ ဘောလုံးကွင်းထဲမှာဆိုရင်တော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မြို့ခံပြိုင်ဘက်အသင်းတွေပါ။ ဒါပေမယ့် ဒီနှစ်သင်းက ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်တွေမှာတော့ အတူပူးပေါင်းဆောင်ရွက်တတ်ကြပါတယ်။ တစ်သင်းရဲ့ဝမ်းနည်းစရာအဖြစ်အပျက်တွေကို တစ်သင်းက နှစ်သိမ့်ပေးတတ်ကြပါတယ်။ အခု လီဗာပူးလ်မြို့နဲ့ မိုင်(၂၀)လောက်ပဲ ဝေးတဲ့ ဆောက်ပို့တ်ဆိုတဲ့ ကမ်းခြေမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့...

ရီးရဲလ်မက်ဒရစ်အသင်းမှာ စီရော်နယ်ဒို လွှမ်းမိုးနေဆဲ

စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းကနေ ၂၀၁၈ နွေရာသီကတည်းက ထွက်ခွာသွားခဲ့ပေမယ့် ဒီအသင်းမှာ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒိုရဲ့လွှမ်းမိုးမှုတွေရှိနေတယ်လို့ ရီးရဲလ်မက်ဒရစ်ကစားသမားသစ် အန်းဒရစ်က ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် အန်းဒရစ်ကို စပိန်နာမည်ကြီးသတင်းစာ AS က မေးမြန်းခဲ့ရာမှာ အန်းဒရစ်က ရီးရဲလ်ကစားသမားတွေအပေါ် စီရော်နယ်ဒိုရဲ့လွှမ်းမိုးမှုကို...

မင်းမရှိရင်ဖြစ်တယ် .. အချစ်မရှိရင်မဖြစ်ဘူး

(ရုရှားမော်ဒယ်နဲ့သတင်းထွက်လာတဲ့ ယာမားလ်) အသက်(၁၇)နှစ်အရွယ် စပိန်လူငယ်ကြယ်ပွင့်ကစားသမား လာမင်းယာမားလ်တစ်ယောက် သူ့ရဲ့ချစ်သူနဲ့ ပြတ်စဲတာမကြာသေးပါဘူး။ ရက်ပိုင်းပဲ ရှိပါသေးတယ်။ အဲလက်စ်ပါဒယ်လာလို့ အမည်ရတဲ့ TiKTok influencer(ဆိုရှယ်မီဒီယာမှာ ကျော်ကြားသူ)နဲ့ လက်တွဲဖြုတ်ခဲ့တာ ရက်ပိုင်းအကြာမှာပဲ ယာမားလ်က နောက်ထပ် လှပျိုဖြူလေးတစ်ယောက်နဲ့ ချိတ်ဆက်နေပြီဖြစ်ပါတယ်။...

ချယ်လ်ဆီးအသင်းဖော်တွေကို တစ်ဦးချင်းတောင်းပန်ခဲ့ပြီး ရန်ပုံငွေလှူဒါန်းမယ်လို့ ကတိပြုခဲ့တဲ့ ဖာနန်ဒက်ဇ်

ချယ်လ်ဆီးအသင်းရဲ့အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းကို ဆက်သွယ်ခဲ့ပြီး အသင်းဖော်တွေနဲ့ အတူပူးပေါင်းနေပြီဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၄ကိုပါအမေရိကဗိုလ်လုပွဲအထိ ယှဉ်ပြိုင်ခဲ့တာကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ အခြားချယ်လ်ဆီးကစားသမားတွေထက် နားရက်ပိုရထားပြီး အခု အားလပ်ရက်ကုန်ဆုံးပြီဖြစ်လို့ အသင်းကို ပြန်လည်ဆက်သွယ်ပူးပေါင်းခဲ့တာပါ။ အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းကို...

ဘိုင်ယန်မြူးနစ်ရဲ့တောင်ကိုရီးယားခရီးစဉ်မှာချန်လှပ်ခံရပြီးမန်ယူနိုက်တက်ကို ရောက်ဖို့ ပိုမိုနီးစပ်လာတဲ့ ဒီလစ်

မန်ယူနိုက်တက်အသင်းခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ဟာ တောင်ကိုရီးယားခြေစမ်းခရီးထွက်ခွာမယ့် ဘိုင်ယန်မြူးနစ်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြကွန်ပနီက အာရှကို Audi summer tour ထွက်ခွာမယ့် ဘိုင်ယန်မြူးနစ်လူစာရင်းမှာ ဒီလစ်ကို မထည့်သွင်းဘဲ တမင်ချန်လှပ်ခဲ့တာပါ။ ဒီလိုချန်လှပ်ခဲ့တာက မန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့စီစဉ်နေတဲ့...